ရခိုင်-မကွေး နယ်စပ်မျဥ်းတစ်လျှောက် ထိတွေ့တိုက်ပွဲတွေကနေ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်တွေကို ပိတ်ဆို့တိုက်ခိုက်မှုမှာ ခမရ ၁၁၃ ဗိုလ်ကြီး ၂ယောက် အပါအဝင် ၁၂ယောက်ကို အရှင်ဖမ်းဆီးရမိခဲ့ပြီး ဗိုလ်ကြီး ၂ယောက်နဲ့ အရာခံဗိုလ် အပါအဝင် သေဆုံးသူ ၁၀ယောက်ထက်မနည်း ရှိခဲ့တယ်လို့ လူထုတော်လှန်ရေး မဟာမိတ်အင်အားစု (PRA-Magway) က ထုတ်ပြန်ပါတယ်။

ဇန်နဝါရီလအတွင်း ရခိုင်ပြည်နယ်နဲ့ မကွေးတိုင်းထိစပ်နေရာတွေမှာ အာရက္ခတပ်တော် အေအေနဲ့ စစ်ကောင်စီတပ်တို့ ထိတွေ့တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး အဲဒီတိုက်ပွဲတွေကနေ ထွက်ပြေးလာတဲ့ တပ်မ ၉၉ လက်အောက်ခံတပ်ရင်းတွေက စစ်ကောင်စီတပ်သားတွေကို လူထုတော်လှန်ရေးမဟာမိတ်အင်အားစု ( PRA-Magway ) က ပိတ်ဆို့ဖမ်းဆီးရင်း ထိတွေ့မှုတွေရှိခဲ့တာ ဖြစ်ပါတယ်။

ငဖဲမြို့နယ်အတွင်း ထိတွေ့တိုက်ပွဲတွေမှာ သေဆုံးတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်များ (PRA -Magway)
ငဖဲမြို့နယ်အတွင်း ထိတွေ့တိုက်ပွဲတွေမှာ သေဆုံးတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်များ (PRA -Magway)

“လက်ရှိ ရခိုင်-မကွေးနယ်စပ်မျဥ်းမှာ အာရက္ခတပ်တော်နဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲဖြစ်တယ်။ အဲ့ကနေ ထွက်ပြေးလာတဲ့ လှုပ်ရှားစစ်ကြောင်းတွေနဲ့ ကျနော်တို့ ထိတွေ့တာလည်း ရှိတယ်။ အခြေအနေတွေကတော့ ရှုပ်ထွေးနေပါတယ်။ ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်းတွေက ကျနော်တို့တစ်ဖွဲ့တည်း ဖမ်းဆီးရမိတာဖြစ်သလို တချို့တွေက လက်နက်မချတဲ့အခါမှာ ပစ်ခတ်ဖမ်းဆီးရင်း ထိတွေ့တိုက်ပွဲဖြစ်တာမျိုးတွေ ရှိခဲ့တာပါ။” လို့ လူထုတော်လှန်ရေးမဟာမိတ်အင်အားစု (PRA-Magway) တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

တိုက်ပွဲတွေကနေ ၆၀မမ ကွန်မန်ဒို စိန်ပြောင်းတစ်လက်၊ လက်နက်ငယ် ၈လက်နဲ့ ခဲယမ်းတွေ၊ စစ်အသုံးအဆောင်တွေကို စစ်သုံ့ပန်းတွေနဲ့အတူ သိမ်းဆည်းရမိခဲ့တယ်လို့ PRA -Magway က ဖော်ပြပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၉ရက်နေ့ကလည်း ပဒါန်းကနေ ထွက်လာတဲ့ အင်အား ၁၀၀ပါ စစ်ကောင်စီ ခဲယမ်းတင်ကား ၄စီးကို PRA -Magway က အမ်း-ပဒါန်းလမ်းပိုင်း ၊ ဂုတ်ကြီးရွာအနောက်ဘက်မှာ ကြားဖြတ်တိုက်ခိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုအတွင်း စစ်ကောင်စီကား ၁စီး ထိခိုက်ပျက်စီးပြီး စစ်သား၅ယောက်သေကာ ၈ယောက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ဒါအပြင် ဇန်နဝါရီလ ၇ရက်နေ့တုန်းကလည်း ငဖဲမြို့နယ်၊ ဂုတ်ကြီးကျေးရွာကနေ ခွန်ဇူကျေးရွာကို စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ အင်အား ၃၀ခန့်ပါအကြမ်းဖက်စစ်​သားတွေကို ခြုံခိုတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၄ယောက်သေပြီး ထိခိုက်ဒဏ်ရာရသူ ၃ယောက်ရှိခဲ့တယ်လို့ PRA-Magway က ထုတ်ပြန်ထားပါတယ်။

သိမ်းဆည်းရရှိတဲ့ လက်နက်များ (PRA -Magway)
သိမ်းဆည်းရရှိတဲ့ လက်နက်များ (PRA -Magway)
0 Shares:
You May Also Like
Read More

AA က ပိုင်မှ ပြောတာ၊ မပိုင်ဘဲနဲ့ ပြောလေ့မရှိဘူး ဟု CDM ဗိုလ်ကြီး ဇင်ယော် ဆို

အာရက္ခတပ်တော် (AA) တပ်ဖွဲ့ဝင်တွေဟာ ရခိုင်ပြည်နယ်တင်မက ရခိုင်ရိုးမနဲ့ နယ်နမိတ်ချင်း ထိစပ်နေတဲ့ ပဲခူး၊ မကွေးနဲ့ ဧရာဝတီတို့က ရိုးမတောင်အစပ်ပိုင်းတွေမှာရှိတဲ့ စစ်ကောင်စီတပ်တွေနဲ့ တိုက်ပွဲတွေ ဖြစ်ပွားလျက်ရှိနေတယ်လို့ မနေ့က ဇန်နဝါရီ ၂၀ ရက်ညပိုင်းမှာ AA က သတင်းထုတ်ပြန်လာပါတယ်။ 
Read More

မြင်းခြံ ခမရ (၁၅) မှ ပစ်ခတ်သည့် လက်နက်ကြီးကျည် နေအိမ်တစ်လုံးပေါ် ကျရောက်ပြီး ၃ ဦး သေဆုံး၊ ၄ ဦး ဒဏ်ရာရ

မန္တလေးတိုင်း၊ မြင်းခြံ ခမရ (၁၅) ကနေ ဟောင်ဝစ်ဇာ လက်နက်ကြီး ပစ်ခတ်ခဲ့တဲ့အတွက် အရပ်သားပြည်သူ ထိခိုက်သေဆုံးမှုတွေရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

စစ်တပ်လေယာဥ်ကွင်းအတွက် သုံးမည့် ကျွန်းသစ်တင် ဆယ်ဘီးကားကို Southern Yesagyo တပ်ပေါင်းစု ဖမ်းဆီးထား၊ ကျောတိုက်နယ်ပအဖထံမှ လေလံအောင်ထားသော ကျွန်းသစ်များဟု သိရ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်မှာ အကြမ်းဖက်စစ်တပ်ရဲ့ လေယာဥ်ကွင်းတည်ဆောက်ရေးအတွက် အသုံးပြုဖို့ ကျွန်းသစ်တွေသယ်ဆောင်လာတဲ့ ဆယ်ဘီးကား ၁ စီးကို ဖမ်းဆီးရမိခဲ့တယ်လို့ Southern YSO PDF က အောက်တိုဘာ ၁ ရက် မနေ့က ထုတ်ပြန်ပါတယ်။
Read More

ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆိုမှ ကျဆုံးရဲဘော် စတီဖင်ပေါလ်ရယ်၏ ဈာပန

ပြည်သူ့ကာကွယ်ရေးတပ် ဒီးမော့ဆို (DMO Local PDF) တပ်ဖွဲ့၊ အမှတ် ၄ တပ်ရင်း၊ တပ်ခွဲ ၁ မှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ ကျဆုံးရဲဘော် စတီဖင်ပေါလ်ရယ်ရဲ့ စျာပနကို မနေ့က ဇွန်လ ၁၈ ရက်မှာ ပြုလုပ်ခဲ့တယ်လို့ DMO Local PDF က ထုတ်ပြန်ပါတယ်။
Read More

နောင်ချို PDF တပ်ဖွဲ့မှာ တာဝန်ထမ်း‌ဆောင်နေတဲ့ CDM စစ်သားနဲ့ ရဲတွေကို ပြည်သူ့ပန်းတိုင်က ငွေကြေး ထောက်ပံ့ကူညီ

ရှမ်းပြည်မြောက်ပိုင်းက နောင်ချို ပြည်သူ့ကာ ကွယ်ရေး တပ်ဖွဲ့ (နောင်ချို PDF) မှာ တာဝန်ထမ်းဆောင်နေတဲ့ CDM စစ်သားနဲ့ ရဲတွေကို ထောက်ပံ့ငွေပေးအပ်ခဲ့တယ်လို့ ပြည်သူ့ပန်းတိုင်က ဒီနေ့မှာ ထုတ်ပြန်ထားပါတယ်။
Read More

ရေစကြိုအနောက်ပိုင်းကျေးရွာ ၂ ရွာကို စစ်အုပ်စုက လေကြောင်းနှင့် လက်နက်ကြီးပါ ပစ်ခတ်တိုက်ခိုက်၊ အမျိုးသမီးတွေအပါ အရပ်သား ၃ ဦး သေပြီး ၆ ဦး ထိခိုက်ထား

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်မှာ အကြမ်းဖက်စစ်အုပ်စုရဲ့ ဂျက်ဖိုက်တာ၊ ဟောင်ဝစ်ဇာနဲ့ ပါရာမော်တာတွေအသုံးပြုတိုက်ခိုက်မှုကြောင့် ကျေးရွာ ၂ ရွာက အရပ်သား ၃ ယောက် သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူတွေရှိခဲ့တယ်လို့ ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ -ပကဖ သတင်းတာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။