ထိုင်းနိုင်ငံ၊ စူရတ်ဌာနီခရိုင်၊ ကော့ဖငန်းကျွန်းက ဘာသာရေးကျောင်းတစ်ခုမှာ ဖွင့်လှစ်ထားတဲ့ မြန်မာရွှေ့ပြောင်းကျောင်းကို ထိုင်းရဲနဲ့ လူဝင်မှုကြီးကြပ်ရေးတပ်ဖွဲ့ဝင်တွေက ဇန်နဝါရီ ၂၉ ရက်မှာ ဝင်စီးခဲ့တယ်လို့ ထိုင်းမီဒီယာ Khaosod က ဖော်ပြလာပါတယ်။

အဲဒီကျောင်းမှာ အသက် ၃နှစ်ကနေ ၁၂ အရွယ်ကြား  မြန်မာကလေး (၁၉၀) ကျော် ပညာသင်ယူနေပြီး ကလေးတွေဟာ ရွှေ့ပြောင်းမြန်မာအလုပ်သမားတွေရဲ့ ကလေးတွေဖြစ်တယ်လို့ သိရပါတယ်။

ထိုင်းရဲတပ်ဖွဲ့ဟာ အဲဒီကျောင်းက မြန်မာကျောင်းဆရာ၊ ဆရာမ (၄) ယောက်ကို ခွင့်ပြုချက်မရှိဘဲ တရားမဝင် ကျောင်းဖွင့်လှစ်မှုနဲ့ စွဲချက်တင် ဖမ်းဆီးထားပြီး အဲဒီထဲက (၂) ယောက်ကို တရားမဝင်အလုပ်လုပ်ကိုင်မှုနဲ့ ထပ်မံတရားစွဲဆိုသွားမယ်လို့ သိရပါတယ်။ 

(ဓာတ်ပုံ Khaosod English)

ဒါ့အပြင် ထိုင်းရဲတပ်ဖွဲ့အနေနဲ့ ကျောင်းမှာ ပညာသင်ကြားနေတဲ့ ကလေးတွေရဲ့ မိဘတွေပါ အထောက်အထား ရှိမရှိ ဆက်လက်စစ်ဆေးသွားမှာ ဖြစ်ပြီး ကျောင်းရဲ့ ပိုင်ရှင်ကိုလည်း စုံစမ်းဖော်ထုတ်သွားမယ်လို့ သိရပါတယ်။ 

ထိုင်းမီဒီယာတွေရဲ့ ဖော်ပြချက်အရ ကလေးမိဘတွေက အလုပ်လုပ်ကိုင်နေချိန်မှာ ကလေးတွေကို ကြည့်ရှုဖို့အတွက် ကျောင်းအပ်ထားကြတာဖြစ်ပြီး ကျောင်းလခအဖြစ်နဲ့ ကလေး တစ်ယောက်ကို ဘတ်ငွေ ၃၀၀ ကနေ ၅၀၀ ကြား ကောက်ခံ သင်ကြားနေတဲ့ ကျောင်းဖြစ်တယ်လို့ သိရပါတယ်။ 

(ဓာတ်ပုံ Khaosod English)

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်တုန်းကလည်း ရွှေ့ပြောင်းမြန်မာ ကလေး ၁၂၀၀ ကျော် ပညာသင်ကြားနေတဲ့ ထိုင်းနိုင်ငံ(တောင်ပိုင်း) စူရတ်ဌာနီခရိုင်ထဲက မေတ္တာရိပ် ရွှေ့ပြောင်းစာသင်ကျောင်းကို မြန်မာနိုင်ငံတော် သီချင်းသီဆိုမှုကြောင့် ထိုင်းအစိုးရကနေ ပိတ်ပစ်ခဲ့တဲ့ ဖြစ်စဉ်တွေလည်း ရှိပါတယ်။ 

အလားတူ စူရက်ဌာနီခရိုင်ထဲက မြန်မာဘာသာနဲ့ သင်ကြားတဲ့ ရွှေ့ပြောင်းကလေးငယ်တွေ အများဆုံးတက်ရောက်နေတဲ့ ကျောင်း ၆ကျောင်းကိုလည်း ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလထဲမှာ ပညာရေးဌာနမှာ မှတ်ပုံတင်ထားခြင်းမရှိဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ ထိုင်းအစိုးက‌ ပိတ်သိမ်းခဲ့ပါသေးတယ်။

(ဓာတ်ပုံ Khaosod English)
0 Shares:
You May Also Like
Read More

မြန်မာပွဲစားအချင်းချင်း မတည့်လို့ တိုင်တန်းမှုကြောင့် ပန်း‌ရောင်ကတ်လုပ်ရန် စောင့်ဆိုင်းနေသည့် မြန်မာ ၁၃၁ ဦး ဖမ်းဆီးခံရ

ထိုင်းနိုင်ငံ၊ စမွတ်ဆာခွတ်ခရိုင်၊ မဟာချိုင်နယ်မြေ လူနေတိုက်တန်းလျားတစ်ခုမှာ ပန်းရောင်ကတ်လုပ်ဖို့ စောင့်ဆိုင်းနေတဲ့ မြန်မာ ၁၃၁ ယောက်ကို တိုင်တန်းမှုတွေကြောင့် ထိုင်းအာဏာပိုင်တွေက မနေ့က အောက်တိုဘာ ၁၆ရက် ညနေပိုင်းမှာ ဝင်ရောက်ဖမ်းဆီးခဲ့ပါတယ်။
Read More

ဗြိတိန်က မြန်မာ့ငလျင်ဘေးကို စတာလင်ပေါင် ၁၅ သန်းအထိ ကူညီထား၊ ထောက်ပံ့မှုများ စစ်ကောင်စီထံမှ စီးဆင်းမည်မဟုတ်ဟု ဆို

ဗြိတိန်က မြန်မာ့ငလျင်ဘေးအတွက် ကူညီလှူဒါန်းထားမှုဟာ စုစုပေါင်း စတာလင်ပေါင် ၁၅ သန်း အထိ ရှိသွားပြီလို့ ထုတ်ပြန်ကြေညာပါတယ်။
Read More

မြန်မာတွင် လူငယ် ၃ ယောက်မှာ ၁ ယောက်နီးပါး စစ်မှုထမ်းခေါ်ယူခံရမှာကို စိုးရိမ်နေဟု ဆို

အာဏာသိမ်းစစ်တပ် လက်အောက်မှာ မြန်မာနိုင်ငံဟာ အဘက်ဘက်က ချွတ်ခြုံကျနေတဲ့အပြင် ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေဟာ နေ့စဥ်နဲ့အမျှ ခြိမ်းခြောက်ခံနေရတာ ဖြစ်ပါတယ်။ ဒီလို ခြိမ်းခြောက်မှုတွေထဲမှာ အကြမ်းဖက်စစ်တပ်ရဲ့ စစ်မှုထမ်းဥပ‌ဒကလည်း ကြီးကြီးမားမား သက်ရောက်မှုရှိနေပါတယ်။
Read More

ဆေးဝါးပစ္စည်းများ သယ်ဆောင်ကာ ဂျပန်စစ်လေယာဉ် မြန်မာပြည်ကို လာရောက်မည်

ဆေးဝါးပစ္စည်းတွေ အစုံအလင်ပါဝင်မယ့် ဂျပန်စစ်တပ်ရဲ့ C-130 ကူညီကယ်ဆယ်ရေး လေယာဉ်ဟာ ငလျင်ဘေးဒဏ်သင့် မြန်မာနိုင်ငံကို လာရောက်မယ်လို့ သိရပါတယ်။ ငလျင်ဘေးသင့် ပြည်သူတွေကို အဓိကကူညီဖို့ ၀န်ထမ်း အယောက် ၂၀ နဲ့ ဆေးဘက်ဆိုင်ရာ ကုန်ပစ္စည်း ၂ ဒသမ ၅ တန်ပါတဲ့ C-130 သယ်ယူပို့ဆောင်ရေးလေယာဉ်ဟာ SDF ( Self-Defense Force)အခြေစိုက်စခန်းကနေ မြန်မာနိုင်ငံကို ထွက်ခွာလာမှာ ဖြစ်ပါတယ်။
Read More

ARSA ခေါင်းဆောင်တစ်ဦးနှင့် နောက်ထပ် သံသယရှိသူ ၉ ဦးကို အကြမ်းဖက်တိုက်ဖျက်ရေးပုဒ်မဖြင့် ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များ ဖမ်းဆီး

အာရကန်ရိုဟင်ဂျာကယ်တင်ရေးတပ် (ARSA) ရဲ့ ထိပ်တန်းခေါင်းဆောင် Ataullah Abu Ammar Jununi နဲ့ အဖွဲ့ဝင်တွေအဖြစ် သံသယရှိသူ နောက်ထပ် ၉ ယောက်ကို ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေက ဖမ်းဆီးခဲ့ကြောင်း မတ်လ ၁၈ ရက်က Dhaka Tribune သတင်းမှာ ဖော်ပြပါတယ်။ 
Read More

မြောက်ဦးဆေးရုံကို စစ်တပ် တိုက်ခိုက်မှုအပေါ် တုန်လှုပ်ခြောက်ခြားမိကြောင်း WHO အကြီးအကဲ ပြော

ရခိုင်ပြည်နယ်၊ မြောက်ဦးဆေးရုံကို ဗုံးကြဲတိုက်ခိုက်မှုဟာ လူသားမျိုးနွယ်အပေါ် တိုက်ခိုက်မှုဖြစ်ပြီး လူပေါင်းများစွာရဲ့ ကျန်းမာရေးစောင့်ရှောက်ခံယူမှုအပေါ် ကြီးကြီးမားမား နှောင့်ယှက်ဖျက်ဆီးလိုက်တာ ဖြစ်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) အကြီးအကဲ တက်ဒရော့စ် (Tedros) က ပြောကြားလိုက်ပါတယ်။