အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ တောင်ပိုင်းတိုင်းစစ်ဒေသ၊ ဧရာဝတီတိုင်းစစ်ဌာန၊ AYA PDF အမှတ် (၂၉) ဗျူဟာရဲ့ အပတ်စဉ် (၆) စစ်သင်တန်းအတွက် ရဲဘော်သစ် သင်တန်းသားတွေ ခေါ်ယူနေတယ်လို့ AYA PDF က ထုတ်ပြန်ထားပါတယ်။

AYA PDF အနေနဲ့ စစ်အာဏာရှင်အမြစ်ဖြတ်ချေမှုန်းဖို့ ရည်ရွယ်ပြီး တိုင်းရင်းသားမဟာမိတ်နယ်မြေ အသီးသီးမှာ ကျရာအခန်းကဏ္ဍကနေ ပါဝင်ဆင်နွှဲနေရာက အခုအခါ မဟာမိတ်တွေနဲ့အတူ ခြေသံလုံလုံနဲ့ စစ်ရေးအတွေ့အကြုံတွေ လေ့ကျင့်သင်ယူရင်း ဧရာဝတီတိုင်းအတွင်း ထိုးဖောက်ဝင်ရောက်နေပြီဖြစ်တယ်လို့ ဆိုပါတယ်။

ဧရာဝတီ PDF အမှတ် (၂၉) ဗျူဟာအနေနဲ့ ရဲဘော်သစ် သင်တန်းသားတွေကို စနစ်တကျ စိစစ်လက်ခံနေရာ တပ်ဖွဲ့နဲ့အတူ တိုက်ပွဲဝင်လိုပြီး သတ်မှတ်စည်းမျဥ်းစည်းကမ်းတွေနဲ့ ကိုက်ညီတဲ့ အမျိုးသမီး၊ အမျိုးသားတွေကို လှိုက်လှဲစွာ ကြိုဆိုလက်ခံနေတယ်လို့ သိရပါတယ်။

 အမှတ် (၂၉) ဗျူဟာရဲ့ အပတ်စဥ် ၆ စစ်သင်တန်းအတွက် အမျိုးသမီး  (စစ်မေ) တွေကို အထူးအလေးထားဖိတ်ခေါ်သလို အခြေခံစစ်ပညာသင်တန်း ပြီးဆုံးတဲ့အခါ အရည်အချင်းနဲ့ စိတ်ပါဝင်စားမှု၊ လုပ်နိုင်စွမ်းအပေါ် မူတည်ပြီး ချေမှုန်းရေးအပြင် ဗျူဟာရဲ့ ဆေးဌာန၊ ဆက်သွယ်ရေး၊ စက်ချုပ်ဌာနနဲ့ ရုံးလုပ်ငန်းတွေမှာ တာဝန်များထမ်းဆောင်ဖို့ ကြိုဆိုလက်ခံနေတယ်လို့ AYA PDF က ထုတ်ပြန်ထားပါတယ်။

ရဲဘော်သစ်များ ခေါ်ယူခြင်း ကြေညာစာ
ရဲဘော်သစ်များ ခေါ်ယူခြင်း ကြေညာစာ
0 Shares:
You May Also Like
Read More

ပုလဲနယ်က အကြမ်းဖက်စခန်းတွေကို စက်တင်ဘာလအတွင်း ဗုံးအလုံး ၁၀၀ ကျော် ကြဲချတိုက်ခိုက်မှုကြောင့် စစ်ကောင်စီလက်အောက်ခံ အများအပြားသေ

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းနဲ့ အကြမ်းဖက်ရဲစခန်းတွေကို တော်လှန်ရေးပူးပေါင်းတပ်တွေက တစ်လအတွင်း ဒရုန်နဲ့ ဗုံးသီး အလုံး ၁၀၀ ကျော်နဲ့ ကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
Read More

အမေရိကန်မှာ ပြုလုပ်တဲ့ တော်လှန်ဒေပါဝလီပွဲတော်ကို NUG လူ့အခွင့်အရေးဝန်ကြီး တက်ရောက်

အမေရိကန်ပြည်ထောင်စု၊ တက္ကဆက်ပြည်နယ်၊ အမ်မာရီလိုမြို့မှာ မြန်မာ ဟိဒ္ဒူ အဖွဲ့အစည်းက ကျင်းပတဲ့ တော်လှန်ဒေပါဝလီဆုတောင်းပွဲကို အောက်တိုဘာ ၂၆ ရက်မှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
Read More

စစ်ကောင်စီ နေ့စဉ် လေကြောင်းတိုက်ခိုက်နေရင်း ဟန်ပြအပစ်ရပ်မှုကို ဆက်လက်သက်တမ်းတိုး

ငလျင်ကြောင့် အပစ်ရပ်တယ်လို့ ဟန်ပြပြောဆိုကာ နေ့စဉ် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတဲ့ စစ်ကောင်စီက ယာယီပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကာလကို ဧပြီ ၃၀ ရက်အထိ သက်တမ်းတိုးမြှင့်လိုက်တယ်လို့ ဝါဒဖြန့် ထုတ်ပြန်ပါတယ်။
Read More

အုတ်ဖိုက ဆည်မြောင်းဝန်ထမ်းမရှိတဲ့ ဂမုန်းဆည် မကျိုးဖို့ PDF တွေ တာဝန်ယူဆောင်ရွက်နေရ

အခုရက်ပိုင်းအတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြန်မာနိုင်ငံအနှံ့ ရေကြီး၊ ရေလျှံမှုတွေ ကြုံတွေ့နေရတဲ့အလျောက် ဂမုန်းရေလှောင်တမံဟာလည်း ကန်ရေပြည့်အမှတ်ထိ ရောက်ခဲ့ကာ တမံကျိုးပေါက်နိုင်တဲ့ အခြေအနေနဲ့ ကြုံတွေ့ခဲ့ရတယ်လို့ သိရပါတယ်။
Read More

PDF အမှတ်(၂) စစ်ဆင်ရေးနယ်မြေ၊ အပတ်စဉ် (၂/၂၀၂၅) စစ်မြေပြင်စီမံခန့်ခွဲမှုနှင့် ခေါင်းဆောင်မှု သင်တန်းဆင်းပွဲ (ဓာတ်ပုံသတင်း)

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ အမှတ်(၂) စစ်ဆင်ရေးနယ်မြေ၊ အပတ်စဉ်(၂/၂၀၂၅) စစ်မြေပြင်စီမံခန့်ခွဲမှုနဲ့ ခေါင်းဆောင်မှု သင်တန်းဆင်းပွဲအခမ်းအနားပုံရိပ်တွေကို အမှတ်(၂) စစ်ဆင်ရေးနယ်မြေက ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

စျေးထွက်ဝယ်ရင်း ပစ်ခတ်ခံရပြီး စစ်သား ၃ ဦး သေဆုံး

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်မှာ တပ်စွဲရာနေရာကနေ စျေးထွက်ဝယ်တဲ့ အကြမ်းဖက်စစ်သားတွေကို ပစ်ခတ်တိုက်ခိုက်ရာ စစ်သား ၃ ယောက်သေဆုံးပြီး သေနတ် ၃ လက်နဲ့ ဆက်စပ်ပစ္စည်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ Yephyu People Defense Force က ထုတ်ပြန်ပါတယ်။