မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဖြစ်တဲ့ မြင်းခြံခရိုင် အမှတ် (၃) တပ်ရင်းရဲ့ လူမှုကွန်ရက် စာမျက်နှာဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၉ ရက်မှာ Facebook က ပိတ်သိမ်းလိုက်တာကြောင့် Page အသစ်ကို ဖွင့်လှစ်လိုက်တယ်လို့ အဆိုပါတပ်ရင်းက မောင်းသတင်းဌာနကို ပြောပါတယ်။
Page အသစ်ကနေ မြင်းခြံခရိုင် အမှတ် ၃ တပ်ရင်းနဲ့ ပတ်သက်ပြီး တစ်စုံတစ်ရာ ဆက်သွယ် စုံစမ်းချင်ရင်လည်း အခု Page မှာ ယုံကြည်စွာ ဆက်သွယ်စုံစမ်းနိုင်သလို တပ်ရင်းရဲ့ လုပ်ငန်းဆောင်တာတွေကိုလည်း အဆိုပါ Facebook စာမျက်နှာကနေ ပြည်သူတွေကို မျှဝေသွားမယ်လို့ ဆိုထားပါတယ်။
ပုံစာ – မြင်းခြံခရိုင် တပ်ရင်း ၃ ရဲဘော်များ
ပြီခဲ့တဲ့ ဇန်နဝါရီလ ၁၁ ရက်မှာလည်း တောင်သာမြို့နယ်က စွပ်ကျယ်စက်ရုံက စစ်ကောင်စီတပ်သားတွေဟာ ဒေသခံပြည်သူ လူငယ်တစ်ယောက်ကို ပေါ်တာဆွဲဖမ်းဆီးသွားတာကို ကြားသိရတာကြောင့် မြင်းခြံခရိုင် အမှတ် (၃) တပ်ရင်းကနေ စစ်ကောင်စီတပ်သားတွေကို လိုက်လံရှာဖွေ တိုက်ခိုက်ခဲ့ပါသေးတယ်။
အဲဒီတိုက်ခိုက်မှုမှာ စစ်ကောင်စီဘက်က လေယာဉ်ပစ်ကူတွေပါ ရှိခဲ့ပေမယ့် ထိခိုက်သေဆုံးမှု ​များပြားခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် စစ်တပ်က ပေါ်တာဆွဲဖမ်းဆီးသွားတဲ့ ပြည်သူ ၁ ယောက် ကိုလည်း မြင်းခြံခရိုင် အမှတ်(၃) တပ်ရင်း အပါအဝင် ပူးပေါင်းတပ်ဖွဲ့တွေက ကယ်ထုတ်ပေးနိုင်ခဲ့ပါသေးတယ်။
ပြည်သူတွေအနေနဲ့ မြင်းခြံခရိုင်အမှတ် (၃) တပ်ရင်းရဲ့ လှုပ်ရှားဆောင်ရွက်မှုတွေကို သိရှိစေဖို့ သူတို့ရဲ့ လူမှုကွန်ရက် Page အသစ်ကို ဖော်ပြပေးလိုက်ပါတယ်။
0 Shares:
You May Also Like
Read More

ကမ္မမြို့ကို စစ်တပ်က အလုံးအရင်းနဲ့ စစ်ကြောင်းဝင်နေလို့ ဒေသခံ သောင်းနဲ့ချီ ထွက်ပြေးနေရ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ကမ္မမြို့မှာ အကြမ်းဖက်စစ်တပ်က အင်အားအလုံးအရင်းနဲ့ ဝင်ရောက်ပြီး စစ်ကြောင်းထိုးနေတဲ့အတွက် ဒေသခံ သောင်းနဲ့ချီထွက်ပြေးတိမ်းရှောင်နေရကြောင်း ကမ္မဒေသ တော်လှန်ရေးတပ်ပေါင်းစု တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

အာဏာသိမ်းစစ်တပ်ကို ပိတ်ဆို့အရေးယူရေး အီးယူနှင့် ILO အဖွဲ့ဝင်နိုင်ငံများထံသို့ ရန်ကုန်သပိတ်အင်အားစုများ အိတ်ဖွင့်ပေးစာပေးပို့

ဒီမိုကရေစီ အခွင့်အရေးနဲ့ လွတ်လပ်ခွင့်တွေကို ပိတ်ပင်တားမြစ်ကာ နိုင်ငံကို  အတင်းအဓမ္မ စစ်ကျွန်ပြုနေတဲ့ အကြမ်းဖက်စစ်တပ်ကို ILO ကနေ ပုဒ်မ ၃၃ နဲ့ အရေးယူပေးဖို့ ရန်ကုန်အခြေစိုက် သပိတ်အင်အားစုတွေက အိတ်ဖွင့်ပေးစာတစ်ရပ် ပေးပို့လိုက်ပါတယ်။
Read More

အရပ်သားအစိုးရ စီစဉ်ပေးခဲ့တဲ့ ကိုဗစ်ချေးငွေ အမြန်ဆုံးပြန်ဆပ်ဖို့ လုပ်ငန်းရှင်တွေကို စစ်ကောင်စီ ဖိအားပေး

အရပ်သား အစိုးရလက်ထက်က လုပ်ငန်းရှင်တွေအတွက် ထုတ်ချေးထားတဲ့ ကိုဗစ်ချေးငွေထဲက ကျန်ငွေ ကျပ် ၈၂ ဘီလီယံကို မဖြစ်မနေ ပြန်လည်ပေးသွင်းရမယ်လို့  စစ်ကောင်စီက ဖိအားပေးပြောကြားလိုက်ပါတယ်။
Read More

စစ်ကိုင်းမှာ ပျူစောထီးအဖွဲ့ဝင်တစ်ယောက်ရှင်းလင်းခံရပြီးနောက် စစ်တပ်က လူငယ် ၄ ယောက်ကို ပေါ်တာဆွဲ ဖမ်းဆီးသွား

စစ်ကိုင်းနဲ့ မန္တလေးက ဓားပြမှုတွေမှာ ပါဝင်ခဲ့တဲ့ ပျူစောထီးအဖွဲ့ဝင် မင်းသူ စားသောက်ဆိုင်အတွင်းပစ်ခတ်ရှင်းလင်းခံရပြီးတဲ့နောက် အရပ်သားလူငယ် ၄ ယောက်ကို စစ်ကောင်စီ ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ရတနာပုံတပ်ဦးအဖွဲ့ တာဝန်ရှိသူ ၁ ယောက်က မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

ထိုင်းနိုင်ငံမှာ စက်ရုံမှ လုပ်ခလစာ မရသည့် မြန်မာလုပ်သား ၁၅ ယောက်ကို လုပ်ခလစာ ရရှိအောင် NUG အလုပ်သမားဝန်ကြီးဌာန ကူညီဆောင်ရွက်ပေးခဲ့..

ထိုင်းနိုင်ငံ၊ စမူဆာခွန်းမြို့နယ်ရှိ စွန့်ပစ်ပစ္စည်းထုတ်လုပ်တဲ့စက်ရုံမှာ လုပ်ခလစာ မရရှိတဲ့ မြန်မာအလုပ်သမား ၁၅ ယောက်ကို လုပ်ခလစာရရှိအောင် ကူညီဆောင်ရွက်ပေးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ၊ အလုပ်သမားဝန်ကြီးဌာနလက်အောက်ရှိ တိုင်ကြားရေးယန္တရားက မနေ့က ထုတ်ပြန်ပါတယ်။
Read More

စစ်အုပ်စု အများအပြား သေဆုံးခဲ့သည့် တိုက်ပွဲအတွင်းမှ ရရှိသော သေနတ် ၁၄ လက်အား တိုက်နယ် ပကဖများနှင့် UG ပကဖများထံ ဂုဏ်ပြုပေးအပ်

ခင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဟာ တိုက်ပွဲအတွင်း သိမ်းဆည်းရရှိခဲ့တဲ့ စစ်လက်နက်တွေထဲက သေနတ် ၁၄ လက်ကို တိုက်နယ် ပကဖတွေနဲ့ UG ပကဖတွေထံ ဂုဏ်ပြုချီးမြှင့် ပေးအပ်ခဲ့ကြောင်း သိရပါတယ်။