မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်က ဝဲလောင်တိုက်နယ်ရဲစခန်းကို ဝင်ရောက်စီးနင်းတိုက်ခိုက်ရာ စစ်ကောင်စီတပ်က ရဲ ၃ ယောက် သေဆုံးခဲ့တယ်လို့ တောင်သာ ပကဖ (TTA – PDF) က ဒီနေ့ ထုတ်ပြန်ပါတယ်။

စစ်ကောင်စီလက်အောက်ခံ စစ်တပ်၊ ပျူစောထီးနဲ့ ရဲ စုစုပေါင်စ အင်အား ၆၀ ခန့် အထိုင်ချထားတဲ့ ဝဲလောင်တိုက်နယ်ရဲစခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေက ဇန်နဝါရီ ၂၁ ရက်မှာ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

(ဓာတ်ပုံ TTA PDF)

ဝဲလောင်စခန်းအနီးဝန်းကျင်အထိ ဝန်းရံပိတ်ဆို့တိုက်ခိုက်နိုင်ခဲ့ပေမယ့် ဆက်သွယ်ရေးတူးမြောင်းတွေ၊ ဘန်ကာကတုတ်တွေနဲ့ အခိုင်အမာ ခံစစ်ပြင်ထားခြင်း၊ ဂျက်ဖိုက်တာ ၊ Mi 35 ရဟတ်ယာဥ်တွေနဲ့ပါ လေကြောင်း ပစ်ကူပေးခြင်းတို့ကြောင့် စခန်းမသိမ်းနိုင်ခဲ့ဘဲ ပြန်လည် ဆုတ်ခွာခဲ့ရတယ်လို့ သိရပါတယ်။

အဲဒီတိုက်ပွဲအတွင်း စစ်ကောင်စီတပ်က ရဲ ၃ ယောက် သေဆုံးခဲ့ပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ TTA PDF က ထုတ်ပြန်ထားပါတယ်။

အဲဒီတိုက်ခိုက်မှုကို တောင်သာ ပကဖ နဲ့ မြင်းခြံခရိုင် အမှတ် ၃ တပ်ရင်း ဦးဆောင်မှုနဲ့အတူ မိတ္ထီလာ ပကဖ၊ နေပြည်တော် ၈၀၁ တပ်ရင်း၊ မိုးမခ ပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

သရက်ချောင်းတွင် အကြမ်းဖက်စစ်သားက ၇၅ နှစ်အရွယ် အဘွားအိုကို အဓမ္မပြုကျင့်၊ ရုပ်ပိုင်းစိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများ အဘွားအို ရင်ဆိုင်နေရ

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်မှာ အသက် ၇၅ နှစ်အရွယ် အဘွားအို ၁ယောက်ကို အကြမ်းဖက်စစ်သားက အဓမ္မကျင့် စော်ကားခဲ့တဲ့အတွက် အဘွားအိုဟာ စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ ရင်ဆိုင်နေရတယ်လို့ ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက မောင်းကို ပြောပါတယ်။
Read More

ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့ (ဒိုင်ရ်) ဖွဲ့စည်းတည်ထောင်ခြင်း (၄) နှစ်ပြည့် အခမ်းအနား (ဓာတ်ပုံသတင်း)

ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့ (ဒိုင်ရ်) ဖွဲ့စည်းတည်ထောင်ခြင်း (၄)  နှစ်ပြည့် အထိမ်းအမှတ် လှုပ်ရှားမှု အခမ်းအနားတွေကို CDF - Daai ရဲ့ ဗဟိုဌာနချုပ်နဲ့ တပ်ရင်းအခြေစိုက်ရာ တပ်စခန်းအသီးသီးမှာ စက်တင်ဘာလ ၂၁ ရက် မနေ့က ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

အမျိုးသားအားကစားပွဲတော်ဟာ နိုင်ငံရဲ့ တည်ငြိမ်အေးချမ်းမှု နိမိတ်ပုံရိပ်ကို ပြသတယ်လို့ စစ်ခေါင်းဆောင် ညွှန်းဆို

တိုင်းပြည်မငြိမ်မသက်ဖြစ်နေချိန်မှာ အမျိုးသားအားကစားပွဲတော် ပြုလုပ်ပြီး နိုင်ငံဟာ တည်ငြိမ်အေးချမ်းမှုရဲ့ နိမိတ်ရှိနေတယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။
Read More

ဂန့်ဂေါမှာ စစ်ကောင်စီ စစ်ကြောင်းထိုးပြီး ကလေးငယ် ၄ဦး အပါအဝင် ၁၁ ဦးကို သတ်ခဲ့

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ လယ်မရွာကို စစ်ကောင်စီတပ်သားတွေက ဝင်ရောက်စီးနင်းပြီး ကလေးငယ် ၄ ယောက် အပါအဝင် ၁၁ ယောက်ကို သတ်ဖြတ်ခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

ဖားကန့်ဗျူဟာကုန်းမှ လက်နက်ကြီးပစ်ခတ်လို့ အမေဖြစ်သူ သေဆုံးပြီး သားနှင့်သမီး အရေးပေါ်လူနာဖြစ်နေ၊ အိမ်နီးချင်းအမျိုးသား ၂ ဦးလည်း ထိခိုက်ဒဏ်ရာရ

ကချင်ပြည်နယ်၊ ဖားကန့်ဗျူဟာကုန်းကနေ စစ်ကောင်စီ လက်နက်ကြီး ပစ်ခတ်ခဲ့တဲ့အတွက် ပြည်သူ ၁ယောက် သေဆုံးဟာ ၄ ယောက် ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
Read More

စက်တပ်လေထီးများဖြင့် တိုက်ခိုက်မှုပြည်သူလူထု သတိပြုဖို့ အသိပညာပေး (ဓာတ်ပုံသတင်း)

စစ်ကောင်စီ အဓိက အသုံးပြုတိုက်ခိုက်လာတဲ့ Paramotor (စက်တပ်လေထီး) နဲ့ ပတ်သက်ပြီး အသိပညာပေး လက်ကမ်းစာစောင်တွေကို အညာပစ်တိုင်းထောင်လေးများအဖွဲ့က ဆားလင်းကြီးမြို့နယ်အတွင်း ဖြန့်ဝေပေးခဲ့တယ်လို့ သိရပါတယ်။