မြင်းခြံမြို့နယ် မြောက်ခြမ်းက ဆင်းဂွတ်ကျေးရွာစာသင်ကျောင်းကို စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ်တွေ အပါအဝင် အယောက် ၂၀ ဝန်းကျင် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဒီနေ့ (ဇန်နဝါရီ ၂၆ ရက်) မနက် ၇ နာရီ ၅၀ မိနစ်မှာ စစ်ကောင်စီက လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး သေဆုံးသူတွေထဲမှာ ကလေးငယ် ၂ ယောက်နဲ့ အမျိုးသမီး ၂ ယောက် ပါဝင်တယ်လို့လည်း ကနဦး သတင်းတွေအရ သိရပါတယ်။

အဆိုပါနေရာမှာ အခုရက်ပိုင်းအတွင်း တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက အရပ်သားနေရာတွေကို ပစ်မှတ်ထား ဦးတည်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

စစ်ကောင်စီက ဆင်းဂွတ်ကျေးရွာ စာသင်ကျောင်းကို ဂျက်တိုက်လေယာဉ်နဲ့ ပေါက်ကွဲအားပြင်းတဲ့ ဗုံး ၂လုံး ကြဲချခဲ့တဲ့အပြင် MI-35 ရဟတ်ယာဉ်ပေါ်ကနေလည်း စက်သေနတ်နဲ့ ပစ်ခတ်မှုတွေ လုပ်ဆောင်ခဲ့သေးတယ်လို့ သိရပါတယ်။

စစ်ကောင်စီဟာ အခုရက်ပိုင်းအတွင်း အရပ်သားပစ်မှတ်တွေဖြစ်တဲ့ စာသင်ကျောင်းတွေ၊ ဆေးရုံတွေကို ဦးစားပေးပစ်မှတ်ထားကာ တိုက်ခိုက်မှုတွေ ရှိနေတာကြောင့် ဒီလုပ်ရပ်တွေအပေါ် NUG အပါအဝင် တော်လှန်ရေးအင်အားစုတွေက အပြင်းအထန် ကန့်ကွက်ရှုတ်ချထားပါတယ်။

0 Shares:
You May Also Like
Read More

ရွှေပြည်သာမြို့နယ်ရှိ ခလရ ၆ တပ်ရင်းကို ဖောက်ခွဲတိုက်ခိုက်

ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်အခြေစိုက် အကြမ်းဖက်စစ်ကောင်စီရဲ့ ခလရ ၆ တပ်ရင်းစခန်းကို ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံက သိရပါတယ်။
Read More

မိုင်းငေါ့မြို့မှာ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ပေါင် (၃၀၀) ဗုံး လာရောက်ကြဲချမှုကြောင့် ဒေသခံ (၅) ယောက် ထိခိုက်ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုင်းငေါ့မြို့၊ မန်လုံရပ်ကွက်မှာ အကြမ်းဖက်စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ပေါင် (၃၀၀) ဗုံး (၂)လုံး လာရောက်ကြဲချတိုက်ခိုက်မှုကြောင့် ဒေသခံ (၅) ယေက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

ကျောက်ဖြူစီမံကိန်းအနာဂတ် အာရက္ခတပ်တော် AA ၏ လက်ထဲတွင် ရှိနေပြီဟု ဆို

ကျောက်ဖြူစီမံကိန်းရဲ့ အနာဂတ်ဟာ အာရက္ခတပ်တော် AA ရဲ့ လက်ထဲမှာ ရှိနေပြီလို့ ရခိုင် ရေနံစောင့်ကြည့်ရေးအဖွဲ့ (Arakan Oil Watch) ရဲ့ အစီရင်ခံစာမှာ ဖော်ပြလာပါတယ်။
Read More

တိတ်ရှိန်ရွှေဆိုင် ဓားပြတိုက်မှုမှာ ပါဝင်သူတွေကို ဖမ်းမိထားပြီဟု ဆို

အာဏာသိမ်းစစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲကို မဟာဗျူဟာ ၅ ရပ်နဲ့ တိုက်ဖျက်ဆောင်ရွက်သွားမယ်လို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။
Read More

မြစ်ရေညစ်ညမ်းမှုများရှိနေပေမယ့် ဝတပ်က တရုတ်တွေကို ရွှေတူးခွင့်တွေ ဆက်တိုးချဲ့ပေးနေ

ရွှေတူးဖော်မှုကြောင့် ကော့မြစ် (နမ့်ခုတ်မြစ်) ရေ ညစ်ညမ်းမှုတွေ ရှိနေပေမယ့် ဝတပ်က တရုတ်တွေကို ရွှေတူးခွင့်တွေ ဆက်လက်တိုးချဲ့ ချထားပေးနေကြောင်း၊ ပိုင်ခမ်းရွာအနီးမှာ နေရာသစ်တွေရှာဖို့ ဒေသခံတွေကို ငှားရမ်းနေကြောင်း ရှမ်းပြည်နယ်၊ ကော့မြစ် (နမ့်ခုတ်မြစ်)အနီးက ဒေသခံကို ကိုးကားပြီး CTN သတင်းက ဖော်ပြပါတယ်။
Read More

စလင်းမှာ ကပစ ၂၅ နဲ့ ကပစ ၂၁ ကို သွယ်တန်းထားတဲ့ မီးလိုင်းတွေ လာပြင်တဲ့ စစ်ကောင်စီစစ်ကြောင်းကို တိုက်ခိုက်ရာ ၁၈ ယောက် သေပြီး ၁၂ ယောက် ပြင်းထန်ဒဏ်ရာရ

မကွေးတိုင်း၊ စလင်းမြို့နယ်မှာ ကပစ ၂၅ နဲ့ ကပစ ၂၁ ကို သွယ်တန်းထားတဲ့ မီးလိုင်းတွေ ပြင်ဆင်ဖို့ လာတဲ့ အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၁၈ ယောက်သေပြီး ၁၂ ယောက် ပြင်းထန်ဒဏ်ရာရခဲ့တယ်လို့ ပကဖ အသံက သတင်းဖော်ပြထားပါတယ်။