စစ်ကိုင်းနဲ့ ကချင် အစပ်မှာ KIA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေဟာ အင်းတော်မြို့ကို မြို့သိမ်းတိုက်ပွဲ ပြန်လည်ဆင်နွှဲနေပြီး တိုက်ပွဲတွေပြင်းထန်လျက်ရှိတယ်လို့ ကချင်စစ်ရေး သတင်းရင်းမြစ်တွေက ပြောပါတယ်။

မနေ့က ဇန်နဝါရီလ ၂၇ ရက် မနက်အစောပိုင်းကစလို့ တော်လှန်ရေးပူးပေါင်းတပ်ဘက်က အင်းတော်မြို့မှာ ကျန်နေတဲ့ စစ်ကောင်စီတပ်တွေကို တိုက်ခိုက်နေတာ ဖြစ်ပါတယ်။

၂၀၂၄ ခုနှစ်မှာ မြို့သိမ်းတိုက်ပွဲအဖြစ် ဆင်နွှဲခဲ့ဖူးတဲ့ အင်းတော်မြို့ကို အခု ၂၀၂၅ နှစ်ဆန်းပိုင်းမှာ မြို့သိမ်းတိုက်ပွဲအဖြစ် ပြန်လည်ဆင်နွှဲလာနိုင်ခြင်းဖြစ်ပြီး မြို့ကို သိမ်းပိုက်ရရှိဖို့ အခြေအနေကောင်းနေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ဆိုပါတယ်။

လက်ရှိမှာ KIA နဲ့ ပူးပေါင်းတပ်တွေက ဗန်းမော်မြို့သိမ်းတိုက်ပွဲကို ဆင်နွှဲနေချိနိ တပြိုင်တည်းမှာပဲ အင်းတော်မြို့ကို သိမ်းပိုက်ထိန်းချုပ်နိုင်ဖို့ ထိုးစစ်ဆင်လာတာ ဖြစ်ပါတယ်။

အင်းတော်မြို့သိမ်းတိုက်ပွဲကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)တွေ၊ စစ်ကိုင်းတိုင်း ပကဖတွေ၊ ကျောင်းသားတပ် ABSDF အပါအဝင် တော်လှန်ရေးတပ်ဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်နေတာလည်း ဖြစ်ပါတယ်။ 

အင်းတော်မြို့ဟာ မြစ်ကြီးနား-မန္တလေးလမ်းပေါ်မှာ တည်ရှိတာကြောင့် ပထဝီအနေအထားအရ အချက်အချာကျပြီး ကချင်ပြည်နယ်က လွတ်မြောက်မြို့တွေနဲ့ စစ်ကိုင်းက တော်လှန်ရေးတပ်ဖွဲ့တွေအကြား လမ်းကြောင်းချိတ်ဆက်သွားနိုင်မှာ ဖြစ်တယ်လို့ စစ်ရေးအကဲခတ်တွေက သုံးသပ်ထားပါတယ်။

အင်းတော်ကို KIA အနေနဲ့ ထိန်းချုပ်ရရှိရင် ကချင်ပြည်နယ် ထွက်ပေါက်တစ်ခုအဖြစ် အသုံးပြုနိုင်မှာ  ဖြစ်သလို စစ်ကောင်စီရဲ့ လမ်းကြောင်းတွေကိုပါ ဖြတ်တောက်ပိတ်ဆို့သွားနိုင်မှာ ဖြစ်ပါတယ်။

လက်ရှိမှာ အင်းတော်မြို့ကို သိမ်းပိုက်နိုင်ရေးအတွက် စစ်ကောင်စီတပ်ရဲ့ နောက်ဆုံးလက်ကျန် တပ်စွဲရာနေရာဖြစ်တဲ့ မြို့ထဲက ဂျပန်လှိုဏ်ဂူကုန်းကို တော်လှန်ရေးတပ်တွေက ထိုးစစ်ဆင် တိုက်ခိုက်နေပြီး တိုက်ပွဲတွေပြင်းထန်နေပါတယ်။  

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဩဂုတ်လတုန်းက KIA နဲ့ တော်လှန်ရေးတပ်တွေက အင်းတော်၊ ပင်လည်ဘူးနဲ့  ထီးချိုင့်မြို့တို့ကို တပြိုင်နက်တည်း မြို့သိမ်းတိုက်ပွဲတွေ ဆင်နွှဲခဲ့ရာ ပင်လည်ဘူးမြို့ တစ်ခုတည်းကိုသာ သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

ဂွမြို့ရဲ့ မြို့စောင့်တပ်ရင်း ၂ ခုထဲက ခမရ ၅၆၃ တပ်ရင်းကို AA သိမ်းပိုက်၊ ခမရ ၅၆၂ တပ်ရင်းကိုလည်း အပြင်းအထန် ထိုးစစ်ဆင်နေ

ရခိုင်ပြည်နယ်၊ ဂွမြို့အခြေစိုက် မြို့စောင့်တပ်ရင်း ၂ ခုထဲ တစ်ခုဖြစ်တဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ ခမရ ၅၆၃ တပ်ရင်းကို ရက္ခိုင့်တပ်တော် AA က သိမ်းပိုက်လိုက်ပြီး ကျန်ရှိနေတဲ့ ခမရ ၅၆၂ တပ်ရင်းကို အပြင်းအထန် ထိုးစစ်ဆင်နေတယ်လို့ ရခိုင်ရှေ့တန်းသတင်းရင်းမြစ်ဆီက သိရပါတယ်။
Read More

မိုးဗြဲမြို့မှာ မတ်လ ပထမလဝက်အတွင်း စစ်ကောင်စီရဲ့ လက်နက်ကြီးနဲ့ ဒရုန်းပစ်ခတ်မှုကြောင့် ပြည်သူနေအိမ် (၁၅) လုံးနှင့်အထက် ထိခိုက်ပျက်စီး 

၂၀၂၅ ခုနှစ် မတ်လ (၁) ရက်နေ့မှ (၁၅) ရက်နေ့အတွင်း စစ်ကောင်စီရဲ့ လက်နက်ကြီးနဲ့ ဒရုန်းပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် ပြည်သူနေအိမ် (၁၅) လုံးနဲ့အထက် ထိခိုက်ပျက်စီးခဲ့ရတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်- KNDF၊ ဗဟိုသတင်းနှင့်ပြန်ကြားရေးဌာန က မတ်လ ၁၆ ရက် ဒီနေ့မှာ ထုတ်ပြန်ပါတယ်။ 
Read More

အုတ်ဖိုမှာ တော်လှန်ရဲဘော် ၁ ဦးရဲ့ အဖေကို စစ်ကောင်စီ သတ်ဖြတ်သွား

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ ဂွေချောင်းရွာက ပြည်သူ ၄ ယောက်ကို စစ်ကောင်စီတပ်တွေက အကြောင်းမဲ့ ဖမ်းဆီးခေါ်ဆောင်သွားပြီး အဲဒီထဲက ဦးသိန်းသန်းဌေး (၄၁) နှစ် ဆိုသူကို ရိုက်နှက်ကာ သတ်ဖြတ်သွားခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

PDF စစ်ဆင်ရေးနယ်မြေ (၂) က အခြေခံစစ်သင်တန်း အပတ်စဉ်  (၁/၂၀၂၅)  သင်တန်းဆင်းပွဲ (ဓာတ်ပုံသတင်း)

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ စစ်ဆင်ရေးနယ်မြေ (၂) မှာ အခြေခံစစ်သင်တန်း အပတ်စဉ်  (၁/၂၀၂၅)  သင်တန်းဆင်းပွဲ ပြုလုပ်ခဲ့တယ်လို့ PDF စစ်ရုံးချုပ်က ဒီနေ့ ညပိုင်းမှာ မှတ်တမ်းဓာတ်ပုံတွေနဲ့အတူ ထုတ်ပြန်ပါတယ်။
Read More

တောင်ရင်းရွာဘက် စစ်ကြောင်းထိုးရင်း အထိနာခဲ့တဲ့ အကြမ်းဖက်စစ်တပ် လေကြောင်းတိုက်ခိုက်ကာ ထပ်မံစစ်ကြောင်းထိုးနေ

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်ထဲက တောင်ရင်းရွာ၊ ရွာသစ်ကျေးရွာတွေကို စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားခဲ့ပြီး တိုက်ပွဲအတွင်း အကြမ်းဖက်စစ်သား အလောင်း၂လောင်းနဲ့ အရှင် ၁ ယောက် ဖမ်းဆီးရမိထားကြောင်း တော်လှန်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။
Read More

ဘိုကလေးမြို့နယ်အတွင်း ခိုးဆိုးလုနှိုက်တွေနဲ့ ထောင်ထွက်တွေကို အကြမ်းဖက်စစ်တပ်က စစ်သင်တန်းနဲ့ လက်နက်ငယ်သင်တန်း ပို့ချနေ

ဧရာဝတီတိုင်း၊ ဘိုကလေးမြို့နယ်ထဲက ခိုးဆိုးလုနှိုက် လုပ်နေသူတွေနဲ့ ရာဇဝတ်မှုတွေကြောင့် ထောင်ကျထားပြီး ထောင်ကပြန်လွှတ်ပေးလိုက်တဲ့သူတွေကို အကြမ်းဖက်စစ်တပ်က စစ်သင်တန်းနဲ့ လက်နက်ငယ် ပစ်ခတ်မှုသင်တန်းတွေ ပေးနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။