ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ် ဒရုန်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဦးဇင်း(၁) ပါး ပျံလွန်ကာ (၁) ပါးနဲ့ ပြည်သူ (၁) ယောက် ထိခိုက်ခဲ့ပြီး အပြစ်မဲ့ ပြည်သူ (၃) ယောက် ဖမ်းဆီးခံထားရတယ်လို့ ကရင်အမျိုးသားအစည်းအရုံး – KNU(ဗဟို) က ထုတ်ပြန်ထားပါတယ်။

မူးမြို့နယ်မှာ ဇန်နဝါရီလ(၁၈)ရက် မနက်ပိုင်းက ခိုဖလလေးခို တပ်စခန်းရှိ အကြမ်းဖက် စစ်ကောင်စီတပ်က ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ တပ်သား (၅) ယောက်ကို ပြန်လည်ပို့ဆောင်နေချိန် တရေခိုကျေးရွာအတွင်း ရောက်ရှိပြီးနောက် ကျေးရွာနေအပြစ်မဲ့အရပ်သားပြည်သူ (၃) ယောက်ကို ဖမ်းဆီးခေါ်ဆောင်သွားကာ အခုအချိန်ထိ ပြန်မလွှတ်ပေးသေးဘူးလို့ ဆိုပါတယ်။

ကျောက်ကြီးမြို့နယ်မှာလည်း ဇန်နဝါရီ(၁၇)ရက်နေ့ ညနေပိုင်းက ကွမ်းချောင်းဝရှိ အကြမ်းဖက်စစ်ကောင်စီတပ်တွေက ၁၂၀မမ(၁)လုံးကို ပစ်ခတ်ခဲ့ရာ တောကြောင်ပေါက် ကျေးရွာအနီး ကျရောက် ပေါက်ကွဲခဲ့တယ်လို့ ဆိုပါတယ်။

ရွှေကျင်မြို့နယ်မှာလည်း ဇန်နဝါရီလ (၂၁)ရက်နေ့ ညနေပိုင်းက ရေကြည်ချောင်း ကျေးရွာ ဘုန်းကြီးကျောင်းရှိ စစ်ကောင်စီတပ်တွေက လက်နက်ကြီးတွေ ရမ်းသမ်းပစ်ခတ်မှုအပြီး ဒရုန်းနဲ့ လာရောက် တိုက်ခိုက်ခဲ့ရာ မှော်ဖျားကျေးရွာနဲ့ ကွင်းဒလကြီးကျေးရွာ၊ တောရကျောင်း၊ သစ်ကျောင်းကို ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဆိုပါတယ်။

ပထမ (၁) ကြိမ် ဒရုန်းနဲ့ တိုက်ခိုက်မှုအတွင်း မှော်ဖျားကျေးရွာက နေအိမ်ရှေ့ကို ကျရောက်ကာ အိမ်ရှင်ဖြစ်သူ  အသက်(၃၅) နှစ် အရွယ် အမျိုးသား လက်မောင်း ကျည်စ ထိမှန်ခဲ့တယ်လို့ ဆိုပါတယ်။

ဒုတိယအကြိမ် တိုက်ခိုက်မှုမှာတော့ ကွင်းဒလကြီးကျေးရွာ တောရကျောင်း၊ သစ်ကျောင်းပေါ် ကျရောက်ခဲ့ပြီး အသက်(၅၀) အရွယ် ဦးဇင်း (၁)ပါး ပျံလွန်တော်မူခဲ့ပြီး အသက်(၄၉)နှစ်အရွယ် ဦးဇင်း (၁) ပါးရဲ့ ဘယ်ဘက်ပေါင် ကျည်စထိမှန်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီရဲ့ ပိန်းဇလုပ် တပ် ၂၆၄ ကလည်း လက်နက်ကြီးပစ်ခတ်ခဲ့ရာ ပျဉ်ရေ အနောက်ဘက် ကမ်းကျေးရွာထဲ ကျရောက်ပေါက်ကွဲခဲ့ပြီး နေအိမ်တစ်လုံးရဲ့ ခေါင်မိုးသွပ် တချို့ ထိခိုက်ပျက်စီးခဲ့တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ဒေါပုံမှာ သန်းခေါင်စာရင်းလိုက်ကောက်တဲ့ ရာအိမ်မှူးနဲ့အဖွဲ့ကို ဓာတ်ဆီ ပက်ပြီး မီးရှို့တိုက်ခိုက်

ရန်ကုန်တိုင်း၊ ဒေါပုံမြို့နယ်မှာ စစ်မှုထမ်းနဲ့ ရွေးကောက်ပွဲအတွက်  သန်းခေါင်စာရင်းလာကောက်တဲ့ ရာအိမ်မှူးနဲ့အဖွဲ့ကို အိမ်ရှင်အမျိုးသားက ဓာတ်ဆီနဲ့ပက်ပြီး မီးရှို့တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
Read More

ဘုရားသုံးဆူမြို့မှာ တရုတ်နိုင်ငံကလာတဲ့ တရုတ်လူမျိုးတွေ စီးပွါးရေးချဲ့ထွင်မှုကြောင့် မြို့ခံတွေရဲ့ လူမှုစီးပွားဘဝ ထိခိုက်လာနေ

ကရင်ပြည်နယ်၊ ထိုင်း-မြန်မာနယ်စပ်မြို့ဖြစ်တဲ့ ဘုရားသုံးဆူမြို့မှာ တရုတ်နိုင်ငံကနေ တရုတ်လူမျိုးတွေ အလုံးအရင်းနဲ့ လာရောက်နေထိုင်ပြီး စီးပွားရေးချဲ့ထွင်နေတာကြောင့် မြို့ခံတွေရဲ့ လူမှု၊စီးပွားဘဝ ထိခိုက်လာနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

လားရှိုးက နည်းပညာအထက်တန်းကျောင်းကို စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်

ရှမ်းပြည်နယ်မြောက်ပိုင်းက ကိုးကန့်တပ်မတော် MNDAA သိမ်းပိုက်ထားတဲ့ လားရှိုးမြို့က နည်းပညာအထက်တန်းကျောင်းကို စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ လားရှိုးမြို့ ပြန်လည်ထူထောင်ရေးက ထုတ်ပြန်ထားပါတယ်။
Read More

ကျောက်ကြီးမြို့နယ်၊ အုန်းပင်စုကျေးရွာ စစ်ကောင်စီတပ်စခန်းကို တိုက်ခိုက်ချေမှုန်း၊ စစ်သားအလောင်း ၈ လောင်းနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ အုန်းပင်စုကျေးရွာ အထိုင်ချတပ်စွဲထားတဲ့ အင်အား (၃၀)ကျော်ရှိ စစ်ကောင်စီတပ်ကို တိုက်ခိုက်ချေမှုန်းရာ စစ်သား အလောင်း ၈ လောင်း မျက်မြင်တွေ့ရှိခဲ့ပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အထူးကွန်မန်ဒိုတပ်ရင်း (P29914) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

DMO Local PDF တပ်ရင်း ၂ မှ အသက် ၂၆ နှစ်အရွယ် ဒုတပ်ရင်းမှူး၏ ဈာပန

ကရင်နီပြည်နယ်ရဲ့ ရှေ့တန်းစစ်မြေပြင်မှာ ကျဆုံးခဲ့တဲ့ ပြည်သူ့ကာကွယ်ရေးတပ် ဒီးမော့ဆို (DMO Local PDF) ရဲ့ တပ်ရင်း (၂) ဒုတပ်ရင်းမှူး ဟင်နရီလုအောင်ရဲ့ စျာပနအခမ်းအနားကို မနေ့က ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

လင်းဇင်းတိုက်နယ်ရဲစခန်းကို တိုက်ခိုက်မှု စစ်အုပ်စု အများအပြား ထိခိုက်သေဆုံးပြီး လေကြောင်းပစ်ကူကြောင့် တော်လှန်ရေးတပ်များ ပြန်ဆုတ်ခဲ့ရ

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်က လင်းဇင်းတိုက်နယ်ရဲစခန်းကို သွားရောက်တိုက်ခိုက်မှုမှာ ရဲစခန်းဘိုတဲကုန်းအထိ ရရှိထားပြီး ဘန်ကာ ၁လုံးပဲ သိမ်းပိုက်ဖို့ ကျန်ရှိချိန် စစ်အုပ်စုလေကြောင်းပစ်ကူကြောင့် ပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့ မင်းဘူးခရိုင် အမှတ်(၅) တပ်ရင်း တာဝန်ရှိသူက မောင်းကိုပြောပါတယ်။