စစ်ကိုင်းတိုင်းရှိ တပ်မ ၃၃ မှ မုံရွာမြို့ဘက်သို့ ကြေးနီသယ်လာတဲ့ တွဲယာဉ် ၅၀ ခန့်ကို လုံခြုံရေးပေးဖို့ လိုက်ပါလာတဲ့ အကြမ်းဖက်စစ်တပ်ယာဉ် ၈ စီးကို ဇန်နဝါရီ ၂၂ ရက်က ချောင်းဦး-မြင်းမူ လမ်းပိုင်းတစ်နေရာမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ လျှပ်စီးတပ်ခွဲထံက သိရပါတယ်။

တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေ အသင့်ထောင်ထားတဲ့ မိုင်းကွင်းထဲဝင်ရောက်လာတဲ့ အကြမ်း ဖက်စစ်တပ်ယာဉ်တွေကို ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်တပ်က ဒရုန်းနဲ့ တန်ပြန် ကင်း ထောက်ပြီး လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့ရာ တော်လှန်ရေးရဲဘော်တွေ ပြန်လည်ဆုတ်ခွာခဲ့ကြပြီး အထိအခိုက်မရှိခဲ့ဘူးလို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို လျှပ်စီးတပ်ခွဲ၊ Eleven People Defense Force၊ ဗိုလ်နိုင် လေပွေ မုန်တိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ Royal Tiger Force ( ဆားလင်းကြီး)နဲ့ Nway Oo Brothers Column တို့မှ ပူးပေါင်းလုပ်ဆောင်ခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

မန္တလေး-မုံရွာလမ်းမပေါ်မှာ အကြမ်းဖက်စစ်အုပ်စုယာဉ်တန်းကို အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း မန္တလေး-မုံရွာလမ်းပေါ်မှာ အကြမ်းဖက်စစ်အုပ်စုယာဉ်တန်းကို အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ Spring Dove မှ ယနေ့သတင်းထုတ်ပြန်ထားပါတယ်။ နိုဝင်ဘာ ၂၀ ရက် နံနက်ပိုင်းက မုံရွာမြို့နယ် အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကနေ စစ်ယာဉ် ၃ စီးပေါ်မှာ အင်အားအပြည့်တင်ဆောင်လာပြီး မအူဂိတ်မှာ Faw ယာဉ် ၁ စီး၊ ၁၂ စီး ကား ၁ စီးနဲ့ အချိန်း အပြောင်းအပြောင်းလုပ်ခဲ့တဲ့ အကြမ်းဖက်စစ်သားတွေကို မန္တလေး-မုရွာလမ်းမပေါ်မှာ အဝေးထိန်း မိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
Read More

ကလေးမြို့ ရှေ့တန်းမှ ပြန်လာသည့် CDF Matupi ရဲဘော်များကို ပြည်သူလူထု ကြိုဆိုဂုဏ်ပြု (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ကလေးမြို့ ရှေ့တန်းမှ ပြန်လာတဲ့ CDF Matupi ရဲဘော်တွေကို ပြည်သူတွေ ကြိုဆို ဂုဏ်ပြုခဲ့ကြတယ်လို့ သိရပါတယ်။
Read More

မြင်းခြံ-တောင်သာကားလမ်းပိုင်းမှာ ခရီးသည်တင်ယာဉ် ၁ စီး ရေစီးနှင့် မျောပါ (ရုပ်/သံ)

ဒီနေ့ မေလ ၂၆ ရက် မနက်ပိုင်းက မြင်းခြံ-တောင်သာကားလမ်းပိုင်းမှာ လမ်းရေကျော်နေချိန် ဖြတ်မောင်းတဲ့ ခရီးသည်တင်ယာဉ် ၁ စီး ရေစီးနဲ့မျောပါသွားတဲ့အတွက် ဒေသခံပြည်သူတွေက လိုက်လံကယ်ဆယ်ပေးခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

ABSDF အမှတ် ၂ စစ်ကြောင်း အပတ်စဉ် (၉) အခြေခံစစ်ပညာသင်တန်းဆင်းပွဲ ကျင်းပပြုလုပ် (ရုပ်/သံ)

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ကျောင်းသားတပ်မတော်) အမှတ် ၂ စစ်ကြောင်းမှာ အမှတ်စဉ် ၁/၂၀၂၅ အပတ်စဉ် (၉) အခြေခံစစ်ပညာသင်တန်းဆင်းပွဲအခမ်းအနား ကို ဇွန်လ ၂၅ ရက်က ပြုလုပ်ခဲ့တယ်လို့ ABSDFမှ ထုတ်ပြန်ထားပါတယ်။
Read More

အရက်မူးနေသော ယာဉ်မောင်းကြောင့် ကျိုင်းတုံ-တောင်ကြီး ပြေးဆွဲနေသည့် ခရီးသည်တင်ယာဉ် တိမ်းမှောက် (ရုပ်/သံ)

ရှမ်းပြည်နယ် ကျိုင်းတုံ-တောင်ကြီး ပြေးဆွဲနေတဲ့ ဒို့ညီ‌နောင်ယာဉ်လိုင်းမှာ အရက်မူးနေတဲ့ ယာဉ်မောင်းကြောင့် ဧပြီ ၂၄ ရက် မနေ့ညနေပိုင်းက မိုင်းပျဉ်း-တုံတာကြား ကိုးကွေ့တောင်မှာ ခရီးသည် တင်ယာဉ် ၁ စီး တိမ်းမှောက်မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
Read More

ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းလမ်းမပေါ် တော်လှန်ရေးပူးပေါင်းတပ်နဲ့ အကြမ်းဖက်စစ်တပ် တိုက်ပွဲဖြစ် (ရုပ်/သံ)

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းလမ်းမပေါ်မှာ တော်လှန်‌ရေး ပူးပေါင်းတပ်နဲ့ အကြမ်းဖက်စစ်တပ်တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်သားအများအပြား သေဆုံးခဲ့တယ်လို့ ဝေဟင်တပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။