စစ်ကောင်စီဟာ ဧရာဝတီတိုင်းနဲ့ ရခိုင်အစပ်ကို စစ်တပ်ရိက္ခာပို့ဆောင်ဖို့ ကုန်ကားငှါးရမ်းခဆိုပြီး ဧရာဝတီတိုင်း ကျုံပျော်မြို့နေ ပြည်သူတွေထံက ငွေကြေးကောက်ခံနေတယ်လို့ သိရပါတယ်။

ဖေဖော်ဝါရီလ ပထမအပတ်မှာ ကျုံပျော်မြို့အခြေစိုက် ခလရ ၃၆ စစ်တပ်ကနေ ရခိုင်-ဧရာဝတီ နယ်စပ်က အကြမ်းဖက်စစ်တပ်စခန်းတွေဆီ ရိက္ခာပို့ဆောင်ဖို့ ရှိတယ်လို့ သိရပါတယ်။ အဲ့လို ရိက္ခာပို့ဖို့ အသုံးပြုစရာ အရပ်သားကား လုံလောက်မှု မရှိတာကြောင့် မော်တော်ယာဉ်ပိုင်ဆိုင်သူတွေဆီကနေ ပိုက်ဆံကောက်ခံနေတာလို့ သိရပါတယ်။

“အပြင်က ဖောကားတွေ မရလို့ဆိုပြီး ခလရ ၃၆ တပ်ရင်းက ဗိုလ်ကြီး စိုးထက်အောင်က သူ့ရဲ့ ဖောကားနဲ့ ပို့မယ်ဆိုပြီး ၆ရက်စာကို ၁၈ သိန်း ပေးရတယ်။ ကုန်တင်ကားရှိတဲ့ အိမ်တွေကို ပိုက်ဆံလိုက်ကောက်တယ်။ ၁စီးကို ၅သောင်းပေးရတယ်။ ၂စီးရှိရင် ၁သိန်းပေးရတယ်” လို့ ကျုံပျော်မြို့နေ ယာဉ်ပိုင်ရှင်တစ်ယောက်က မောင်းကို ပြောပါတယ်။

“သူတို့ကိုယ်တိုင် ကောက်ခံတာတော့မဟုတ်ဘူး။ မော်တော်ယာဥ်အသင်းကို ကောက်ခိုင်းတာ။ အရပ်ကားတွေက မလိုက်ရဲတော့ သူ့နည်းသူ့ဟန်နဲ့ ဗိုလ်ကြီးစိုးထက်အောင်က မော်တော်ယာဥ်ဥက္ကဌကို ခေါ်ခိုင်းပြီး ကားပိုင်ရှင်တွေခေါ်ပြီး တောင်းယူတာ” လို့ အထက်ပါ ယာဉ်ပိုင်ရှင်က ဆက်ပြောပါတယ်

အကြမ်းဖက်စစ်ကောင်စီ မော်တော်ယာဉ်တွေဟာ အခုနောက်ပိုင်း ကြားဖြတ်တိုက်ခိုကိခံရတာတွေ များလာတာကြောင့် ရိက္ခာပို့ဆောင်ရေးအတွက် အရပ်သားပြည်သူပိုင်ကားတွေကို ပိုမိုချောဆွဲအသုံးပြုလာတာ ဖြစ်ပါတယ်။

ဒါ့အပြင် ရခိုင်နယ်စပ်က အကြမ်းဖက် စစ်တပ်စခန်းတချို့ကို ပုသိမ် နတခ တိုင်းစစ်ဌာနချုပ်ကနေ စစ်ကူရိက္ခာ ထောက်ပံ့ပေးနေတာ မဟုတ်ဘဲ ကျုံပျော်အခြေစိုက် ခလရ ၃၆ ကနေ လူသစ်ပို့ပေးတာ၊ ရိက္ခာပို့ပေးတာနဲ့ စက်တပ်လေထီး သွားရောက်ဗုံးကြဲမှုတွေကို လုပ်ဆောင်နေတယ်လို့ ခလရ ၃၆ နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

0 Shares:
You May Also Like
Read More

AA ရဲ့ ထိုးစစ်တွေကြားက ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်တွေ ငဖဲမှာ ပိတ်ဆို့တိိုက်ခိုက်ခံရ၊ ဗိုလ်ကြီး ၂ ဦးနှင့် အရာခံဗိုလ်အပါ ၁၀ ဦးထက်မနည်းသေဆုံးကာ ဗိုလ်ကြီး ၂ဦးအပါ ၁၂ ဦးကို အရှင်ဖမ်းမိ

ရခိုင်-မကွေး နယ်စပ်မျဥ်းတစ်လျှောက် ထိတွေ့တိုက်ပွဲတွေကနေ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်တွေကို ပိတ်ဆို့တိုက်ခိုက်မှုမှာ ခမရ ၁၁၃ ဗိုလ်ကြီး ၂ယောက် အပါအဝင် ၁၂ယောက်ကို အရှင်ဖမ်းဆီးရမိခဲ့ပြီး ဗိုလ်ကြီး ၂ယောက်နဲ့ အရာခံဗိုလ် အပါအဝင် သေဆုံးသူ ၁၀ယောက်ထက်မနည်း ရှိခဲ့တယ်လို့ လူထုတော်လှန်ရေး မဟာမိတ်အင်အားစု (PRA-Magway) က ထုတ်ပြန်ပါတယ်။
Read More

ငလျင်ဘေးဒဏ်ခံစားနေရသည့် ပြည်သူများကို ကူညီကယ်ဆယ်ထောက်ပံ့ရေးနှင့် ပြန်လည်ထူ‌ထောင်ရေးလုပ်ငန်းများ ပကဖ ဆောင်ရွက်နေ

အမျိုးသားညီညွှတ်ရေးအစိုးရ၊ ကာကွယ်ရေး၀န်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ ပြည်သူ့ကာကွယ်ရေး(ပ.က.ဖ) အဖွဲ့တွေဟာ ငလျင်ဘေးဒဏ်သင့် ပြည်သူတွေကို ကူညီကယ်ဆယ်ထောက်ပံ့ရေး နဲ့ ပြန်လည်ထူ‌ထောင်ရေးလုပ်ငန်းတွေကို ဆောင်ရွက်နေတယ်လို့ ပကဖ အသံက သတင်းဖော်ပြထားပါတယ်။
Read More

ချင်းညီနောင်စစ်ဆင်ရေး တစ်နှစ်တာအတွင်း အောင်မြင်မှုတွေနဲ့အတူ တပ်ဖွဲ့ဝင်ရဲဘော် ၁၀၀ ခန့် ကျဆုံးခဲ့

၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၉ ရက်နေ့ကနေ စတင်ခဲ့တဲ့ ချင်းညီနောင်ရဲ့ မြို့သိမ်းတိုက်ပွဲတွေမှာ တပ်ဖွဲ့ဝင် ရဲဘော် အယောက် ၁၀၀ ခန့် ကျဆုံးခဲ့ရတယ်လို့ ချင်းညီနောင်အဖွဲ့ စစ်ရေးဥက္ကဋ္ဌ ထန်ချွန်းဖေက ဒီဇင်ဘာလ ၃၀ ရက်နေ့မှာ ပြောဆိုသွားပါတယ်။
Read More

မင်းအောင်လှိုင် ဦးဆောင်သည့် ဟန်ပြရွေးကောက်ပွဲနှင့် စစ်ကော်မရှင်ကို အမြစ်ဖြတ် နှိမ်နင်းရမည်ဟု KNPP ထုတ်ပြန်

အာဏာသိမ်းစစ်တပ်က နိုင်ငံရေးလှည့်စားမှုအဖြစ် ကျင်းပဖို့ စီစဥ်နေတဲ့ အတုအယောင် ဟန်ပြရွေးကောက်ပွဲကို ကန့်ကွက်တားဆီးကာ စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်နေတဲ့ စစ်ကော်မရှင်ကို အမြစ်ဖြတ် ဖြိုခွဲနှိမ်နင်းသွားမယ်လို့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) က ဒီနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
Read More

၁၀၂၇ စစ်ဆင်ရေး နှစ်ပတ်လည်နေ့မှာ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်က စစ်ဆင်ရေးအတွင်း ပါဝင်တိုက်ခိုက်ခဲ့တဲ့ မှတ်တမ်းတွေကို ထုတ်ပြန်လာ

မြန်မာနိုင်ငံမှာ လက်နက််ကိုင်တော်လှန်ရေးနဲ့ စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးတို့မှာ သမိုင်းသစ်ရေးထိုးနိုင်ခဲ့ပြီး စစ်အုပ်စုကို အထိနာစေခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေး တစ်နှစ်တင်းတင်းပြည့်ခဲ့တဲ့ အောက်တိုဘာ ၂၇ ရက် မနေ့က ညပိုင်းမှာ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် - People’s Liberation Army - PLA က စစ်ဆင်ရေးအတွင်း ပါဝင်တိုက်ခိုက်ခဲ့တဲ့ မှတ်တမ်းတွေကို သတင်းထုတ်ပြန်ထားပါတယ်။
Read More

ကန်ပက်လက် မြို့သိမ်းတိုက်ပွဲ စပြီလို့ ချင်းညီနောင် ကြေညာ

ချင်းပြည်နယ်က စစ်ကောင်စီထိန်းချုပ်ထားတဲ့ ကန်ပက်လက်မြို့ကို မြို့သိမ်းတိုက်ပွဲအဖြစ် စတင်တိုက်ခိုက်နေပြီလို့ ဒီနေ့ ဒီဇင်ဘာ ၂၂ ရက်မှာ ချင်းညီနောင်တပ်ဖွဲ့က ထုတ်ပြန်ကြေညာပါတယ်။