ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်နဲ့ ရွှေကျင်မြို့နယ်မှာ စစ်ကောင်စီတပ် လက်နက်ကြီးနဲ့ ဒရုန်းတွေ ပစ်ခတ်မှုကြောင့် အရပ်သား နေအိမ်(၁)လုံး ပျက်စီးခဲ့တယ်လို့ ကရင်အမျိုးသားအစည်အရုံး – KNU (ဗဟို) က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။

ကျောက်ကြီးမြို့နယ်အတွင်း ဇန်နဝါရီ(၁၇)ရက် နေ့လည်ပိုင်းမှာ စစ်ကောင်စီ ခမရ-၃၀၇ ရွှေဝါတပ်ရင်းက ၁၂၀မမ(၁)လုံးကို ပစ်ခတ်ခဲ့ရာ ကျောက်စရစ်ကျေးရွာအနီး ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဆိုပါတယ်။

လက်နက်ကြီးနဲ့ ဒရုန်းတိုက်ခိုက်မှုတွေကြောင့် ပျက်စီးမှုအချို့ (ဓာတ်ပုံ KNU)

ဇန်နဝါရီ (၁၆)ရက် ညပိုင်းအချိန်မှာလည်း ခမရ-၃၀၇ စခန်းကပဲ ၁၂၀ မမ(၂)လုံး ထပ်မံပစ်ခတ်ခဲ့ရာ ခိုလိုကျေးရွာနဲ့ ဇီးကုန်းကျေးရွာအတွင်း ကျရောက်ပေါက်ကွဲပြီး ဇီးကုန်းကျေးရွာက နေအိမ်(၁)လုံး ထိမှန် ပျက်စီးခဲ့တယ်လို့ KNU ဆိုပါတယ်။

ရွှေကျင်မြို့နယ်မှာလည်း ဇန်နဝါရီ (၁၆)ရက် နေ့လည်ပိုင်းက ပိန်းဇလုပ်ခြေစိုက် စစ်ကောင်စီ ခမရ-၂၀ ကနေ ဒရုန်းနဲ့ ဗုံးသီး (၂) လုံး ကြဲချတိုက်ခိုက်ရာ အောပလားကျေးရွာအနီး ကျရောက်ပေါက်ကွဲခဲ့ပါသေးတယ်။

ဇန်နဝါရီ (၁၅)ရက် နေ့လည်ပိုင်းမှာတော့ တော်ဝိအခြေစိုက် စစ်ကောင်စီ ခလရ-၂၆၄ ကနေ ၈၁ မမနဲ့ ၁၂၀ မမ (၁၃) လုံးပစ်ခတ်ခဲ့ရာ ချိုအေးကျေးရွာနဲ့ ကွင်းကုန်းကျေးရွာကြား ကျရောက်ပေါက်ကွဲခဲ့တယ်လို့ KNU ဗဟိုက ထုတ်ပြန်ထားပါတယ်။

လက်နက်ကြီးနဲ့ ဒရုန်းတိုက်ခိုက်မှုတွေကြောင့် ပျက်စီးမှုအချို့ (ဓာတ်ပုံ KNU)
0 Shares:
You May Also Like
Read More

စစ်မှုထမ်း အပတ်စဉ် ၁ ဆင်း စစ်ကောင်စီတပ်သား KNDF တပ်ရင်း ၉ ဆီ လက်နက်ခဲယမ်းနဲ့အတူ အလင်းဝင်လာ

ကရင်နီပြည်နယ်၊ ဘောလခဲမြို့အခြေစိုက် ခမရ (၄၂၉) တပ်ရင်းက စစ်မှုထမ်းတပ်သား ၁ ယောက်က လက်နက်ခဲယမ်းနဲ့အတူ အလင်းဝင်လာတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် - KNDF ၊ အမှတ် (၉) တပ်ရင်းက ထုတ်ပြန်ထားပါတယ်။
Read More

NUG လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက ဇန်နဝါရီလအတွင်း ကျပ်ငွေ (၉၁၈.၂၃) သန်းကို အကူအညီလိုအပ်နေသူတွေအတွက် ပံ့ပိုးနိုင်ခဲ့

အမျိုးသားညီညွတ်ရေးအစိုးရ - NUG ၊ လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက ဇန်နဝါရီလအတွင်း  အမှန်တကယ် အကူအညီလိုအပ်နေသူတွေကို ကျပ် (၉၁၈.၂၃) သန်း ပံ့ပိုးကူညီပေးနိုင်ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
Read More

ဒေသတွင်းနိုင်ငံတွေရဲ့ ဖိအားကြောင့် စစ်ကောင်စီက ကျားဖြန့် လုပ်ငန်းတွေက ပြည်ပနိုင်ငံသား ၁၂၀၀ ကျော်ကို ကယ်တင်လွှဲပြောင်းပေးထားတယ်လို့ ဆို

ကျားဖြန့်နဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေမှာ မတရားခိုင်းစေခြင်းခံရတဲ့  ပြည်ပနိုင်ငံသား ၁၂၀၀ ကျော်ကို ပြန်လည်လွှဲပြောင်းပေးထားတယ်လို့ စစ်ကောင်စီရဲ့ ဝါဒဖြန့်မီဒီယာတွေမှာ ဖော်ပြလာပါတယ်။
Read More

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင် ဒီရက်ပိုင်းအတွင်း တရုတ်သွားမယ်ဟု ဆို

စစ်ကောင်စီကို ရာနှုန်းပြည့် ထောက်ခံအားပေးနေတဲ့ တရုတ်နိုင်ငံကို အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်က အခုရက်ပိုင်းအတွင်း သွားရောက်မယ်လို့ စစ်ကောင်စီရဲ့ ဝါဒဖြန့် မီဒီယာတွေမှာ ဖော်ပြလာပါတယ်။ 
Read More

အမျိုးသမီး စစ်မှုထမ်း အပတ်စဉ် ၁ အတွက် စစ်ကောင်စီ စတင် စာရင်းကောက်ယူနေ

အမျိုးသမီး စစ်မှုထမ်း အပတ်စဉ် ၁ ကို ဖွင့်လှစ်ဖို့အတွက် မတရား စစ်မှုထမ်းဥပဒေအရ အကျုံးဝင်တဲ့ အမျိုးသမီးတွေစာရင်းကို စစ်ကောင်စီက စတင်ကောက်ယူနေပြီလို့ ရန်ကုန်မြို့ခံတွေဆီက သိရပါတယ်။
Read More

ဒိုက်ဦးထောင်မှာ အာဏာပြ တိုက်ပိတ်ခံထားရသည့် နိုင်ငံရေးအကျဥ်းသူများ ၂ ပတ်ပြည့်သည်အထိ အမျိုးသမီးဆောင် ပြန်မရောက်သေး

ပဲခူးတိုင်း၊ ဒိုက်ဦးအကျဥ်းထောင်မှာ အသစ်ပြောင်းရွှေ့လာတဲ့ ဦးစီးမှူးဆိုသူက နိုင်ကျဥ်းအမျိုးသမီးတွေကို အာဏာပြတိုက်ပိတ်ထားကြောင်းနဲ့ ကျန်းမာရေးလိုအပ်ချက်အတွက် ဆေးဝါးတွေသေချာမပေးကြောင်း နိုင်ငံရေးအကျဥ်းသူများအဖွဲ့ တာဝန်ရှိသူ မဇူးဇူးမေယွန်းက မောင်းကို ပြောပါတယ်။