စစ်မှုထမ်းစုဆောင်းခံရပြီး ကရင်နီပြည်၊ ဘောလခဲတပ်ရင်းမှာ တာဝန်ကျနေတဲ့ စစ်ကောင်စီတပ်သား ၄ယောက် လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်ရောက်လာကြောင်း Loikaw Local PDF တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

ဇန်နဝါရီလ ၂၉ ရက်နေ့က ကရင်နီပြည်၊ ဘောလခဲ အခြေစိုက်  ခမရ ၄၂၉ တပ်ရင်းမှာ တာဝန်ကျနေတဲ့ စစ်ကောင်စီတပ်သား ၄ ယောက်ဟာ လွိုင်ကော်မြို့နယ် ဒေသခံပြည်သူကာကွယ်ရေးတပ်ဆီထွက်ပြေး ခိုလှုံလာခဲ့တာဖြစ်ပြီး သူတို့နဲ့အတူ လက်နက် ၃လက်၊  ခဲယမ်း၊ ကျည်ဘောက်တွေနဲ့ မိုင်းတွေပါ ယူဆောင်လာခဲ့တယ်လို့ သိရပါတယ်။

အလင်းဝင်ရောက်လာသူတွေဟာ စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေ ထုတ်ပြန်ပြီး မကြာခင်မှာပဲ ရှောင်တခင် ဖမ်းဆီးခံခဲ့ကြရသလို စစ်မှုထမ်း အပတ်စဥ် (၃) နဲ့ (၄) မှာ သင်တန်းတက်ရောက်ကာ စစ်သားဖြစ်လာခဲ့ကြတာလို့လည်း သိရပါတယ်။

ဒါ့အပြင် ဘောလခဲတပ်ရင်းအတွင်း တာဝန်ထမ်းဆောင်နေသူ တော်တော်များများကလည်း စစ်ကောင်စီတပ်သားအဖြစ် ဆက်လက်တာဝန်ထမ်းဆောင်လိုတဲ့ စိတ်ဆန္ဒမျိုးတွေ မရှိကြတော့ဘူးလို့ အလင်းဝင်ရောက်လာသူတွေက ပြောပါတယ်။

“သူတို့တွေက ပြည်သူ့စစ်မှုထမ်းလည်း ဖြစ်တယ်။ ပဲခူးတိုင်းက များတယ်ပေါ့နော်။ စစ်မှုထမ်း အပတ်စဥ် (၃) က ၃ယောက်ရယ် ၊ (၄) က ၁ယောက်ရယ်ပါ။ အဲ့ဒါ ခမရ ၄၂၉ မှာ တာဝန်ကျရင်း လွိုင်ကော်မှာသောင်တင်နေတာ.. အလင်းလည်းဝင်ချင်တော့ ကျနော်တို့ကို ဆက်သွယ်တယ်ပေါ့။ ကျနော်တို့တောင်းဆိုသလိုလည်း လုပ်နိုင်ခဲ့တယ်။ ကျနော်တို့က Local ဆိုတော့ သူတို့အတွက် ဆုချီးမြှင့်တာမျိုးမလုပ်နိုင်ပေမယ့် ပြည်သူ့ရင်ခွင်နဲ့ ချိတ်ဆက်ပေးမယ်။ လုံခြုံနွေးထွေးစွာ ထားမယ်။ သူတို့စိတ်သ​ဘောထားအတိုင်း လုံလုံခြုံခြုံ နွေးနွေးထွေးထွေး ထားပေးသွားမယ်။ သူတို့နဲ့တော့ စကားပြောရပါဦးမယ်။” လို့ Loikaw Local PDF တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

လက်ရှိ ၂၀၂၅ ခုနှစ်အတွင်းမှာ Loikaw Local PDF ထံ အလင်းဝင်ခိုလှုံလာတဲ့ စစ်ကောင်စီဘက်တော်သား ၆ ယောက်အထိရှိနေပြီ ဖြစ်တယ်လို့ သိရပါတယ်။

နောက်ထပ်အလင်းဝင်ရောက်လာမယ့် ပြည်သူစစ်မှုထမ်း၊ အရာရှိစစ်သည်၊  ရဲဘော်တွေနဲ့ Non CDM ဝန်ထမ်းတွေကိုလည်း လှိုက်လှိုက်လှဲလှဲ ကြိုဆိုသွားမယ့်အကြောင်းနဲ့  လုံခြုံစိတ်ချမှုရှိစွာ ကာယကံရှင် စိတ်ဆန္ဒသဘောထားအတိုင်း အလေးထား ကာကွယ်စောက်ရှောက်သွားမယ်လို့ Loikaw Local PDF က ထုတ်ပြန်ထားပါသေးတယ်။

Loikaw Local PDF ထံ အလင်းဝင်ရောက်လာသူများကို တာဝန်ရှိသူများနှင့်အတူ တွေ့ရစဉ် (ဓာတ်ပုံ Loikaw Local PDF)

0 Shares:
You May Also Like
Read More

စစ်ကိုင်းနဲ့ မကွေးကနေ ဖမ်းဆီးခံရပြီး မိုးဗြဲမှာ စစ်မှုထမ်းနေရသူ ၂ ဦး PDF ထံ ထွက်ပြေးခိုလှုံံ

အကြမ်းဖက်စစ်ကောင်စီရဲ့ တပ်သားသစ်အဖြစ်စုဆောင်းခံရပြီး မိုးဗြဲ ခမရ ၄၂၂တပ်ရင်းမှာတာဝန်ကျနေသူ ၂ ယောက် လက်နက်ကိုယ်စီယူဆောင်ရင်း အလင်းဝင်ရောက်လာကြောင်း ကြိုးကြာနီ ပြည်သူ့ကာကွယ်ရေးတပ်၊ မကွေး အရှေ့ခြမ်းအဖွဲ့ထံက သိရပါတယ်။
Read More

သီပေါမှာ စစ်ကောင်စီထောင်ခဲ့တဲ့ မြေမြှုပ်မိုင်းကြောင့် ပြည်သူတစ်ဦး ဒဏ်ရာရ

TNLA ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့မှာ စစ်ကောင်စီထောင်ထားခဲ့တဲ့ မြေမြှုပ်မိုင်း နင်းမိတာကြောင့် ပြည်သူတစ်ယောက် ခြေထောက်တစ်ဖက် ပြတ်ထွက်ဒဏ်ရာရရှိခဲ့ကြောင်း တအာင်းတပ်မတော် TNLA က ထုတ်ပြန်ပါတယ်။ 
Read More

PLA ၊ ABSDF နဲ့ BPLA တို့ ပူးပေါင်းပြီး ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်နေ (ဓာတ်ပုံသတင်း)

လွတ်မြောက်ဒေသတစ်နေရာက စာသင်ကျောင်းတစ်ကျောင်းမှာ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA)၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားဒီမိုကရက်တစ်တပ်ဦး (ABSDF) နဲ့ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) တို့ ပူးပေါင်းပြီး ဒီဇင်ဘာ ၂၈ ရက်မှာ စာသင်ကျောင်းသန့်ရှင်းရေး လုပ်အားပေး ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။
Read More

ပင်လည်ဘူးမြို့ကို PDF ပူးပေါင်းတပ်တွေ ဒုတိယအကြိမ် တိုက်ခိုက်သိမ်းပိုက်

စစ်ကိုင်းတိုင်းအထက်ပိုင်းက ပင်လည်ဘူးမြို့ကို PDF ပူးပေါင်းတပ်တွေက ဒုတိယအကြိမ်အဖြစ် တိုက်ခိုက်သိမ်းပိုက်လိုက်တယ်လို့ တော်လှန်ရေးရှေ့တန်းသတင်းရင်းမြစ်ဆီက သိရပါတယ်။
Read More

PDF တွေကို လူမူကွန်ရက်စာမျက်နှာပေါ်ကနေ ခြိမ်းခြောက်နေတဲ့ သွေးသောက်အဖွဲ့ခေါင်းဆောင် မင်းမင်းဆိုသူ ပစ်ခတ်ရှင်းလင်းခံရ…

PDF တပ်ဖွဲ့ဝင်တွေကို လူမှုကွန်ရက်စာမျက်နှာကတစ်ဆင့် Live လွှင့်ပြီး ခြိမ်းခြောက်တက်တဲ့ သွေးသောက် ( ပြည်သူ့စစ်) အဖွဲ့ခေါင်းဆောင် မင်းမင်း ဆိုသူ ပစ်ခတ်ရှင်းလင်းခံရကာ သေဆုံးသွားတယ်လို့ သိရပါတယ်။
Read More

လားရှိုးက နည်းပညာအထက်တန်းကျောင်းကို စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်

ရှမ်းပြည်နယ်မြောက်ပိုင်းက ကိုးကန့်တပ်မတော် MNDAA သိမ်းပိုက်ထားတဲ့ လားရှိုးမြို့က နည်းပညာအထက်တန်းကျောင်းကို စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ လားရှိုးမြို့ ပြန်လည်ထူထောင်ရေးက ထုတ်ပြန်ထားပါတယ်။