ကျားဖြန့်နဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေမှာ မတရားခိုင်းစေခြင်းခံရတဲ့  ပြည်ပနိုင်ငံသား ၁၂၀၀ ကျော်ကို ပြန်လည်လွှဲပြောင်းပေးထားတယ်လို့ စစ်ကောင်စီရဲ့ ဝါဒဖြန့်မီဒီယာတွေမှာ ဖော်ပြလာပါတယ်။

ပြည်ပနိုင်ငံပေါင်း ၃၈ နိုင်ငံက  မြန်မာနိုင်ငံထံ အကူအညီတောင်းခံလာမှုကြောင့် ၂ နှစ်ကျော်အတွင်း ကျားဖြန့်လုပ်ငန်းတွေမှာ အဓမ္မခိုင်းစေခြင်းခံရသူ ၁၂၉၂ ဦးကို မိခင်နိုင်ငံတွေထံ ပြန်လည်လွှဲပြောင်းနိုင်ခဲ့ခြင်းဖြစ်ပါတယ်။

တရုတ် အပါအဝင် ဒေသတွင်း နိုင်ငံတွေက စစ်ကောင်စီကို ကျားဖြန့်လုပ်ငန်းတွေနဲ့ ပတ်သက်ပြီး ဖိအားပေးပြောဆိုမှုတွေ ရှိလာချိန်မှာ စစ်ကောင်စီဘက်က ထုတ်ပြန်လာခြင်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက တရုတ်နိုင်ငံသား မော်ဒယ် အပါအဝင် သရုပ်ဆောင် အချို့ ကျားဖြန့်လုပ်ငန်းတွေမှာ အဓမ္မ ခိုင်းစေခံရက နေပြန်လည်လွတ်မြောက်လာအပြီး ဒေသတွင်းနိုင်ငံတွေမှာ လှုပ်လှုပ်ခတ်ခတ်ဖြစ်ပေါ်ခဲ့တာပါ။

၂ နှစ်ကျော်အတွင်း အာဆီယံအဖွဲ့ဝင်နိုင်ငံများ အပါအဝင် အာရှ၊ ဥရောပ၊ တရုတ်နိုင်ငံနှင့် တောင်အာဖရိကဒေသရှိ နိုင်ငံပေါင်း(၃၈)နိုင်ငံမှ အမျိုးသား(၃၄၁၅)ဦး၊ အမျိုးသမီး(၇၆၁)ဦး(စုစုပေါင်း ၄၁၇၆ ဦး)ကို ရှာဖွေပေးဖို့ စစ်ကောင်စီထံ ဆက်သွယ်ပြောဆိုလာတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မနေ့ကထုတ်ဝေတဲ့ စကစရဲ့ ဝါဒဖြန့် သတင်းစာ မြန်မာ့အလင်း ကျောဖုံးမှာ ပါခဲ့တဲ့ သတင်းထုတ်ပြန်ချက် ဆောင်ပါး

ကျားဖြန့်ခေါ် အွန်လိုင်း ငွေလိမ်လည်ဂိုဏ်းတွေကို စစ်ကောင်စီက နိုင်ငံတကာရဲ့ ဖိအားကြောင့် အပေါ်ယံသာ နှိမ်နင်းပြနေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇောက ဒီနေ့ ဇန်နဝါရီ ၂၁ ရက်နေ့မှာ ထုတ်ဖော်ပြောဆိုထားပါတယ်။

အွန်လိုင်းငွေလိမ်ဂိုဏ်းတွေလက်ထဲမှာ နိုင်ငံပေါင်း ၂၁ နိုင်ငံက လူပေါင်း ၆၀၀၀ကျော် ထိန်းသိမ်းခံထားရတယ်လို့လည်း Civil Society Network ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံရဲ့ နယ်စပ်မြို့တွေမှာ အခြေစိုက် လှုပ်ရှားနေတဲ့ ကျားဖြန့် လုပ်ငန်းတွေဟာ ဒေသတွင်း နိုင်ငံတွေရဲ့ နိုင်ငံသားတွေနဲ့ တည်ငြိမ်ရေး အကျိုးစီးပွားတွေကိုပါ ကြီးမားစွာ ခြိမ်းခြောက်လာလို့ ဒေသတွင်း နိုင်ငံတွေက စစ်ကောင်စီကို ဖိအားပေးပြောဆိုလာခြင်းဖြစ်ပါတယ်။

ကျားဖြန့်လုပ်ငန်းတွေဟာ စစ်ကောင်စီ အပါအဝင်၊ နယ်ခြားစောင့်တယ် (BGF) နဲ့ ပြည်သူ့စစ်တပ်ဖွဲ့တွေ  စစ်ကောင်စီနဲ့ ဆက်စပ်နေတဲ့ မူးယစ်ရာဇာဂိုဏ်းတွေ၊ ခရိုနီလုပ်ငန်းရှင်တွေနဲ့ ဆက်စပ်ပတ်သက်နေတာကြောင့် စစ်ကောင်စီဘက်က အရေးယူလုပ်ဆောင်နိုင်ခဲ့ခြင်းမရှိတာဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

၂၀၂၄ ခုနှစ်အတွင်း နိုင်ငံရေးအကျဉ်းသား ၉ ဦး ဥပဒေမဲ့ အသတ်ခံရ၊ တစ်နှစ်တာအတွင်း ကျန်းမာရေးစောင့်ရှောက်မှု မလုံလောက်လို့ နိုင်ကျဉ်း ၂၂ ဦး သေဆုံးခဲ့

၂၀၂၄ ခုနှစ် တစ်နှစ်တာအတွင်းမှာ နိုင်ငံရေးအကျဉ်းသား၊ အကျဉ်းသားသူ စုစုပေါင်း ၉ယောက်ဟာ စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ မတရားသတ်ဖြတ်ခြင်းကို ခံခဲ့ရတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ထုတ်ပြန်ထားပါတယ်။
Read More

အကြမ်းဖက်စစ်တပ်က သီပေါမြို့နယ်ထဲက ကျေးရွာကို လေကြောင်းမှ ထပ်မံဗုံးကြဲတိုက်ခိုက်၊ ပြည်သူ (၁) ဦး ထိခိုက်ဒဏ်ရာရပြီး နေအိမ် (၃) လုံး ပျက်စီး

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ်မှာ အကြမ်းဖက် စစ်တပ်က လေကြောင်းကနေ ပေါင် (၂၅၀)ဗုံး (၂)လုံးဗုံး ထပ်မံလာရောက်ကြဲချတိုက်ခိုက်မှုကြောင့် အမျိုးသား (၁) ယောက် ထိခိုက်ဒဏ် ရာရရှိခဲ့ပြီး နေအိမ် (၃)လုံး ပျက်စီးသွားခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဖယ်ခုံမှာ စစ်တပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် ကိုယ်ဝန်ဆောင် အပါ ပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာရ

ကရင်နီပြည်နဲ့ ရှမ်းပြည်နယ်အစပ် ဖယ်ခုံမြို့နယ်က ကျေးရွာတွေကို စစ်ကောင်စီတပ်က လက်နက်ကြီးတွေ ပစ်ခတ်မှုကြောင့် ကိုယ်ဝန်ဆောင် အမျိုသမီး ၁ ယောက်အပါအဝင် ပြည်သူ ၄ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဖယ်ခုံမြို့နယ် ပြည်သူလုံခြုံရေးတပ်ဖွဲ့ - PK Police က ထုတ်ပြန်ထားပါတယ်။
Read More

NUG အစိုးရက ၎င်းတို့ရဲ့ အားနည်းချက်တွေကို နည်းသထက်နည်းအောင် ကြိုးစားမယ်လို့ ကတိပြု

NUG အစိုးရအနေနဲ့ ၎င်းတို့ဘက်က အားနည်းချက်တွေကို နည်းသထက်နည်းအောင်ကြိုးစားနေပြီး ပြည်သူလူထုရဲ့ အသံကို အချိန်မရွေးနားထောင်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ယာယီ သမ္မတဖြစ်သူ  ဒူဝါလရှီးလက ပြောပါတယ်။ 
Read More

NUG ရဲ့ နွေဦးဘဏ် အစုရှယ်ယာရောင်းချမှု ဒေါ်လာ ၁၀ သန်း ပြည့်မီသွားပြီး ရှယ်ယာဝယ်ယူခွင့် ၃ ရက် ထပ်တိုး၊ ပြည်တွင်းက တော်လှန်ပြည်သူတစ်ဦး ကျပ် သိန်း ၄၀၀၀ ကျော်ဖိုး တစ်ဦးတည်း ဝယ်ယူ

အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ဗဟိုဘဏ်ဖြစ်တဲ့နွေဦးဘဏ်က  ICO Round 2 အိမ်ပြန်ခရီးစဉ်အဖြစ် အစုရှယ်ယာရောင်းချမှု ဒေါ်လာ ၁၀ သန်းပြည့်မီသွားတာကြောင့် ရှယ်ယာဝယ်ယူခွင့်ကို ၃ ရက်ထပ်မံ တိုးမြှင့်လိုက်တယ်လို့ နွေဦးဘဏ်က ထုတ်ပြန်ကြေညာပါတယ်။
Read More

တောင်ပိုင်းစစ်ဒေသမှာ တစ်ပတ်အတွင်း စစ်ကောင်စီက အပြစ်မဲ့ပြည်သူ ၅ ယောက်ကို သတ်ဖြတ်ခဲ့

စစ်ကောင်စီက တစ်ပတ်အတွင်းမှာ တောင်ပိုင်းစစ်ဒေသထဲက အပြည့်မဲ့ပြည်သူ ၅ ယောက်ကို သတ်ဖြတ်ခဲ့တယ်လို့ တောင်ပိုင်းစစ်ဒေသကနေ သတင်းထုတ်ပြန်ထားပါတယ်။