ချင်းပြည်နယ်မှာ စစ်ကောင်စီနဲ့ ချင်းလက်နက်ကိုင်တပ်ဖွဲ့တွေကြား တိုက်ပွဲတွေကြောင့် အရပ်သားနဲ့ ချင်းတော်လှန်ရေးတပ်ဖွဲ့ဝင် စုစုပေါင်း တစ်ထောင်နီးပါး သေဆုံးခဲ့ရတယ်လို့ ချင်းရေးရာအဖွဲ့ချုပ် (ICA) က ထုတ်ပြန်ပါတယ်။

စစ်အာဏာသိမ်းပြီး ၄ နှစ်တာကာလ တိုက်ပွဲတွေအတွင်း စစ်ကောင်စီရဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် အရပ်သားတွေနဲ့ ချင်းတော်လှန်ရေးတပ်ဖွဲ့ဝင် တစ်ထောင်နီးပါး သေဆုံးခဲ့ရတယ်လို့ မနေ့က ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။

သေဆုံးခဲ့ရမှု အများဆုံးဟာ လေကြောင်းတိုက်ခိုက်မှုနဲ့ စစ်ကောင်စီရဲ့ လက်နက်ကြီးကြောင့် သေဆုံးခဲ့ရသလို စစ်ကောင်စီရဲ့ လူသားတံတိုင်းပြုလုပ်မှုတွေကြောင့် သေဆုံးခဲ့ရမှုက အများဆုံးဖြစ်ခဲ့ရတယ်လို့ ထုတ်ပြန်ပါတယ်။

(ဓာတ်ပုံ ICA)

စစ်ကောင်စီရဲ့ တိုက်ခိုက်မှုကြောင့် သေဆုံးသူတွေထဲမှာ သာမန်အရပ်သား ၄၉၁ ယောက်၊ တော်လှန်ရေးတပ်ဖွဲ့ဝင် ၄၇၄ ယောက် ပါဝင်တယ်လို့ ဖော်ပြထားပါတယ်။

စစ်အာဏာသိမ်း လေးနှစ်တာကာလအတွင်း ချင်းပြည်နယ်မှာ စစ်ကောင်စီက လေကြောင်းကနေ ၂၄၁ ကြိမ်တိုက်ခိုက်ခဲ့ပြီး ဗုံးအလုံးရေ တစ်ထောင်ကျော် ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ICA ဖော်ပြထားပါတယ်။

ချင်းပြည်နယ်မှာ ရိခေါဒါရ်၊ လိုင်လင်းပီ၊ ရေဇွာ၊ တွန်းဇံနဲ့ ကန်ပက်လက် မြို့တွေအပါအဝင် ချင်းပြည်နယ်ရဲ့ ၆၀ ရာခိုင်နှုန်းကျော်လောက်ကို  ချင်းတော်လှန်ရေးတပ်ဖွဲ့တွေက သိမ်းပိုက်ထိန်းချုပ်ထားပြီး ပြည်နယ် မြို့တော် ဟားခါးကိုသာ စစ်ကောင်စီက ထိန်းချုပ်ထားနိုင်တာ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

စစ်ဆင်ရေးဖော်ဆောင်လျက်ရှိတဲ့ မင်းတပ်နဲ့ ဖလမ်းမှာ Chinland Council တပ်ဖွဲ့တွေ အနှောက်အယှက်မပေးဖို့ ချင်းညီနောင်တို့ တောင်းဆို

ချင်ညီနောင်နဲ့ မဟာမိတ်ပူးပေါင်းတပ်တွေဟာ မင်းတပ်နဲ့ ဖလမ်းတို့မှာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၉ ရက်ကနေ စတင်ပြီး ချင်းညီနောင်စစ်ဆင်ရေး (Operation CB) ကို ချင်းပြည်နယ်အတွင်း စစ်တပ်ကင်းစင်ရေးဖော်ဆောင်ရာမှာ Chinland Council တပ်ဖွဲ့တွေအနေနဲ့ အနှောက်အယှက်မပြုဖို့ကို ချင်းညီနောင်တို့မှ သဘောထားချက် ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။
Read More

အမ်း နပခ ရဲ့ ပကတိမြေပြင်အခြေအနေကို ဖော်ပြကာ အသက်ရှင်ချင်ရင် အလံဖြူထောင်ဖို့ AA သတိပေး

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ) နေရာတစ်ခုမှာ အလံဖြူထောင် လက်နက်ချလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ရုပ်သံမှတ်တမ်းတိုကို မနေ့က ဒီဇင်ဘာ ၁၆ ရက် ညပိုင်းမှာ အာရက္ခတပ်တော် AA က ထုတ်ပြန်လာပါတယ်။
Read More

တောင်ကုတ်မှာ AA ဦးဆောင်သည့် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ မိုင်းအန္တရာယ်ကင်းစင်ရေး လုပ်ငန်းများ လုပ်ဆောင်နေ

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်မှာ မိုင်းအန္တရာယ် ကင်းစင်ရေးလုပ်ငန်းတွေကို ရက္ခိုင့်တပ်တော် AA ဦးဆောင်တဲ့ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက လုပ်ဆောင်နေတယ်လို့ ဒေသတွင်းသတင်းဌာန Arakan Princess Media က သတင်းဖော်ပြထားပါတယ်။
Read More

ဖားဆောင်း အခြေစိုက် ခလရ (၁၃၄) ကို ကရင်နီတပ်ပေါင်းစု သိမ်းပိုက်ထားဟု ဆို

ကရင်နီပြည်နယ်၊ ဖားဆောင်းမြို့အခြေစိုက် ခလရ (၁၃၄) ကို ကရင်နီတပ်ပေါင်းစုက ဇူလိုင်လ အစောပိုင်းက သိမ်းပိုက်ထားနိုင်ပြီဖြစ်တယ်လို့ ရှေ့တန်းစစ်ရေးသတင်းရင်းမြစ်ဆီက သိရပါတယ်။
Read More

ပခုက္ကူမှာ ကင်းပတ်ထွက်လာတဲ့ စစ်ကောင်စီ ရဲတပ်သား ၁ ယောက်ကို လက်နက်တွေနဲ့အတူ ပစ်ခတ်ဖမ်းဆီးရမိ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ် အနောက်ဘုန်းကံပြည်သူ့စစ်ရွာကို တော်လှန်ရေးတပ်ဖွဲ့တွေ အနီးကပ်ချောင်းမြောင်းချိန် ကင်းပတ်ထွက်လာတဲ့ ရဲတပ်သားတစ်ယောက်ကို လက်နက်နဲ့တကွ ပစ်ခတ်ဖမ်းဆီးရမိခဲ့တယ်လို့ ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့  (Thurain-TR) က ထုတ်ပြန်ထားပါတယ်။
Read More

ဖရူဆိုမြို့နယ်တွင် ခမရ ၅၃၁ တပ်ရင်းမှ တပ်သားတစ်ဦး လက်နက်နှင့်အတူ အလင်းဝင်လာ

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်က ရှေ့တန်းတစ်နေရာကို ပို့ဆောင်ခံရတဲ့ ခမရ ၅၃၁ တပ်ရင်းက တပ်သားတစ်ဦးဟာ တော်လှန်ရေးတပ်ဖွဲ့ထံ လက်နက်နဲ့အတူ အလင်းဝင်ရောက်လာတယ်လို့ ကရင်နီတပ်မတော်(KA) တပ်ရင်း ၅ ထံမှ သိရပါတယ်။ “သူက KA တပ်ရင်း ၅ ထဲဝင်လာတာမဟုတ်ဘူးဗျ၊ တပ်ပေါင်းစုဆီကို အလင်းဝင်လာတာဗျ၊ အခြားတပ်ဖွဲ့ဝင်တွေနဲ့အတူ အလင်းဝင်ဖို့လုပ်တာမှာ ကင်းပုန်းဝပ်တဲ့အဖွဲ့နဲ့တိုးပြီး သူတစ်ယောက်ထဲ အလင်းဝင်လာနိုင်တာလို့ ပြောတယ်၊ သူ့တပ်စိတ်မှာ သူက ဒုတပ်စိတ်မှုးလို့လည်း ပြောတယ်” လို့ KA တပ်ရင်း ၅ မှ တာဝန်ရှိသူတစ်ယောက်က မောင်းကို ပြောပါတယ်။