ပရိသတ်တွေအတွက် ကိုယ်ပိုင်ဂီတအနုပညာတွေ ဖန်တီးပေးခဲ့တဲ့ အဆိုတော် မာရဇ္ဇရဲ့ ဈာပနအခမ်းအနားကို ဒီနေ့ ဇန်နဝါရီ ၂၅ ရက်၊ ရန်ကုန်မြို့ ရေဝေးသုဿန်မှာ ပြုလုပ်ခဲ့ပါတယ်။
အဆိုတော် မာရဇ္ဇ (ခေါ်) မာကြီးရဲ့ နောက်ဆုံးခရီးကို အနုပညာအသိုင်းအဝိုင်းက လုပ်ဖော်ကိုင်ဖက်တွေအပြင် သူ့ကို ချစ်ခင်ကြတဲ့ ပရိသတ်တွေလည်း လိုက်ပါပို့ဆောင်ခဲ့ကြပါတယ်။
“အရမ်းတော့ နှမြောမိတာပေါ့။ သူက ကျနော်တို့လူငယ်တွေပါးစပ်ဖျားမှာ ရေပန်းစားခဲ့တဲ့ အနုပညာရှင်တစ်ယောက်ပါ။ သူရဲ့သီချင်းတွေက ကျနောိတို့လူငယ်ဘဝက အရမ်းကြိုက်နှစ်သက်ခဲ့တာပေါ့။ ခေတ်ရေစီးကြောင်းနဲ့ လိုက်ဖက်ညီအောင် ရေးဖွဲ့သီဆိုခဲ့တာလေ။ တက္ကသိုလ်မှာဆိုရင် သူရဲ့ ဆင်မြီးကွင်းလက်စွပ် သီချင်းလေးက ရေပန်းစားခဲ့သေးတာ” လို့ မာရဇ္ဇရဲ့သီချင်းတွေကို ကြိုက်နှစ်သက်တဲ့ ရန်ကုန်မြို့ခံတစ်ယောက်က ပြောပါတယ်။
ဆွဲအား၊ မျှော်လင့်ခြင်းလမင်း၊ အလွမ်းမိတ်ဆွေ၊ ဂမ္ဘီရမိုးကြိုး၊ မိစ္ဆာအတွက်ကရုဏာ စတဲ့ သီချင်းများစွာနဲ့ ပရိတ်သတ်တွေကြား နာမည်ကြီး ရေပန်းစားခဲ့တဲ့ အသက် ၅၈ နှစ်အရွယ် အဆိုတော်မာရဇ္ဇဟာ ဇန်နဝါရီ ၂၃ရက် ညက ရန်ကုန်မြို့ ဗဟိုစည်ဆေးရုံမှာ ကျောက်ကပ်ရောဂါနဲ့ ကွယ်လွန်သွားခဲ့တာ ဖြစ်ပါတယ်။
0 Shares:
You May Also Like
Read More

ကုလစင်မြင့်မှာ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်း ဆက်လက်ကိုယ်စားပြုခွင့်ရရေးတောင်းဆို (ဓာတ်ပုံသတင်း)

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ဆက်လက်ထားရှိရေးအတွက် ဒီနေ့ စက်တင်ဘာ ၂၂ရက်၊ အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ ကုလသမဂ္ဂဌာနချုပ်၊ Dag Hammarskjold plaza မှာ ပြည်ပရောက်မြန်မာတွေ ချီတက်ဆန္ဒပြခဲ့ကြပါတယ်။
Read More

လွိုင်ကော်အနီး အောင်သပြေဂူကုန်းတိုက်ပွဲ စစ်ကောင်စီဘက်က ဗိုလ်ကြီးအဆင့်အပါ ၁၀ ဦး သေဆုံး၊ လက်နက်ခဲယမ်းများပါ ရရှိ

လွိုင်ကော်အနီးက စစ်ကောင်စီစခန်းကို KNDF နဲ့ ပူးပေါင်းတပ်တွေ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က ဗိုလ်ကြီး ၁ဦးနဲ့ ၉ ဦးသေဆုံးပြီး သေနတ် ၁၂ လက် ရရှိခဲ့တယ်လို့ KNDF က အသိပေး ထုတ်ပြန်ပါတယ်။
Read More

မဒေါက်-ရွှေကျင် လမ်းပိုင်းရှိ စစ်တပ်ဂိတ်စခန်းကို ဝင်ရောက်တိုက်ခိုက်ရာ စစ်သား ၂ ဦး သေဆုံး

ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်၊ မဒေါက်-ရွှေကျင် လမ်းပိုင်းရှိ အကြမ်းဖက်စစ်တပ်ဂိတ်စခန်းကို ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၂ ယောက် သေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တပ်ရင်းအမှတ် ၃၇၀၃ (Fire Dragon) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဒေါက်တာတေဇာဆန်းနဲ့ မုံရွာခရိုင် အမှတ် ၅ တပ်ရင်း ရဲဘော်တွေရဲ့ ရေနွေးကြမ်းစကားဝိုင်း…

စစ်ကိုင်းတိုင်းအခြေစိုက် မုံရွာခရိုင် အမှတ် ၅ တပ်ရင်း (Aung San Force) ရဲဘော်တွေနဲ့ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူ ဒေါက်တာတေဇာဆန်း တို့ အညာဒေသ တစ်နေရာမှာ ရေနွေးကြမ်းစကားဝိုင်း ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

မွန်ပြည်နယ်တဝိုက် စစ်ကောင်စီလက်အောက်ခံ အဖွဲ့စုံမှ အကြောင်းပြချက်မျိုးစုံဖြင့် ဆိုင်ကယ်ဖမ်းဆီးမှုများ လုပ်ဆောင်နေ

မွန်ပြည်နယ်က မြို့နယ်တွေမှာ ဆက်တိုက်ဆိုသလို လိုင်စင်မဲ့ယာဉ် ဖမ်းဆီးမှုတွေကို စစ်ကောင်စီလက်အောက်ခံ အဖွဲ့စုံက လုပ်ဆောင်နေတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

တောင်သာနှင့် သပိတ်ကျင်းတွင် စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်နေ၊ အရပ်သား ထိခိုက်သေဆုံးမှုများ ရှိ

မန္တလေးတိုင်း၊ သပိတ်ကျင်းနဲ့ တောင်သာမြို့နယ်တို့မှာ စစ်ကောင်စီက နေ့စဉ်ရက်ဆက် ဗုံးကြဲတိုက်ခိုက်မှုတွေ လုပ်ဆောင်နေတဲ့အတွက် ဗုံးခိုကျင်းတွေ အသုံးပြုကြဖို့ ဒေသတော်လှန်ရေးအင်အားစုတွေက တိုက်တွန်းထားပါတယ်။