စစ်ကောင်စီရဲ့ ရိက္ခာ၊ လက်နက်ခဲယမ်း တင်ဆောင်လာတဲ့ ယာဉ်တန်းနဲ့ လမ်းကင်းယူပေးတဲ့ အကြမ်းဖက် စစ်သားတွေကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ)က ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၂ရက် မနက်ပိုင်းက တနင်္သာရီမြို့နယ် လမ်းပိုင်းတစ်နေရာမှာ တော်လှန်ရေးတပ်ဖွဲ့တွေက စစ်ကောင်စီယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

တိုက်ခိုက်ခံရတဲ့ စစ်ကောင်စီယာဉ်တန်းဟာ တနင်္သာရီတိုင်း၊ မြိတ်မြို့ကနေ ရိက္ခာနဲ့ လက်နက်ခဲယမ်းတင်ဆောင်လာတဲ့ ယာဉ်တန်းဖြစ်ပြီး ထိခိုက်သေဆုံးမှု အခြေအနေတွေကိုတော့ အတည်ပြုနေဆဲဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ပွင့်ဖြူမြို့နယ်အတွင်း တိုက်ခိုက်ခံရပြီး သေဆုံးသွားတဲ့ စစ်သားအလောင်းတွေကို လာရောက်တဲ့ အကြမ်းဖက်စစ်တပ်စစ်ကြောင်း မိုင်းဆွဲခံရ (ရုပ်/သံ)

မကွေးတိုင်း ပွင့်ဖြူမြို့နယ်အတွင်း စစ်သားအလောင်းလာကောက်တဲ့ အကြမ်းဖက်စစ်တပ်စစ် ကြောင်း မိုင်းဆွဲခံရပြီး ၅ ယောက်သေကာ သေနတ် ၁ လက်သိမ်းဆည်းရရှိခဲ့တယ်လို့ မင်းဘူးခရိုင် အမှတ် -၇ တပ်ရင်းထံက သိရပါတယ်။
Read More

BGF နှင့် စစ်တပ် ရွှေကုက္ကိုလ်တွင် ကျားဖြန့်များကို ခွင့်ပြုထားပြီးမှ ဖိအားများကြောင့် ပြန်လည်စီးနင်း၊ နိုင်ငံခြားသား ၃၄၆ ဦး ဖမ်းမိ (ရုပ်/သံ)

ကရင်ပြည်နယ် မြဝတီမြို့နယ် ရွှေကုက္ကိုလ်မှာ စစ်တပ်နဲ့ လက်အောက်ခံ နယ်ခြားစောင့်တပ် BGF တို့ ပူးပေါင်းပြီး ကျားဖြန့်လုပ်ကိုင်သူတွေကို ဝင်ရောက်ဖမ်းဆီးရာမှာ နိုင်ငံခြားသား ၃၄၆ ယောက်ကို ဖမ်းမိခဲ့တယ်လို့ ထိုင်းသတင်းဌာနတွေမှာ ဖော်ပြထားပါတယ်။ အမေရိကန်က မြန်မာအပါအဝင် အရှေ့တောင်အာရှက ကျားဖြန့်တွေကို နှိမ်နင်းဖို့ အထူးအဖွဲ့ ဖွဲ့စည်းကြောင်း ကြေညာခဲ့သလို တရုတ်ရဲ့ မဲခေါင်မြစ်ဝှမ်း နိုင်ငံ ၆ခုပါ ကျားဖြန့်နှိမ်နင်းရေး ဖွဲ့စည်းမှုအပြီး အာဏာသိမ်းစစ်တပ်နဲ့ BGF တို့က အခုလို စီးနင်းမှုတွေ လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။
Read More

စလင်းက ကျေးရွာများကို စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ် ပိတ်ဆို့တိုက်ခိုက်ခံရ (ရုပ်/သံ)

စလင်းမြို့အနီးက ကျေးရွာတွေကို စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ အင်အား၁၀၀ ကျော်ပါ စစ်ကောင်စီ စစ်ကြောင်းကို စလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (စလင်း-ပကဖ) က ပိတ်ဆို့ခုခံတိုက်ခိုက်ခဲ့တယ်လို့ အသိပေးထုတ်ပြန်ပါတယ်။
Read More

ရေတာရှည်မှာ စက်သေနတ်တင် သံချပ်ကာယာဉ်နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်တပ်ကို တော်လှန်ရေးပူးပေါင်းတပ်တွေ ခုခံတိုက်ခိုက် (ရုပ်/သံ)

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ် စစ်တောင်မြစ်အနောက်ဘက်ကမ်း ကျွန်းတောကုန်းကျေးရွာကနေ နှောပင် ကျေးရွာကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်ကို တော်လှန်ရေးတပ်တွေ ခုခံတိုက်ခိုက်ခဲ့တယ်လို့ ရေတာရှည်မြို့နယ် အခြေစိုက် တပ်ရင်း ၃၅၀၁၊ တပ်ခွဲ ၄  ထံက သိရပါတယ်။ 
Read More

မင်းကင်းမြို့နယ် လောင်းပြည့်ကျေးရွာအနီးရှိ ရွှေမျောလုပ်ကွက်ကို စစ်တပ် လေကြောင်း ဗုံးကြဲတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ လောင်းပြည့်ကျေးရွာအနီးရှိ ရွှေမျောလုပ်ကွက်ကို အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

လုံခြုံရေး အထူးတင်းကျပ်ထားသည့် ရန်ကုန်မြို့လယ်တွင် NO VOTE လှုပ်ရှားမှုပြုလုပ် (ရုပ်/သံ)

ရန်ကုန်မြို့လယ်ရှိ အထင်ကရလမ်းတစ်ခုဖြစ်တဲ့ ယောမင်းကြီးလမ်းမှာ ရေဘဝဲ (ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း) က "NO VOTE" စာတန်းကိုင်ဆောင်ပြီး အတုအယောင် ရွေးကောက်ပွဲ မဲမပေးရေးနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။