မကွေးတိုင်း၊ စလင်းမြို့နယ်​မြောက်ဘက်အခြမ်းမှာ အကြမ်းဖက်စစ်ကြောင်း ဝင်​ရောက်နေတဲ့အတွက် ရွာပေါင်း ၇ ရွာက ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရကြောင်း စစ်ရေးသတင်းရင်းမြစ်က မောင်းကို ပြောပါတယ်။

ဇန်နဝါရီလ ၂၈ ရက်ကစလို့ စလင်းမြို့ မြောက်ပိုင်း၊ စလင်း-ဆင်ဖြူကျွန်းလမ်းပိုင်းက တောတွင်၊ သာစည်၊ မိုး၀င်းနဲ့ သရက်ချဉ်ကျေးရွာတွေကို အင်အား ၃၀၀ ကျော်ပါတဲ့ စလင်းအခြေစိုက် ခလရ တပ်ရင်းတွေက ဝင်ရောက်စစ်ကြောင်းထိုးနေတာဖြစ်ကြောင်း သိရပါတယ်။

ခလရ – ၂၅၃၊ ၂၅၄ နဲ့ ၂၅၅ တပ်တွေထဲက ထွက်လာတဲ့ စစ်ကောင်စီတပ်သားတွေဟာ စလင်းမြို့နယ်၊ မြင်းခေါင်းကျေးရွာ အရှေ့ဘက်နဲ့ အနောက်ဘက်အခြမ်းတွေမှာ ၈၁မမလက်နက်ကြီးတပ်ဆင်ပြီး အနီးအနားကျေးရွာတွေကို ရမ်းသမ်းပစ်ခတ်တာမျိုးတွေလည်း လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်တွေရဲ့ လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုကြောင့် မိုး၀င်းကျေးရွာထဲက ပြည်သူနေအိမ် ၁ လုံးပေါ် ကျရောက်ပေါက်ကွဲပြီး အရပ်သား ၃ ယောက် ထိခိုက်ကာ ၁ ယောက်သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

“ပြည်သူ ၃ ယောက်ထိတာ ၂ ယောက်က ဆေးရုံမှာရှိတာ မစိုးရိမ်ရဘူး။ ၁၆ နှစ်အရွယ် အမျိုးသမီးကတော့ ဆုံးသွားပါပြီ” လို့ စစ်ရေးသတင်းရင်းမြစ်က မောင်းကိုပြောပါတယ်။

ဇန်နဝါရီလ ၂၉ ရက်၊ မနေ့က မနက်အစောပိုင်းမှာတော့ သရက်ချဥ်ရွာထဲ တပ်စွဲနေတဲ့ စစ်ကောင်စီတပ်တွေက အနီးအနား ကျေးရွာတွေဆီ ဆက်လက် စစ်ကြောင်းဝင်ရောက်လာရာ အသင့်စောင့်ဆိုင်းနေတဲ့ တော်လှန်ရေးတပ်တွေနဲ့ ထိတွေ့တိုက်ပွဲဖြစ်ပြီးအထိနာသွားခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီတိုက်ခိုက်မှုတွေအတွင်း တော်လှန်ရေးတပ်တွေရဲ့ ဒရုန်းတိုက်ခိုက်မှု​တွေပါ ပါဝင်ခဲ့တာကြောင့်စစ်ကောင်စီဘက်က ၅ ယောက်ထက်မနည်း သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူတွေကိုလည်း စလင်းမြို့ဆေးရုံဆီ ပို့ဆောင်ထားတယ်လို့ သိရပါတယ်။

ဒါ့အပြင် အထိနာသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ပြည်သူပိုင် ၁၂ ဘီးတွဲ ကားတွေကို အသုံးပြုရင်းစစ်ဘေးတိမ်းရှောင်နေရတဲ့ အရပ်သားတွေရဲ့နေအိမ်တွေထဲက ပစ္စည်းတွေကို ခိုးယူသယ်ဆောင်တာမျိုးတွေ ရှိခဲ့တယ်လို့လည်း ကိုထူးလေးက ပြောပါတယ်။

“သူတို့(စစ်တပ်)ကို ကြောက်ပြီးပြေးတဲ့အိမ်တွေကနေ ပစ္စည်းတွေသယ်ကြတယ်။ ပြေးနေရတဲ့ရွာ အကုန်လုံးဆို ရွာ ၇ရွာလောက်ရှိမယ်။ သရက်ချဥ်၊ ပုရပိုဒ်တန်း၊ မိုးဝင်း အဲ့ရွာတွေပါမယ်။ ခန့်မှန်း လူ ၉၀၀ လောက် ရှောင်နေရပါတယ်။ စစ်ကြောင်းက အခုထိ သရက်ချဥ်နဲ့ မိုးဝင်းရွာတွေကနေ ပြန်မဆုတ်သေးတော့ ဒေသခံတွေပြေးနေရတာပေါ့” လို့စစ်ရေးသတင်းရင်းမြစ်က  မောင်းကို ပြောပါတယ်။

0 Shares:
You May Also Like
Read More

ချောင်းဦးမြို့နယ်အတွင်း လေကြောင်းရန်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများနှင့် ထောက်ပံ့ကူညီမှုများ ပြုလုပ်

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်အတွင်းရှိ ပြည်သူတွေကို လေကြောင်းအန္တရာယ် အသိပညာပေးခြင်းနဲ့ စစ်ရှောင်စခန်းတွေမှာ နေထိုင်သူတွေအတွက် ထောက်ပံ့ကူညီတာတွေကို စက်တင်ဘာလ ပထမပတ်ထဲမှာ ပြုလုပ်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ကရင်အမျိုးသားအစည်းအရုံး (ဗဟို) မှာ ၇၇ ကြိမ်မြောက် ကရင်အမျိုးသားနေ့ ကျင်းပ

ဒီနေ့မှာ ကျရောက်တဲ့ (၇၇) ကြိမ်မြောက် ကရင်အမျိုးသားနေ့အထိမ်းအမှတ် အခမ်းအနားကို ကရင်အမျိုးသားအစည်အရုံး - KNU ဗဟိုမှာ KNU ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့အတူ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

လောင်းလုံမြို့ရှိ စစ်ကောင်စီရဲ့ စရဖရုံးကို တိုက်ခိုက်ရာ စစ်သား ၂ ဦးသေဆုံး

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ စစ်ဘက်ဆိုင်ရာလုံခြုံရေးတပ်ဖွဲ့ရုံးကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၂ ယောက် သေဆုံးခဲ့တယ်လို့ ထားဝယ်ခရိုင် တပ်ပေါင်းစုက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

အရာတော်မှာ နယ်မြေစိုးမိုးရေး ကင်းလှည့်သည့် စစ်အုပ်စု ခြုံခိုတိုက်ခံရ၊ ၅ ဦးသေပြီး ၃ ဦးဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ အရာတော်မြို့နယ်မှာ နယ်မြေစိုးမိုးရေးအတွက် ကင်းလှည့်လာတဲ့ ပျူစောထီးနဲ့ စစ်သားတွေ တိုက်ခိုက်ခံရပြီး ၅ ယောက် သေဆုံးကာ ၃ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ မုံရွာခရိုင် တပ်ရင်း အမှတ်-၁၉၊  ရောင်နီဦးတပ်ရင်း တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

စစ်အုပ်စု၏ စစ်ကိုင်းတပ်မ ၃၃ မှ တပ်သားတစ်ဦး လက်နက်မဲ့ အလင်းဝင်

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ပေါ်ရှိ အကြမ်းဖက်စစ်အုပ်စုရဲ့ တပ်မ ၃၃ က တပ်သားတစ်ယောက် လက်နက်မဲ့ အလင်းဝင်လာတယ်လို့ ယူနီကွန်းပျောက်ကြားတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ် စစ်ကောင်စီကာကင်းစခန်းတွေကို PDF ဗျူဟာ ၃ ခုနှင့် မဟာမိတ်တွေ ဝင်ရောက်စီးနင်းချေမှုန်း၊ စစ်ကောင်စီဘက်က ရဲမှူးအပါ ၁၀ ယောက် သေဆုံး

ပဲခူးတိုင်း၊ ကျောက်ကြီး၊ ကျောက်တံခါး၊ ဖြူးနဲ့ညောင်လေးပင်မြို့နယ်တွေက စစ်ကောင်စီကာကင်းစခန်းတွေ တစ်ပြိုင်နက်တည်းဝင်ရောက် တိုက်ခိုက်ခံရပြီး စစ်အုပ်စု ထိခိုက်သေဆုံးမှုတွေ များခဲ့သလို လက်နက်ခဲယမ်းတွေကိုလည်း တော်လှန်ရေးတပ်တွေ သိမ်းဆည်းရရှိခဲ့ပါတယ်။