ချင်းပြည်နယ်၊ ဟားခါးမြို့ပေါ်က စစ်ကောင်စီ တပ်သား ၄ ယောက်က လက်နက်ခဲယမ်းတွေ ယူဆောင်ပြီး အလင်းဝင်ရောက်လာတယ်လို့ Chinland Defense Force – Hakha (CDF-Hakha) က ထုတ်ပြန်ထားပါတယ်။

ဇန်နဝါရီလ ၈ ရက်နဲ့ ၁၄ ရက်မှာ ဟားခါးမြို့ပေါ်က စစ်ကောင်စီတပ်သား ၄ ယောက်က လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာရာ CDF-Hakha က အလင်းဝင်လာတဲ့ စစ်ကောင်စီ တပ်သား ၄ ယောက်ကို ဂုဏ်ပြုဆုငွေတွေ ချီးမြှင့်ခဲ့တယ်လို့ ဆိုပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်မှာ ကျန်ရှိနေတဲ့ စစ်ကောင်စီ တပ်သားတွေအနေနဲ့လည်း ပြည်သူနဲ့အတူပူးပေါင်းပြီး အလင်းဝင်ရောက်ဖို့ CDF-Hakha က ဖိတ်ခေါ်ထားပါတယ်။

0 Shares:
You May Also Like
Read More

အာဆီယံအစည်းအဝေးမှာ ဝိုင်းဝန်းကန့်ကွက်နေတဲ့ စစ်ကောင်စီရဲ့ ကိုယ်စားပြု အရာရှိတစ်ယောက် တက်ရောက်ဦးမယ်လို့ဆို

လာအိုမှာ ကျင်းပမယ့် အာဆီယံ အစည်းအဝေးမှာ မြန်မာနိုင်ငံက စစ်ကောင်စီကိုယ်စားပြု နိုင်ငံခြားရေးဝန်ကြီးဌာနက အဆင့်မြင့်အရာရှိတစ်ယောက် တက်ရောက်ဖွယ်ရှိတယ်လို့ စစ်ကောင်စီရဲ့ ပြောကြားမှုကို NIKKEI Asia သတင်းဌာနက ကိုးကားရေးသားထားပါတယ်။ အောက်တိုဘာ ၉ ရက်နေ့မှာ…
Read More

မင်းမော်ကွန်း ဂီတဖျော်ဖြေပွဲက ရရှိတဲ့ ရန်ပုံငွေတွေကို CDM အနုပညာရှင်တွေဆီ ထောက်ပံ့ပေးအပ်

တော်လှန်အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ မင်းမော်ကွန်းက သူ့ရဲ့ ပြည်ပဂီတဖျော်ဖြေပွဲကနေ ရရှိခဲ့တဲ့ ရန်ပုံငွေတွေကို CDM အနုပညာရှင်တွေဆီ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း မင်းမော်ကွန်းရဲ့ ဆိုရှယ်မီဒီယာမှာ ဖော်ပြလာပါတယ်။
Read More

အောင်လံတွင် ပစ်ခတ်ရှင်းခံထားရသည့် စစ်တပ်ဒေါက်တိုင် ၂ ဦး၏ နေအိမ်များအား ချိတ်ပိတ်သွားမည်ဟု ပကဖ ပြော 

မကွေးတိုင်း၊ သရက်ခရိုင်၊ အောင်လံမြို့နယ်အတွင်းက အကြမ်းဖက်စစ်ကောင်စီဒေါက်တိုင်၂ယောက်ရဲ့နေအိမ်တွေကို ချိတ်ပိတ်သိမ်းဆည်းသွားဖို့ရှိတာကြောင့် ရောင်းဝယ်ဖောက်ကားခြင်းမပြုဖို့ အောင်လံမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ က ထုတ်ပြန်ထားပါတယ်။
Read More

ဝက်လက်မြို့နယ်၊ ရုံပင်ကုန်းကျေးရွာအနီး အကြမ်းဖက်စစ်တပ် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ၄ ဦး သေဆုံးပြီး ၆ ဦးခန့် ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ရုံပင်ကုန်းကျေးရွာအနီး အကြမ်းဖက်စစ်တပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သားပြည်သူ ၄ ယောက် သေဆုံးပြီး ၆ ယောက်ခန့် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ Wetlet Informational Network က ဒီနေ့ ညပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။
Read More

မုံရွာ-မန္တလေးလမ်းပိုင်းတွင် ထွေအုပ်ရုံးက အိမ်စီးကား တိုက်ခိုက်ခံရ၊ ၃ ပွင့်ဗိုလ်အပါ ၃ ဦး သေပြီး လက်နက်ခဲယမ်းများ PDF ရရှိ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မုံရွာ-မန္တလေးလမ်းပိုင်းမှာ ချောင်းဦးထွေရုံးကနေ ထွက်ခွာလာတဲ့ စစ်ကောင်စီအိမ်စီးကားကို စောင့်ကြိုတိုက်ခိုက်ရာ ၃ ပွင့် ဗိုလ်အပါ စစ်ကောင်စီတပ်သား ၃ ယောက် သေဆုံးပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့ကြောင်း Brave Heart Army အဖွဲ့တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

တနင်္သာရီမြို့နယ်မှာ အကြမ်းဖက်စစ်တပ်နှင့် တော်လှန်ရေးတပ်များ တိုက်ပွဲဖြစ်ပွား၊ စစ်သား ၆ ဦး သေပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ တမုတ်ချုံးရွာကိုခြေကုပ်ယူဖို့လာတဲ့ အကြမ်းဖက်စစ်တပ်ကို တိုက်ခိုက်ရာ စစ်သား ၆ ယောက် သေဆုံးပြီး ၁၅ ယောက်ထက်မနည်း ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ တနင်္သာရီမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့-ပ.က.ဖ က မနေ့က ထုတ်ပြန်ပါတယ်။