ရန်ကုန်တိုင်း၊ မှော်ဘီလေတပ်စခန်းထဲမှာ အကြမ်းဖက်စစ်ကောင်စီက စက်တပ်လေထီး မောင်းနှင်မှု သင်တန်းပို့ချနေတယ်လို့ မှော်ဘီလေတပ်စခန်းနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

အကြမ်းဖက်စစ်တပ်ဟာ အရပ်သားပြည်သူတွေကို ပစ်မှတ်ထားကာ လေယာဉ်ဗုံးကြဲမှုတွေ လုပ်ဆောင်ခဲ့ပြီး နောက်ပိုင်းမှာ ဒရုန်းတွေကို အသုံးပြုလာသလို အခုအခါ စက်တပ်လေထီးတွေနဲ့ ဗုံးကြဲဖို့ လေ့ကျင့်ပျံသန်းမှုတွေ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

“ဒီဇင်ဘာလ ပထမအပတ်ကတည်းက လေထီးသင်တန်းတွေ ပေးနေတယ်ဆိုတာ သိရတယ်။ ဒါပေမယ့် လေတပ်စခန်းတွေရဲ့ ပုံမှန်လေ့ကျင့်ပျံသန်းနေတယ်ပဲ ထင်တာ။ ပြီးခဲ့တဲ့ တစ်ပတ်လောက်ကမှ လေထီးပျံသန်းတဲ့အချိန်မှာ စက်သံတွေပါ ကြားနေရလို့ ထွက်ကြည့်လိုက်မှ စက်တပ်ထားပြီး ဗုံးကြဲတဲ့ စက်တပ်လေထီး သင်တန်းတွေ ပေးနေတာ ဖြစ်တယ်” လို့ မှော်ဘီလေတပ်စခန်း အနီးဝန်းကျင်မှာ နေထိုင်သူတစ်ယောက်က မောင်းကို ပြောပါတယ်။

အလားတူ ဧရာဝတီတိုင်း၊ ကျုံပျော်မြို့အခြေစိုက် ခလရ ၃၆ တပ်ရင်းထဲမှာလည်း ဇန်နဝါရီ ပထမအပတ်ကတည်းက စက်တပ်လေထီး ၆ စီးနဲ့ လေ့ကျင့်ပျံသန်းမှုတွေ လုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဇန်နဝါရီ ၂၃ ရက် မနေ့က မန္တလေးတိုင်း တောင်သာမြို့နယ်မှာ အကြမ်းဖက်စစ်တပ်က စက်တပ်လေထီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ပြည်သူ ၁ယောက် သေဆုံးခဲ့ပြီး တောင်သာမှာ စက်တပ်လေထီး တိုက်ခိုက်မှုကြောင့် တစ်လနီးပါးအတွင်း ပြည်သူ ၅ယောက်အထိ သေဆုံးခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

စစ်ဘက်အကျဥ်းထောင်များနှင့် အချုပ်ခန်းများ၏ စီမံခန့်ခွဲမှုများ လုပ်ထုံးလုပ်နည်း မူဘောင်များနှင့်အညီ ဖြစ်စေရေး စစ်ဥပဒေရုံး လုပ်ဆောင်ရန် NUG ကာကွယ်ရေးဝန်ကြီးဌာန တည်မြဲအမိန့်ထုတ်ပြန်

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနကွပ်ကဲမှုအောက်ရှိ စစ်ဘက်အကျဥ်းထောင်တွေနဲ့ အချုပ်ခန်းတွေရဲ့ စီမံခန့်ခွဲမှုကို သက်ဆိုင်ရာလုပ်ထုံးလုပ်နည်း မူဘောင်တွေနဲ့အညီ ဖြစ်စေရေးအတွက် PDF တပ်မတော် စစ်ဦးစီးချုပ်က ဧပြီလ (၂၄) ရက် ရက်စွဲနဲ့ အမိန့်အမှတ် (၆၂/၂၀၂၅)ကို အတည်ပြုထုတ်ပြန်ခဲ့တယ်လို့ သိရပါတယ်။
Read More

ရေစကြိုမြို့နယ်မှာ စစ်တပ်နှင့် တော်လှန်ရေးတပ်များ ၈ ရက်ကြာ တိုက်ပွဲဖြစ်ပွားမှုအပြီး Myingyan Black Tiger တပ်ဖွဲ့ ဌာနချုပ်တပ်စခန်း ဆုံးရှုံးခဲ့

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ချင်းတွင်းမြစ်အရှေ့ဘက် ရေလယ်ကျွန်းဒေသမှာ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ ၈ ရက်ကြာ တိုက်ပွဲဖြစ်ပွားမှုအပြီး Myingyan Black Tiger တပ်ဖွဲ့ရဲ့ ဌာနချုပ်တပ်စခန်းကို ဆုံးရှုံးခဲ့ရတယ်လို့ အဆိုပါတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မန္တလေးလူထုသပိတ်ခေါင်းဆောင် ကိုထက်မြတ်အောင် ဖမ်းဆီးခံရပြီး အသက်အန္တရာယ်စိုးရိမ်ရသည့် အခြေအနေဖြင့် အဆက်အသွယ်ပြတ်နေ

မန္တလေးလူထုသပိတ်ခေါင်းဆောင် ကိုထက်မြတ်အောင်ဟာ အကြမ်းဖက်စစ်တပ်ရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရပြီးနောက် ဒီနေ့အချိန်ထိ အဆက်အသွယ် ပြတ်တောက်နေကာ အသက်အန္တရာယ်အတွက် လွန်စွာစိုးရိမ်နေရကြောင်း ရတနာပုံတက္ကသိုလ်ကျောင်းသားသမဂ္ဂ (ရ.တ.က.သ) က ထုတ်ပြန်ပါတယ်။
Read More

ကလေးခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲ့ ၃ နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနား… (ဓာတ်ပုံသတင်း)

စစ်ကိုင်းတိုင်းအခြေစိုက် ကလေးခရိုင်ပြည်သူ့ကာကွယ်ရေး ရုံးအဖွဲ့က တာဝန်ခံအသီးသီးနဲ့ ပကဖ ရုံး လက်ရုံးတပ်ဖွဲ့တွေ စုပေါင်းပြီး ပကဖ ၃ နှစ်ပြည့်အခမ်းအနားကို နိုဝင်ဘာလ ၂၀ ရက် မနေ့က ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ကျောက်ကြီးမြို့နယ်အတွင်း စစ်ကောင်စီတပ်စခန်းများကို တပြိုင်တည်း တိုက်ခိုက်၊ စစ်သား ၇ ဦးထက်မနည်း သေပြီး စစ်သုံ့ပန်း ၂၂ ဦးနှင့် လက်နက်အများအပြား သိမ်းဆည်းရရှိ

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်တွေကို တပြိုင်တည်း ဝင်ရောက်တိုက်ခိုက်ရာ စစ်သား ၇ ယောက်ထက်မနည်း သေဆုံးပြီး စစ်သုံ့ပန်း ၂၂ ယောက်နဲ့ လက်နက်အများအပြား သိမ်းဆည်းရရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဖယ်ခုံမြို့နယ် ဘန်ကောက်စစ်ရှောင်စခန်းကို စစ်ကောင်စီတပ် လေကြောင်းဗုံးကြဲတိုက်ခိုက်၊ “ဘာကြောင့် ဒီနေရာကိုပဲ ထပ်ခါထပ်ခါ ကြဲရတာလဲ။ ငါတို့မှာ ဘာအပြစ်ရှိတာကြောင့်လဲ”

ကရင်နီပြည်နယ်၊ ဖယ်ခုံမြို့နယ်၊ ရီနွဲ့ကျေးရွာအုပ်စု၊ လအိကျေးရွာအနီးက ဘန်ကောက်စစ်ဘေးရှောင်စခန်းကို အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ 1007 MOBYE PDF 2 က ထုတ်ပြန်ထားပါတယ်။