မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူးမြို့နယ်အခြေစိုက် ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ အမှတ်-၂၁) ကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ရာ စစ်တပ်ဘက်က အရာရှိ ၂ ယောက်နဲ့ စစ်သား ၇ ယောက် သေဆုံးခဲ့တယ်လို့ Brave Warriors for Myanmar (BWM) အဖွဲ့က နောက်ဆက်တွဲအခြေအနေတွေကို သတင်းထုတ်ပြန်လာပါတယ်။ 

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၈ ရက်မှာ Brave Warriors for Myanmar (BWM) အဖွဲ့ရဲ့ ဦးဆောင်စီမံမှုနဲ့အတူ  No More Dictatorship People Defence Force_NMD၊ Shadow (Mandalay)၊ Eagle Brigade (ANyar Eagles) အဖွဲ့နဲ့ ဒေသခံ တော်လှန်ရေးအင်အားစုတွေက ကပစ အမှတ်-၂၁ စက်ရုံကို ရှော့တိုက်ဒုံး ၈လုံး ပစ်ခတ်တိုက်ခိုက်ရာ ၇လုံးကို အောင်မြင်စွာ ပစ်ခတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။ 

ဒီတိုက်ခိုက်မှုကြောင့် ကပစ အမှတ်-၂၁ စက်ရုံအတွင်းက စက်ရုံအမှတ် -၁၀၆၊ စက်ရုံအမှတ် -၁၀၉၊ စက်ရုံအမှတ် -၂၀၁ တို့ကို ထိမှန်ခဲ့ပြီး ထုတ်လုပ်ပြီးသား ဗုံးသီးတွေကို ယာယီသိုလှောင်တဲ့ Technical Store ၁ခုလည်း ပျက်စီးခဲ့တယ်လို့ သိရပါတယ်။ 

ကပစ ၂၁ ကို ရှော့တိုက်ဒုံးတွေ ပစ်ခတ်တိုက်ခိုက်စဉ် (ဓာတ်ပုံ BWM)
ကပစ ၂၁ ကို ရှော့တိုက်ဒုံးတွေ ပစ်ခတ်တိုက်ခိုက်စဉ် (ဓာတ်ပုံ BWM)

ဒါ့အပြင် ယမ်းချက်ဂိုဒေါင်လည်း မီးလောင်ခဲ့ပြီး အရာရှိ ၂ယောက်နဲ့ စစ်သား ၇ယောက် သေဆုံးခဲ့ကာ စစ်သား ၈ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

“မြေပြင်မှာက ကျနောိတို့ စုံစမ်းသိရှိရတာထက် ပိုထိခိုက်မှုကြီးတယ် သိရပါတယ်… ကိန်းဂဏန်း အချက်အလက်အရ တိတိကျကျက ဒီလောက်ပဲ အတည်ပြုနိုင်လို့ပါ… ထပ်ဆင့်ပေါက်ကွဲမှုတွေ အတော်များခဲ့တယ်လို့ သိရပါတယ်…လေယာဥ်ဗုံးတွေကို ရှော့ဒုံးထိတာမျိုးဆိုတော့ သူတို့သက်သာမှာ မဟုတ်ပါဘူး” လို့ BWM အဖွဲ့ တာဝန်ရှိသူတစ်ယောက်က မောင်းကို ပြောပါတယ်။  

ကပစ အမှတ် ၂၁ စက်ရုံဟာ စစ်ကောင်စီ နိုင်ငံအနှံ့ဗုံးကြဲနိုင်ဖို့ တိုက်လေယာဉ်သုံး ဗုံးသီး ပေါင် ၂၅၀၊ ပေါင် ၅၀၀နဲ့ Cluster ဗုံးသီးတွေ အဓိကထုတ်လုပ်နေတဲ့အတွက် BWM နဲ့ မဟာမိတ်အဖွဲ့ တွေ ပူးပေါင်းပြီး အရေးကြီးတဲ့ စစ်ရေးပစ်မှတ် BWM Mission 31 အဖြစ်သတ်မှတ်ကာ အခုလို တိုက်ခိုက်မှုကို ဖော်ဆောင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ 

စစ်ကောင်စီရဲ့ ကပစ စက်ရုံတွေဟာ မြို့နယ်တစ်ခုလိုတည်ရှိပြီး စက်ရုံဝန်းအတွင်းမှာ ရဲဘော်ရွာ၊ ရဲဘော်ဟောင်းရွာ စသဖြင့် သတ်မှတ်နေရာတွေရှိတယ်ခို့ သိရပါတယ်။ ဧကပေါင်း တစ်သောင်းကနေ ငါးသောင်းလောက်အထိ ကျယ်ဝန်းတဲ့ စက်ရုံတွေဖြစ်တာကြောင့် စီးနင်းတိုက်ခိုက်တာထက် အခုလို စက်ရုံဝန်းအတွင်းက စက်ပစ္စည်းတစ်ခုလေးကို ပျက်စီးအောင် လုပ်လိုက်နိုင်တာနဲ့တင် တော်လှန်ရေးအတွက် အကျိုးအမြတ် အများကြီးရတယ်လို့  CDM ဗိုလ်ကြီးဇင်ယော်က ဆိုပါတယ်။ 

“ကပစ စက်ရုံတွေက တစ်ခုနဲ့ တစ်ခုကို link ချိတ်ထားတာ… စက်ရုံတစ်ခုက ပစ္စည်းတစ်ခု ရပ်လိုက်တာနဲ့ စစ်မြေပြင်မှာ တိုက်ပွဲဝင်ဖို့ဟာတွေက အသင့်မဖြစ်တော့ပါဘူး၊ အကြမ်းဖျင်းပြောရမယ်ဆိုရင် ကျည်ဆံထုတ်တာက စက်ရုံတစ်ရုံ… အမြောက်ထုတ်တာက တစ်ရုံ၊ အဲ့တော့ အမြောက်တွေ ဘယ်လောက်ပဲ ထုတ်နေ ထုတ်နေ ကျည်ဆံရှိမှပေါ့နော်၊ ကပစ စက်ရုံတွေရဲ့ အဓိက ယမ်းရယ်၊ သံရယ်… ဒါတွေရဖို့ကလည်း လျှပ်စစ်နဲ့ ရေက အဓိကလိုတာပေါ့နော်…အဲ့တာတွေကို ဖြတ်တောက်နိုင်ရင်ကိုပဲ ကျနော်တို့အတွက်က သူတို့ process တစ်ခုလုံးရပ်သွားအောင် လုပ်လို့ရတယ်ဗျ၊ အခုလို ကပစ စက်ရုံတွေကို စတိုက်တာက အောင်မြင်မှုရဲ့ နိဒါန်းအစလို့ပဲ ပြောရမှာပါ” လို့ ဗိုလ်ကြီးဇင်ယော်က ဆိုပါတယ်။

 

0 Shares:
You May Also Like
Read More

အုတ်တွင်းရှိ စစ်ကောင်စီ စခန်းကုန်းကို တော်လှန်ရေးတပ်များ တိုက်ခိုက်သိမ်းပိုက်ကာ မီးရှို့ဖျက်ဆီး

ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၊ ကြက်မနက်ရွာက စစ်ကောင်စီစခန်းကုန်းကို တော်လှန်ရေးတပ်တွေ သိမ်းပိုက်နိုင်ခဲ့ပြီလို့ သာယာဝတီခရိုင်၊ အမှတ် (၁) တပ်ရင်း၊ တပ်ခွဲ (၅) က သတင်းထုတ်ပြန်ပါတယ်။
Read More

ဆောမြို့မရဲစခန်းကနေ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ယောက် လက်နက်ခဲယမ်းတချို့နဲ့ အလင်းဝင်လာ

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ဆောမြို့မရဲစခန်းကနေ လောင်းရှည်တိုက်နယ် ရဲစခန်းကို ထွက်လာတဲ့ စစ်ကြောင်းကနေ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ယောက် လက်နက်ခဲယမ်းတချို့နဲ့အတူ အလင်းဝင်လာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၁ စစ်ဒေသက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မအောင်မြင်ခဲ့တဲ့ ကူမင်းဆွေးနွေးမှုအပြီး စစ်ကောင်စီ နောင်ချိုကို ဗုံးကြဲ

စစ်ကောင်စီနဲ့ တအာင်းတပ် TNLAတို့ ဆွေးနွေးမှုအပြီး စစ်ကောင်စီက TNLA ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့ကို လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
Read More

CDF-Asho ၏ အခြေခံစစ်ပညာသင်တန်းအတွင်း သင်တန်းသား ရဲဘော် ၁ ဦး ကျဆုံး

ချင်းကာကွယ်ရေးတပ်-အရှို (CDF-Asho) ရဲ့ အခြေခံစစ်ပညာသင်တန်းမှာ တက်ရောက်နေတဲ့ သင်တန်းသားရဲဘော် ၁ ယောက် ကျဆုံးခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က မနေ့က ထုတ်ပြန်ပါတယ်။
Read More

တာဝန်ရပ်စဲခံခဲ့ရသည့် ကနီမြို့နယ် လျှပ်စစ်စွမ်းအင် ဆောက်လုပ်ရေးတာဝန်ခံဟောင်း ကိုကျော်ဇေထွန်းကို ကာကွယ်ရေးတပ်ဖွဲ့တစ်ဖွဲ့က လာရောက်ဖမ်းဆီး

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ သက်ဆိုင်ရာဝန်ကြီးဌာနကနေ တာဝန်ရပ်စဲခံခဲ့ရတဲ့ ကနီမြို့နယ် လျှပ်စစ် စွမ်းအင် ဆောက်လုပ်ရေးတာဝန်ခံ ကိုကျော်ဇေထွန်းကို ကာကွယ်ရေးတပ်ဖွဲ့တစ်ဖွဲ့က ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

နိုင်ငံတစ်ဝန်း မေလအတွင်းတွင် စစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် အရပ်သား (၉၇) ဦး သေဆုံးခဲ့…

မြန်မာနိုင်ငံတစ်ဝန်း မေလအတွင်းမှာ အကြမ်းဖက်စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူ (၉၇) ယောက် သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဒီနေ့ညနေပိုင်းမှာ ထုတ်ပြန်ပါတယ်။