မန္တလေးတိုင်း၊ စဉ့်ကူးမြို့ပေါ်က မြို့နယ်ပြည်သူ့ဆေးရုံကို အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ စဉ့်ကူးမြို့နယ်ကို ထိန်းချုပ်စိုးမိုးထားတဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။

အကြမ်းဖက် စစ်ကောင်စီတပ်က ဇန်နဝါရီလ ၃၀ ရက် ညသန်းခေါင်ကျော်အ ချိန်မှာ စဉ့်ကူးမြို့ပေါ်ရှိ မြို့နယ်ပြည်သူ့ဆေးရုံကို လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တာပါ။

စဉ့်ကူးမြို့နဲ့ အနီးဝန်းကျင်ဟာ တိုက်ပွဲနဲ့အလှမ်းကွာတဲ့ နေရာဒေသတစ်ခုဖြစ်ပြီး အကြမ်းဖက် စစ်ကောင်စီအနေနဲ့ အကြောင်းမဲ့သက်သက် အများပြည်သူနဲ့ သက်ဆိုင်တဲ့ မြို့နယ်ပြည်သူ့ဆေးရုံကို လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

အကြမ်းဖက် စစ်ကောင်စီအနေနဲ့ အခုရက်ပိုင်းအတွင်း ပြည်သူ့ဆေးရုံတွေကို ဦးတည်တိုက်ခိုက်နေပြီး ဒါဟာ စစ်တပ်တစ်တပ်အနေနဲ့ ဂုဏ်သိက္ခာအကင်းမဲ့ဆုံး စစ်ရာဇဝတ်မှုတွေကို ပြောင်ပြောင်တင်းတင်း ကျူးလွန်နေတာဖြစ်တယ်လို့ MDY-PDF က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

မင်းတပ်မြို့သိမ်းတိုက်ပွဲကနေ စခန်း စွန့်ခွာထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၂ ယောက်ကို ယောဗျူဟာ ဖမ်းမိ

ချင်းပြည်နယ်အတွင်း ချင်းညီနောင်စစ်ဆင်ရေးအဖြစ် ဖော်ဆောင်ခဲ့တဲ့ မင်းတပ်မြို့သိမ်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ်တပ်ရဲ့ ခလရ ၂၇၄ ကနေ စခန်းစွန့်ခွာထွက်ပြေးတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၂ ယောက်ကို ဖမ်းဆီးရမိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဗျူဟာအမှတ် - ၈၁ (ယောဗျူဟာ) က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

မိုးဗြဲကို သာလွန်အင်အားဖြင့် ပြန်လည်ထိုးစစ်ဆင်သည့် စစ်ကောင်စီ အထိနာနေ

ကရင်နီဒေသက တော်လှန်ရေးအင်အားစုတွေထိန်းချုပ်ထားတဲ့ မိုးဗြဲဒေသကို စစ်ကောင်စီက သာလွန်အင်အားနဲ့ ပြန်လည်ထိုးစစ်ဆင် တိုက်ခိုက်နေတယ်လို့ ကရင်နီ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
Read More

အမ်း-ပဒါန်းလမ်းပိုင်းအတိုင်း ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သား ၁၇ ယောက်ကို CDF -Asho ဖမ်းဆီးရမိ

ရခိုင်ပြည်နယ်နဲ့ မကွေးတိုင်းကို ချိတ်ဆက်ထားတဲ့ အမ်း- ပဒါန်းလမ်းပိုင်းမှာ ၉ ရက်အတွင်း စစ်ကောင်စီတပ်သား ၁၇ ယောက်ကို လက်နက်ခဲယမ်းတွေနဲ့အတူ ဖမ်းဆီးရမိထားတယ်လို့ Chin Defense Force - Asho ရဲ့ သတင်းတာဝန်ခံ ဆလိုင်းရိုးချင်းက မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

ပြည်သူ့တွေ့ဆုံပွဲတွေ ပြုလုပ်နေတဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ၊ ပြည်သူ့ဆက်ဆံရေးနှင့် စည်းရုံးရေးဌာနက ပြုလုပ်ခဲ့တဲ့ ပြည်သူနဲ့ တွေ့ဆုံပွဲ မှတ်တမ်းပုံရိပ်တွေကို အဆိုပါတပ်ဖွဲ့က အောက်တိုဘာလ ၂၂ ရက် ဒီနေ့မှာ ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

ရှမ်းတောင်မှာ PNLA နဲ့ Federal Wings ဒရုန်းတပ်ဖွဲ့ ပူးပေါင်းပြီး စစ်ဆင်ရေး ဖော်ဆောင်နေ (ဓာတ်ပုံသတင်း)

ရှမ်းပြည်နယ်တောင်ပိုင်းမှာ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) နဲ့ Federal Wings ဒရုန်းတပ်ဖွဲ့တို့ ပူးပေါင်းပြီး စစ်ဆင်ရေးတွေ ဖော်ဆောင်နေတယ်လို့ Federal Wings ဒရုန်းတပ်ဖွဲ့က ဓာတ်ပုံတွေနဲ့အတူ ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

တော်လှန်ရေးပူးပေါင်းတပ်များ သိမ်းပိုက်နိုင်ခဲ့သည့် ဗန်းမောက်မြို့မှ စစ်ရှောင်ပြည်သူများကို ဗန်းမောက် ပကဖ ကူညီစောင့်ရှောက်

စစ်ကိုင်းတိုင်းအထက်ပိုင်းရှိ ဗန်းမြောက်မြို့အတွင်း စစ်ပွဲကြောင့် စစ်ရှောင်လာတဲ့ ပြည်သူတွေကို ဗန်းမောက်မြို့နယ် ပကဖ တပ်ဖွဲ့က စက်တင်ဘာလ ၂၅ ရက်မှာ ဆေးကုသပေးပြီး ကူညီစောင့်ရှောက်ထားတယ်လို့ ပကဖ အသံက သတင်းဖော်ပြထားပါတယ်။