ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့ပေါ်က ပြည်သူ့ဆေးရုံကို စစ်ကောင်စီတပ် ဗုံးကြဲတိုက်ခိုက်ရာ CDM ဆရာမ (၁) ယောက်နဲ့ လူနာ (၁) ယောက် သေဆုံးပြီး ကျန်မားရေးဝန်ထမ်းတွေနဲ့ CDM ဝန်ထမ်းတွေအပါ အရပ်သား(၂၀)ကျော် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ထုတ်ပြန်ထားပါတယ်။
ဇန်နဝါရီလ(၂၅)ရက် ဒီနေ့မှာ စစ်ကောင်စီတပ်က ကျောက်မဲမြို့ပေါ် ပြည်သူ့ဆေးရုံကို ဂျက်ဖိုက်တာနဲ့ (၂)ကြိမ်တိုင် ဗုံး(၄)လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
အဲ့ဒီဗုံးကြဲချတိုက်ခိုက်မှုကြောင့် လူနာတွေကို ဆေးကုသပေးနေတဲ့ CDM ဆရာမ (၁) ယောက်နဲ့ လူနာ (၁) ယောက် သေဆုံးပြီး ကျန်းမာရေးဝန်ထမ်းတွေ၊ CDM ဝန်ထမ်းတွေအပါအဝင် အရပ်သား(၂၀) ကျော် ထိခိုက်ဒဏ်ရာ ရရှိခဲ့တဲ့အပြင် ကျောက်မဲပြည်သူ့ဆေးရုံလည်း ပျက်စီးသွားခဲ့တယ်လို့ TNLA က ဆိုပါတယ်။
၁၉၆၇ ခုနှစ်မှာ ဆောက်လုပ်ခဲ့တဲ့ ကျောက်မဲပြည်သူ့ဆေးရုံဟာ လူနာကုတင် (၁၅၀)ဆံ့ ဆေးရုံဖြစ်ပြီး ကျောက်မဲမြို့ကို PSLF/TNLA ထိန်းချုပ်ပြီးနောက်ပိုင်း ကျောက်မဲပြည်သူ့ဆေးရုံမှာ ကျန်းမာရေးဝန်ဆောင်မှုပေးကာ ဆေးကုသပေးနေတာဖြစ်ပါတယ်။
စစ်ကောင်စီတပ် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကျောက်မဲပြည်သူ့ဆေးရုံတစ်ခုလုံး ပျက်စီးသွားခဲ့သလို စစ်ကောင်စီတပ် ဗုံးကြဲမှုကြောင့် ဗုံးစထိမှန်တဲ့ ဒေသခံပြည်သူတွေကို PSLF/TNLA ရဲဌာနနဲ့ ပရဟိတ အသင်းတွေက ဝိုင်း၀န်းကယ်ဆယ်ပြီး ဆေးကုသမှု ကူညီဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၂ ရက်ကလည်း နောင်ချိုမြို့မှာ စစ်ကောင်စီတပ်က ပြည်သူလူထုကို ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူ (၉) ယောက် သေဆုံးပြီး (၃) ယောက် ထိခိုက်ဒဏ်ရာရရှိကာ နေအိမ်အဆောက်အအုံတွေလည်း ထိခိုက်ပျက်စီးခဲ့ပါသေးတယ်။
0 Shares:
You May Also Like
Read More

အင်ဒို ဆွေးနွေးပွဲတွင် အကြမ်းဖက်စစ်တပ်ကိုယ်စားလှယ်များနှင့် တွေ့ဆုံခဲ့ခြင်းမရှိဟု NUCC ထုတ်ပြန်

အင်ဒိုနီးရှားနိုင်ငံက ကမကထပြု ကျင်းပခဲ့တဲ့ ၆ ရက်တာ အလုပ်ရုံဆွေးနွေးပွဲကာလအတွင်း အကြမ်းဖက်စစ်တပ် ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံခဲ့တာမရှိဘူးလို့ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) က ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၅ ရက်ကနေ ၃၀ ရက်အထိ အင်ဒိုနီးရှားနိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ “အင်ဒိုနီးရှားနိုင်ငံ၏ နိုင်ငံတည်ဆောက်ရေးဆိုင်ရာ အတွေ့အကြုံများကို မျှဝေခြင်း” အလုပ်ရုံဆွေးနွေးပွဲကို အကြမ်းဖက်စစ်တပ် ကိုယ်စားလှယ်တွေ မပါဝင်တာသေချာမှ လက်ခံတက်ရောက်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
Read More

ဘုတလင်မှာ စစ်ကောင်စီစစ်ကြောင်းတစ်ခုလုံးနီးပါး ချေမှုန်းနိုင်ခဲ့တဲ့ တိုက်ပွဲက ပြန်လာတဲ့ ရဲဘော်တွေကို ပြည်သူလူထုက ကြိုဆို

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ ကူတော်ရွာက စစ်ကောင်စီတပ် အခြေချစခန်းက ထွက်လာတဲ့ အကြမ်းဖက်စစ်ကြောင်းကို တိုက်ခိုက်ချေမှုန်းပြီး ပြန်လာတဲ့ ရဲဘော်တွေကို ပြည်သူလူထုက ကြိုဆိုခဲ့တယ်လို့ ကျောင်းသားလက်ရုံးတပ်တော် (SAF) က ထုတ်ပြန်ပါတယ်။
Read More

စက်တပ်လေထီးတွေကို တန်ပြန်ခြိမ်းခြောက်ဖို့ လိုအပ်နေပြီလား

အတုအယောင် ရွေးကောက်ပွဲ နီးကပ်လာတာနဲ့အမျှ စစ်ကော်မရှင်က တော်လှန်ရေးအင်အားစုတွေကို ဖယ်ရှားဖို့၊ သူတို့အပေါ် ဆန့်ကျင်မှုတွေကို ဖိနှိပ်ဖို့၊ ပြည်သူလူထုကို အကြောက်တရားသွင်းဖို့အတွက် လေကြောင်းတိုက်ခိုက်မှုတွေကို ဆက်တိုက်လုပ်ဆောင်လာနေပါတယ်။ 
Read More

မွန်အားလုံးကို ကိုယ်စားမပြုနိုင်သည့် စစ်ကောင်စီ၏ လောင်းရိပ်မိ မွန်အမျိုးသားညီလာခံ

စစ်ကောင်စီနဲ့ အပစ်ခတ်ရပ်စဲရေး သဘောတူညီစာချုပ် (NCA) မှာ လက်မှတ်ရေးထိုးထားတဲ့ မွန်ပြည်သစ်ပါတီ (NMSP) နဲ့ စစ်ကောင်စီကျင်းပမယ့် ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်မယ်လို့ ကြေညာထားတဲ့ မွန်ညီညွတ်ရေးပါတီ (MUP) တို့ ဦးဆောင်ပြီး မွန်အမျိုးသားညီလာခံကို ကျင်းပခဲ့ပါတယ်။ 
Read More

ညောင်ပင်သာရွာက ဒေသခံ ၃ယောက် လယ်ကွင်းထဲမှာ မိုးကြိုးပစ်ခံရပြီး ၁ ယောက် သေဆုံး

ရန်ကုန်တိုင်း၊ သုံးခွမြို့နယ်၊ ညောင်ပင်သာရွာက လယ်သမား ၃ယောက် လယ်ကွင်းထဲအသွားမှာ မိုးကြိုးပစ်ခံရတာကြောင့် အမျိုးသားတစ်ယောက် သေဆုံးပြီး ကျန်တဲ့ အမျိုးသမီးတစ်ယောက်နဲ့ အမျိုးသားတစ်ယောက်ကတော့ ဆေးကုသမှု ခံယူနေရတယ်လို့ သိရပါတယ်။
Read More

လွိုင်ကော်-ဆီဆိုင် လမ်းမကြီးကို ရက်အကန့်အသတ်မရှိ ဖြတ်သန်းသွားလာခြင်း မပြုဖို့ KNDF သတိပေးထုတ်ပြန်

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့နယ်နဲ့ ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ်ကို ချိတ်ဆက်ထာတဲ့ လမ်းမကြီးမှာ ခရီးသွားပြည်သူတွေ ယာဥ်ကြီး၊ ယာဥ်ငယ်နဲ့ ဖြတ်သန်းသွားလာမှုကို ရက်အကန့်အသတ်မရှိ ရပ်ဆိုင်းထားတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် - KNDF ဗျူဟာအမှတ် ၂ က ထုတ်ပြန်ပါတယ်။