ကရင်နီပြည်၊ မိုးဗြဲမြို့အခြေစိုက် ခမရ (၄၂၂) တပ်ရင်းမှာ တာဝန်ကျနေတဲ့ စစ်ကောင်စီတပ်သား ၄ ယောက်ဟာ အလင်းဝင်ဖို့ ချိတ်ဆက်လာတာကြောင့် တော်လှန်ရေးတပ်ဖွဲ့ ၂ ဖွဲ့ အတူ ပူးပေါင်းပြီး သွားရောက်ကယ်ထုတ်ခဲ့တယ်လို့ ရှမ်းပြည်တောင်ပိုင်း ဒေသခံတော်လှန်ရေးတပ်ပေါင်းစု – SSLRU က ထုတ်ပြန်ထားပါတယ်။

လက်နက်မဲ့ အလင်းဝင်ရောက်ဖို့ ချိတ်ဆက်လာတဲ့ စစ်ကောင်စီတပ်သား (၄) ယောက်ကို ဇန်နဝါရီ ၂၉ ရက် ဒီနေ့ မနက်အစောပိုင်းမှာ SSRY (Southern Shan Revolution Youth) နဲ့ ရှမ်းပြည် (တောင်ပိုင်း) ဒေသခံတော်လှန်ရေးတပ်ပေါင်းစု (SSLRU) တို့က သွားရောက်ကယ်ထုတ်ခဲ့တယ်လို့ ဆိုပါတယ်။

(ဓာတ်ပုံ Wa Toke)

အဆိုပါ အလင်းဝင်ရောက်လာသူ ၄ ယောက်ဟာ စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေ ထုတ်ပြန်ပြီးနောက် မတရားလူသစ်စုဆောင်းခံခဲ့ရသူတွေ ဖြစ်ပြီး စိတ်ဆန္ဒမပါဘဲ တာဝန်ထမ်းဆောင်နေရတဲ့အတွက် ဇန်နဝါရီလ (၂၅) ရက်မှာ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေဆီ စတင်ချိတ်ဆက်ခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီနောက် SSRY နဲ့ SSLRU ပူးပေါင်းအဖွဲ့က ဇန်နဝါရီလ (၂၆) ရက်မှာ အလင်းဝင်စစ်သားတွေကို ကယ်ထုတ်ဖို့ စစ်ဆင်ရေး စတင်ခဲ့ပြီး ဇန်နဝါရီလ (၂၉) ရက်မှာ အလင်းဝင်စစ်သားတွေကို အောင်မြင်စွာ ကယ်ထုတ်လာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ သူတို့ကို လုံခြုံတဲ့နေရာမှာ ထားရှိကာ နွေးထွေးစွာကြိုဆိုခဲ့ပြီး သူတို့ ဆန္ဒအတိုင်း လွတ်လပ်စွာ ရွေးချယ်ခွင့်ပေးသွားမယ်လို့ SSLRU က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

စစ်ကောင်စီနှင့် ပေါင်းပြီး ပြည်သူ့နေအိမ်များကို ဖျက်ကာ တန်ဖိုးရှိပစ္စည်းများ ယူနေသည့် ပျူ ၂ ဦးကို ပစ်ခတ်ရှင်းလင်း

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ ရွေးကုန်းအုပ်စု၊ ဘန့်ဘွေးကုန်းကျေးရွာက စစ်တပ် သတင်းပေး ပျူစောထီးတွေဖြစ်တဲ့ မြဇော်ဦးနဲ့ ဒေါ်ယူပီကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ ကနေ သတင်းထုတ်ပြန်ထားပါတယ်။
Read More

တစ်လကျော်အတွင်း စစ်ကိုင်းတိုင်းတွင် စစ်တပ်ကြောင့် အနည်းဆုံး ပြည်သူ ၃၉ ဦး သေဆုံးခဲ့ကြောင်း AAPP ထုတ်ပြန်

စစ်ကိုင်းတိုင်းအတွင်း အောက်တိုဘာလအစကနေ ဒီနေ့အထိ အကြမ်းဖက်စစ်အုပ်စုကြောင့် အသက် ၁၈ နှစ်အောက် ကလေး ၁၁ ယောက် အပါအဝင် ပြည်သူ ၃၉ ယောက် သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ပါတယ်။
Read More

နိုင်ငံကူးလက်မှတ်ပြုလုပ်ရာမှာ လိုအပ်တဲ့ UID ကတ် အတုပြုလုပ်သူ ၂၃ ယောက်ကို စစ်ကောင်စီက ဖမ်းဆီးထားဟုဆို

နိုင်ငံကူးလက်မှတ် (Passport) ပြုလုပ်ရာမှာ လိုအပ်တဲ့  UID (Unique ID) ကတ် အတုပြုလုပ်သူ ၂၃ ယောက်ကို ဖမ်းဆီးအမှုဖွင့် တရားစွဲဆိုထားတယ်လို့ စစ်ကောင်စီဝါဒဖြန့် မီဒီယာတွေမှာ ဖော်ပြလာပါတယ်။
Read More

ကောလင်းမြို့နယ်တွင် စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ် ၁ ဦးအပါ ပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ် ၁ ယောက်အပါအဝင် အရပ်သားပြည်သူ ၄ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ Kaw Lin People Defense Force (KLPDF) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ကောလင်းခရိုင်တပ်ရင်း ၂ ဆီ လက်နက်နဲ့ အလင်းဝင်လာသူတွေကို ကျပ်သိန်း ၃၀ စီ ဆုချီးမြှင့်

စစ်ကိုင်းတိုင်း၊ ကောလင်းခရိုင်၊ ကောလင်းမြို့တွင်းက အကြမ်းဖက်စစ်ကောင်စီတပ်တွေကနေ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ကောလင်းခရိုင် တပ်ရင်း ၂ ထံ လက်နက်နဲ့ အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သားတွေကို ကျပ်သိန်း ၃၀ စီ ဆုချီးမြှင့်ခဲ့တယ်လို့ သိရပါတယ်။
Read More

မိုးဗြဲမြို့မှာ ၄ ရက်ဆက် တိုက်ပွဲပြင်းထန်နေ၊ စစ်ကောင်စီတပ်က လေကြောင်းပါ အသုံးပြုတိုက်ခိုက်နေ

ရှမ်း-ကရင်နီနယ်စပ် မိုးဗြဲမြို့မှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တို့ ဇန်နဝါရီ ၁၉ ရက်ကစလို့ ဒီနေ့အထိ ၄ ရက်ဆက် တိုက်ပွဲပြင်းထန်နေတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ဗျူဟာအမှတ်-၂ က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။