မြန်မာနိုင်ငံက လိမ်လည်လုပ်ငန်းတစ်ခုကနေ ဟောင်ကောင်နိုင်ငံသားတစ်ယောက် ဘေးကင်းစွာ အိမ်ပြန်နိုင်ခဲ့ပြီး အသက်ပြန်လျက် ပြန်လာနိုင်စေရေးအတွက် မိသားစုက ပြန်ပေးငွေများစွာ ပေးခဲ့ရကြောင်း သူတို့ကို ကူညီခဲ့တဲ့ ခရိုင်ကောင်စီဝင်ဟောင်းတစ်ယောက်က ပြောဆိုခဲ့တယ်လို့ South China Morning Post က ရေးထားပါတယ်။

ရဲတပ်ဖွဲ့ရဲ့အဆိုအရ အဆိုပါ ဟောင်ကောင်နိုင်ငံသားရဲ့မိသားစုဟာ ပြန်ရွေးငွေ အမေရိကန်ဒေါ်လာ ၃၀,၀၀၀ ပေးခဲ့ရတယ်လို့ သိရပါတယ်။

ခရိုင်ကောင်စီဝင်ဟောင်း Andy Yu Tak-po ကလည်း ပြန်ပေးငွေ ဘယ်လောက်ပေးဖို့ဆိုတာနဲ့ ပတ်သက်ပြီး ညှိနှိုင်းမှုတွေရှိခဲ့ကြောင်း၊ လိမ်လည်သူတွေဟာ ဗီဒီယိုကောလ်ခေါ်ဆိုမှုတွေကတဆင့် နစ်နာသူကိုပြပြီးမိသားစုနဲ့ တိုက်ရိုက်ဆက်သွယ်ခဲ့ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

မကြာသေးမီကမှ မြန်မာနိုင်ငံမှ ပြန်လည်လွတ်မြောက်လာသည့် လိမ်လည်ခံရသူတစ်ဦးကို ဟောင်ကောင်လေဆိပ်ရှိ လုံခြုံရေးဗျူရို၊ ရဲနှင့် လူဝင်မှုကြီးကြပ်ရေးဌာနမှ အဖွဲ့ဝင်များက လက်ခံရရှိခဲ့စဉ် (ဓာတ်ပုံ Security Bureau)

“နစ်နာသူကို ပြန်လွှတ်ပေးဆိုပြီး ပေးလိုက်ရတဲ့ ပမာဏက အရင်က ပြောခဲ့တဲ့ ပမာဏထက် အများကြီး နည်းပါတယ်၊ အဲဒါကလည်း မိသားစုဝင်တွေအနေနဲ့ (ပြန်ရွေးငွေပေးဖို့နဲ့ပတ်သက်ပြီး) စိတ်ပြောင်းသွားတာကြောင့်လည်း ဖြစ်နိုင်ပါတယ်” လို့ Yu က ပြောပါတယ်။

“ဒီမတိုင်ခင်က ပြန်ရွေးငွေပေးဖို့ဆိုတာ ငါတို့ရဲ့ နောက်ဆုံးရွေးချယ်စရာတွေထဲက တစ်ခုပဲ၊ ဘာလို့လဲဆိုတော့ (သူတို့တောင်းတဲ့) ပမာဏက အရမ်းများတာကိုး” “အခုတော့ (သူတို့ရဲ့ချစ်ခင်ရသူတွေ ဖမ်းခံထားရဆဲဖြစ်တဲ့) တခြားသော မိသားစုတွေအတွက်တော့ ပြန်ရွေးငွေပေးတာက ယုံကြည်စိတ်ချရပြီး အလားအလာရှိတဲ့ ရွေးချယ်စရာတစ်ခု ဖြစ်လာတယ်” လို့ သူက ဆိုပါတယ်။

“အဆိုပါ ဟောင်ကောင်နိုင်ငံသားဟာ အရင်က လိမ်လည်လုပ်ငန်း အတူတကွလုပ်ခဲ့ရပြီး လွတ်မြောက်ခဲ့တဲ့ ထိုင်ဝမ်နိုင်ငံသားဆီကနေ အကူအညီရရှိခဲ့တာဖြစ်ပြီး၊ အဝတ်တစ်ထည်နဲ့ ဖုန်းတစ်လုံးသာရှိတယ်လို့ ယူဆရတဲ့ နစ်နာသူကို ထိုင်းနယ်စပ်ကနေ လေဆိပ်သွားဖို့ ပိုက်ဆံတွေပေးခဲ့တယ်” လို့ Yu က ပြောပါတယ်။

မကြာသေးမီကမှ မြန်မာနိုင်ငံမှ ပြန်လည်လွတ်မြောက်လာသည့် လိမ်လည်ခံရသူတစ်ဦးကို ဟောင်ကောင်လေဆိပ်ရှိ လုံခြုံရေးဗျူရို၊ ရဲနှင့် လူဝင်မှုကြီးကြပ်ရေးဌာနမှ အဖွဲ့ဝင်များက လက်ခံရရှိခဲ့စဉ် (ဓာတ်ပုံ Security Bureau)

အခုလို ပြန်ပေးငွေနဲ့ရွေးဖို့ ဆုံးဖြတ်ချက်မချခင် လွန်ခဲ့တဲ့ တစ်ပတ်၊ နှစ်ပတ်လောက်တည်းက လိမ်လည်သူတွေဟာမိသားစုဆီကနေ ငွေတောင်းခဲ့တာဖြစ်ပြီး မိသားစုကလည်း Yu ကိုယ်တိုင်အပြင်၊ ရဲတပ်ဖွဲ့နဲ့ အခြားဆွေမျိုးတွေနဲ့ တိုင်ပင်ခဲ့ကြကြောင်း ခရိုင်ကောင်စီဝင်က ပြောပါတယ်။

မူရင်းသတင်း – Another Hongkonger back home after release from Southeast Asian ‘scam farm’

0 Shares:
You May Also Like
Read More

NUG အစိုးရပါဝင်သည့် ၃ ပွင့်ဆိုင် ကိုယ်စားလှယ်အဖွဲ့ 113th International Labour Conference ကို တက်ရောက်ခဲ့

၁၁၃ ကြိမ်မြောက် နိုင်ငံတကာအလုပ်သမားရေးရာညီလာခံ (113th ILC) ကို အမျိုးသားညီညွတ်ရေးအစိုးရရဲ့ အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား ပါဝင်တဲ့ သုံးပွင့်ဆိုင် ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့တယ်လို့ NUG အစိုးရက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဂျပန်နိုင်ငံ Sapporo (Hokkaido) နွေဦးသင်္ကြန်ပွဲတွင် ဂျပန်နိုင်ငံဆိုင်ရာ NUG ကိုယ်စားလှယ် မြန်မာ့အရေး အားပေးစကားပြောကြားခဲ့… (ဓာတ်ပုံသတင်း)

ဂျပန်နိုင်ငံမှာ ဇူလိုင်လ ၂၇ ရက်က ပြုလုပ်ခဲ့တဲ့ Sapporo (Hokkaido) နွေဦးသင်္ကြန်ပွဲကို ဂျပန်နိုင်ငံ ဆိုင်ရာ အမျိုးသားညီညွတ်ရေးအစိုးရ ကိုယ်စားလှယ် စောဘလှသိန်းက နှစ်သစ်နှုတ်ခွန်းဆက်စကားနဲ့ မြန်မာနိုင်ငံအရေးအတွက် အားပေးစကားပြောကြားခဲ့တယ်လို့ NUG ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မင်းအောင်လှိုင်ကို ICC ဖမ်းဝရမ်းထုတ်မယ့်ကိစ္စ မျှမျှတတ လုပ်ဖို့ တရုတ်ပြော

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ICC က ဝရမ်းထုတ်ဖို့ကိစ္စမှာ တရားမျှတစွာနဲ့ ဖြေရှင်းပေးဖို့ လိုအပ်ကြောင်း တရုတ်နိုင်ငံက သူ့ရဲ့သဘောထားကို ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
Read More

မြန်မာနိုင်ငံဟာ ရွေးကောက်ပွဲလုပ်ဖို့ မသင့်တော်တဲ့ အခြေအနေဖြစ်လို့ နိုင်ငံတကာက ကန့်ကွက်ပေးဖို့ သံအမတ်ကြီး ဦးကျော်မိုးထွန်း တောင်းဆို

မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲကျင်းပဖို့ မသင့်တော်တဲ့ အခြေအနေမျိုးမှာ စစ်ကောင်စီက ရွေးကောက်ပွဲကို မဖြစ်မနေပြုလုပ်ဖို့ အားစိုက်လုပ်ဆောင်နေလို့ နိုင်ငံတကာက အပြင်းအထန် ကန့်ကွက်ပေးဖို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက တိုက်တွန်းလိုက်ပါတယ်။
Read More

မဏိပူရ်အကျဉ်းထောင်တွင် ဖမ်းဆီးထားသည့် မြန်မာနိုင်ငံသား ၆၀ ကျော်ကို ပြန်လွှတ်ပေးရန် ကူကီးလူ့အခွင့်အရေးအဖွဲ့ တောင်းဆို

အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်၊ အင်ဖာဗဟိုအကျဉ်းထောင်အတွင်း ထိန်းသိမ်းခံထားရတဲ့ မြန်မာနိုင်ငံသား ကူကီးလူမျိုး ၆၀ ကျော်ကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ ကူကီးလူ့အခွင့်အရေးအဖွဲ့ (KOHUR) က အမျိုးသားလူ့အခွင့်အရေးကော်မရှင် (NHRC) နဲ့ မဏိပူရ်ပြည်နယ်အုပ်ချုပ်ရေးမှူး Ajay Kumar Balla တို့ကို အရေးပေါ်အယူခံဝင်ခဲ့ကြောင်း အိန္ဒိယအရှေ့မြောက်သတင်းမှာ ဇူလိုင် ၂၇ ရက်က ဖော်ပြပါတယ်။
Read More

ဆိုးလ်မြို့လယ်မှာ ဒေါ်အောင်ဆန်းစုကြည်၏ ၈၀ ပြည့်နှစ်မွေးနေ့ အထိမ်းအမှတ် စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးနှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး တောင်းဆိုဆန္ဒပြ

တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့မှာ မြန်မာ့လူထုခေါင်းဆောင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၈၀ ပြည့်နှစ်မွေးနေ့ အထိမ်းအမှတ် စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးနဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေး ဆန္ဒပြချီတက်ပွဲကို ဇွန်လ ၁၅ ရက် ဒီနေ့ နေ့လယ်ပိုင်းမှာ ပြုလုပ်ခဲ့တယ်လို့ စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေးကော်မတီ (ကိုရီးယား) က ထုတ်ပြန်ပါတယ်။