ကချင်ပြည်နယ်၊ ဗန်းမော်မြို့သိမ်းစစ်ဆင်ရေးအတွင်း ဗန်းမော်လေယာဉ်ကွင်းတစ်ခုလုံးကို ကချင်လွတ်လပ်ရေးတပ်မတော် – KIA ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေ အပြီးသတ် တိုက်ခိုက်သိမ်းပိုက်လိုက်ပြီဖြစ်တယ်လို့ ရှေ့တန်းသတင်းရင်းမြစ်ဆီက သိရပါတယ်။

ဇန်နဝါရီ ၂၆ ရက် မနေ့က မနက်ပိုင်းကစလို့ KIA ဦးဆောင်တဲ့တပ်တွေဟာ အမှတ်(၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၂၁) အနီးရှိ ဗန်းမော်လေဆိပ်အတွင်း ထိုးဖောက်ဝင်ရောက်ခဲ့ပြီး ညနေပိုင်းမှာတော့ ဗန်းမော်လေယာဉ်ကွင်းနဲ့ လေဆိပ်တစ်ခုလုံးကို အပြီးသတ်တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ဗန်းမော်လေဆိပ်(ပုံဟောင်း) နဲ့ လေဆိပ်ကို သိမ်းပိုက်ပြီးနောက် တွေ့ရတဲ့ KIA ပူးပေါင်းတပ်က ရဲဘော်အချို့ (ဓာတ်ပုံ လူမှုကွန်ရက်)

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဆီက လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရမိခဲ့ပေမယ့် အတိအကျကိုတော့ စာရင်းပြုစုနေဆဲဖြစ်ပြီး လက်ရှိမှာ ဗန်းမော်လေဆိပ်ကို ထိန်းချုပ်ထားကာ နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေတယ်လို့ ရှေ့တန်းသတင်းရင်းမြစ်က ပြောပါတယ်။

ဇန်နဝါရီ ၂၄ ရက်ကလည်း KIA ဦးဆောင်တဲ့ တပ်တွေက ဗန်းမော်မြို့ရှိ စစ်ကောင်စီရဲ့ (၇၀၀၆)သံချပ်ကာ တပ်ရင်းကို အပြီးသတ်သိမ်းပိုက်ရာ သံချပ်ကာယာဉ် ၈ စီးကို သိမ်းပိုက်ရရှိထားပါသေးတယ်။

ဗန်းမော်လေဆိပ်(ပုံဟောင်း) နဲ့ လေဆိပ်ကို သိမ်းပိုက်ပြီးနောက် တွေ့ရတဲ့ KIA ပူးပေါင်းတပ်က ရဲဘော် (ဓာတ်ပုံ လူမှုကွန်ရက်)
0 Shares:
You May Also Like
Read More

ရေဖြူစစ်ဗျူဟာ လုံခြုံရေးတပ်စုမှ စစ်မှုထမ်းဆင်းစစ်သား (၂) ဦး တနင်္သာရီတိုင်းစစ်ဌာနဆီ လက်နက်နှင့်အတူ အလင်းဝင်ရောက်လာ

တနင်္သာရီမြို့နယ်၊ ရေဖြူစစ်ဗျူဟာလုံခြုံရေးတပ်စုက စစ်မှုထမ်းသင်တန်းဆင်း စစ်ကောင်စီစစ်သား(၂) ယောက် ဇူလိုင်လ ၈ ရက်က လက်နက်နဲ့အတူ အလင်းဝင်ရောက်လာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တနင်္သာရီတိုင်းစစ်ဌာနက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ပေါ်တာဆွဲ စစ်အုပ်စုကို မိုင်းခွဲတိုက်ခိုက်၊ အမျိုးသမီးတစ်ဦး ရိုက်နှက်ဖမ်းဆီး ခေါ်ဆောင်ခံရ

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်အတွင်း ပြည်သူတွေကို ပေါ်တာဆွဲဖို့လာတဲ့ စစ်ကောင်စီတပ်သားတွေကို မိုင်းဖောက်ခွဲ တိုက်ခိုက်ခဲ့တယ်လို့ စလင်းမြို့ပြ ((UG) ကျားပေါက်တပ်ဖွဲ့ထံက သိရပါတယ်။
Read More

တပ်ပျက် စစ်ကြောင်း ကျန်ရစ်ခဲ့သည့် အလောင်းများကို စစ်တပ် လာမကောက်သဖြင့် တော်လှန်ရေးတပ်ဖွဲ့များ ရှာဖွေသင်္ဂြိုဟ်ပေးရ

စစ်ကိုင်းတိုင်း၊ ခင်ဦးနဲ့ ရွှေဘိုမြို့နယ်အစပ်က အကြမ်းဖက်စစ်တပ် စစ်ကြောင်းလိုက်ပြုတ်ခဲ့တဲ့ တိုက်ပွဲမှာ ရုပ်ပျက်ဆင်းပျက်သေဆုံးခဲ့တဲ့ စစ်သားအလောင်းတွေကို စစ်တပ်က လာမကောက်တာကြောင့် တော်လှန်ရေးတပ်တွေကပဲ သင်္ဂြိုဟ်ပေးခဲ့ရကြောင်း ခင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

ကျောင်းသားလူငယ်များနှင့် စတင်ဖွဲ့စည်းခဲ့သည့် စစ်ကိုင်း PDF ၄ နှစ် ပြည့်

စစ်အာဏာသိမ်းမှု စတင်ခဲ့တဲ့ ၂၀၂၁ ခုနှစ်မှာပဲ တက်ကြွလှုပ်ရှားသူတွေ၊ ကျောင်းသားလူငယ်တွေနဲ့ စတင်ဖွဲ့စည်းခဲ့တဲ့ စစ်ကိုင်းပြည်သူ့ကာကွယ်ရေးတပ်မတော် (Sagaing PDF) ဟာ အခုဆိုရင် ၄ နှစ် ပြည့်မြောက်ခဲ့ပြီဖြစ်ပါတယ်။
Read More

တပ်ပျက်ပြီး ဆုတ်ပြေးသွားသည့် စစ်ကော်မရှင်စစ်ကြောင်းမှ ကျန်ရစ်ခဲ့သည့် သေဆုံးစစ်သားအလောင်းများအား တော်လှန်ရေးတပ်များက ခက်ခက်ခဲခဲ မီးရှို့ သဂြိုလ်ပေးခဲ့

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်မှာ တပ်ပျက်ပြီး ဆုတ်ခွာထွက်ပြေးသွားရတဲ့ အကြမ်းဖက် စစ်ကော်မရှင်စစ်ကြောင်းက ကျန်ရစ်ခဲ့တဲ့ သေဆုံးစစ်သားအလောင်းတွေကို လိုက်လံကောက်ယူ မီးရှို့ရှင်းလင်းခဲ့ကြောင်း ခင်ဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၃ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ထိတွေ့တိုက်ပွဲအတွင်း စွန့်ပစ်ခံထားရတဲ့ စစ်အုပ်စုဝင်အလောင်းတွေကို ခင်ဦးပကဖ နဲ့ တော်လှန်ရေးအင်အားစုတွေက နိုဝင်ဘာလ ၂၈ရက် မနေ့တစ်နေ့လုံး နယ်မြေရှင်းလင်းရေး လုပ်ဆောင်ရင်းနဲ့ မီးရှို့သဂြိုလ်ပေးခဲ့ရတာဖြစ်တယ်လို့ သိရတာပါ။
Read More

တော်လှန်ရေးတပ်ဖွဲ့ အမည်ခံ ခြိမ်းခြောက်ငွေညှစ်သူ စစ်ဆေးနေစဥ် ထွက်ပြေးသဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့ရ 

ကျွန်းစုမြို့နယ်အတွင်း တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ နာမည်သုံးပြီး ကျေးရွာတွေမှာ လိမ်လည်ငွေညှစ် အလှူခံနေသူ ၁ယောက်ကို ဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးနေစဥ် ထွက်ပြေးတာကြောင့် ပစ်ခတ်ဖမ်းဆီးလိုက်ရကြောင်း ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ထုတ်ပြန်ပါတယ်။