မနေ့က ဇန်နဝါရီလ ၂၅ ရက်နေ့ မနက်ပိုင်းလောက်မှာ ကြေးနီတွေ သယ်ဆောင်လာတဲ့ ယာဉ်တန်းနဲ့အတူ လုံခြုံရေး လိုက်ပါလာတဲ့ စစ်ကောင်စီယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ လျှပ်စီးတပ်ခွဲက မောင်းကို အတည်ပြုပြောဆိုပါတယ်။

မုံရွာမြို့ကနေ စတင်ထွက်လာတဲ့ သတင်းရရှိပြီးတဲ့ နောက် တော်လှန်ရေးတပ်ဖွဲ့တွေဟာ အသင့် ပြင်ဆင်ထားတဲ့ မိုင်းတွေနဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီ တပ်သားတွေ လိုက်ပါလာတဲ့ ကား ၄ စီးဟာ မိုင်းဆွဲတိုက်ခိုက်ခံရချိန်မှာ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

(ဓာတ်ပုံ လျှပ်စီးတပ်ခွဲ)

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီရဲ့ကားတစ်စီး မိုင်းထိ ရပ်တန့်သွားပြီး ကားပေါ်ပါသူတချို့ ထိခိုက်သေဆုံးနိုင်ပေမယ့် အတိအကျကို ဆက်လက်စုံစမ်းအတည်ပြုနေဆဲ ဖြစ်ပါတယ်။

ဒီတိုက်ခိုက်မှုကို လျှပ်စီးတပ်ခွဲနဲ့အတူ Nway Oo Brothers စစ်ကြောင်း၊ Eleven People Defense Force၊ ဗိုလ်နိုင် လေပွေ မုန်တိုင်း ပြည်သူ့ကာကွယ် ရေးအဖွဲ့ (မုံရွာခရိုင်တပ်ရင်း ၁၅၊ တပ်ခွဲ -၃) ၊ Royal Tiger Force (ဆားလင်းကြီး) တို့ အတူတကွ ပူးပေါင်းဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

မုံရွာ-မန္တလေး လမ်းပိုင်းရှိ စစ်တပ်စခန်းမှ ဒုတပ်ကြပ် ၁ ဦး သေနတ် ၁ လက်နှင့်အတူ အလင်းဝင်လာ

စစ်ကိုင်းတိုင်း၊ မုံရွာ- မန္တလေး လမ်းပိုင်းမှာ တာဝန်ကျနေတဲ့ အကြမ်းဖက်စစ်ကောင်စီစခန်းမှ ဒုတပ်ကြပ် ၁ ယောက် သေနတ် ၁ လက်နဲ့အတူ အလင်းဝင်ရောက်လာတယ်လို့ Urban Hunter Force - UHF က ထုတ်ပြန်ထားပါတယ်။
Read More

ကပစ ၂၂ကနေ မြင်းခြံကိုသွားမယ့် စစ်ကားတွေ ဆိပ်ဖြူ-ဆောလမ်းပိုင်းမှာ မိုင်းဆွဲခံရပြီး စစ်သား ၆ယောက်သေ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်မှာ ကပစ ၂၂ ကနေ မြင်းခြံမြို့ကို ထွက်ခွာလာတဲ့ စစ်ကောင်စီကားတန်းကို မိုင်းဆွဲပစ်ခတ်တိုက်ခိုက်ရာ အကြမ်းဖက်စစ်သား ၆ယောက် သေဆုံးကြောင်း Yenanthar Youth Force တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

မဏိပူရ်၊ အင်ဖာထောင်ထဲက မြန်မာတွေ အမြန်ဆုံးပြန်လည်လွတ်မြောက်ရေးနဲ့ စစ်ကောင်စီထံလွှဲပြောင်းမခံရရေး အာဏာပိုင်တွေထံ ၄ကြိမ်မြောက် အစာငတ်ခံဆန္ဒပြ

အိန္ဒိယနိုင်ငံ ၊ မဏိပူရ်ပြည်နယ်မှာ အင်ဖာထောင်ထဲ အကျဥ်းကျခံနေရတဲ့ မြန်မာနိုင်ငံသားတွေက စတုတ္ထအကြိမ်မြောက်အဖြစ် အစာငတ်ခံဆန္ဒပြမှုကို ပြန်လည်လုပ်ဆောင်နေပြီဖြစ်တယ်လို့ India for Myanmar လူ့အခွင့်အရေးအဖွဲ့ထံက သိရပါတယ်။
Read More

ကရင်နီတွင် အပိုင်းအစများ ဖြစ်သွားသည့် စစ်ကောင်စီ၏ တိုက်လေယာဥ်

အကြမ်းဖက်စစ်ကောင်စီက ပျောက်ဆုံးကြောင်း ထုတ်ပြန်ထားတဲ့ တိုက်လေယာဉ်ကို ကရင်နီပြည်နယ်၊ ဖားဆောင်းမြို့နယ်မှာ ပြန်လည်တွေ့ရှိခဲ့ပြီး အဲဒီလေယာဉ်ကို ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF က ပစ်ချနိုင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
Read More

Sky Villa ကွန်ဒိုတွင် ယနေ့ ရုပ်အလောင်း ၂ လောင်း ထပ်မံတွေ့ရှိ

မန္တလေးတိုင်း၊ အောင်မြေသာစံမြို့နယ်မှာ စစ်ကိုင်းငလျင်ကြီး လှုပ်ခတ်ခဲ့မှုကြောင့် ပြိုကျပျက်စီးသွားတဲ့ Sky Villa အဆောက်အအုံကနေ အမျိုးသား ၁ ယောက်နဲ့ အမျိုးသမီး ၁ ယောက်ရဲ့ ရုပ်အလောင်းတွေကို ဒီနေ့မှာ ထပ်မံတွေ့ရှိတယ်လို့ အကြမ်းဖက်စစ်ကော်မရှင်ရဲ့ မီးသတ်ဦးစီးဌာနက ထုတ်ပြန်ပါတယ်။
Read More

PDF နှင့် မဟာမိတ်တပ်ဖွဲ့များ ပူးပေါင်းပြီး နိုင်ငံအနှံ့ ထောင်သောင်းချီ အင်အားဖြင့် အထွေထွေ ထိုးစစ်ကြီး စတင်ဖို့ အချိန်တန်ပြီဟု NUG ကာကွယ်ရေးဝန်ကြီး ပြောကြား

PDF နဲ့ မဟာမိတ်တပ်ဖွဲ့တွေ ပူးပေါင်းပြီး တစ်နိုင်ငံလုံးမှာ နေရာစုံစစ်မျက်နှာဖွင့်ကာ အထွေထွေ ထိုးစစ်ဆင်နွှဲဖို့ အချိန်တန်ပြီဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ပြောကြားလိုက်ပါတယ်။