ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်မှာ အကြမ်းဖက်စစ်တပ်က အထိုင်ချထားတဲ့ မုက္ခမူနဲ့ ကြံဘိုကုန်းကျေးရွာဂိတ်စခန်းတွေကို တော်လှန်ရေးတပ်တွေက ဝင်ရောက်တိုက်ခိုက်ရာ ဗိုလ်အဆင့်ရှိသူအပါဝင် ၃ယောက်သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူ အများအပြားရှိခဲ့တယ်လို့ Fire Dragon PDF က သတင်းထုတ်ပြန်ထားပါတယ်။
ဇန်နဝါရီလ ၁၆ရက်နေ့ မနက်အစောပိုင်းလောက်ကစလို့ မုက္ခမူနဲ့ ကြံဘိုကုန်းရွာက စစ်တပ်အထိုင်စခန်းတွေကို တော်လှန်ရေးတပ်တွေဝင်ရောက်ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ သိရတာပါ။
အထက်ပါ မုက္ခမူနဲ့ ကြံဘိုကုန်းရွာအထိုင် စစ်အုပ်စုတွေဟာ ညောင်လေးပင်- ရွှေကျင်ကားလမ်းပေါ် အထိုင်ချရင်း လမ်းသွားလမ်းလာ အရပ်သားပြည်သူတွေဆီက ငွေညှစ်တာ၊ ငွေကြေးကောက်ခံတာတွေအပြင် လူငယ်တွေကို စစ်မှုထမ်းအတွက် ပေါ်တာဆွဲ ဖမ်းဆီးတာတွေ လုပ်ဆောင်နေတာလို့လည်း သိရပါတယ်။
အထက်ပါစစ်အုပ်စုတွေကို တော်လှန်ရေးတပ်တွေက အပြီးသတ်ချေမှုန်းနိုင်ခဲ့ကြောင်းနဲ့ တိုက်ပွဲအတွင်း စစ်ဗိုလ် ၁ယောက်နဲ့ ပျူစောထီး ၂ယောက်သေဆုံးကာ ထိခိုက်ဒဏ်ရာရသူ ၅ယောက်ကျော်ရှိခဲ့တယ်လို့လည်း သိရပါတယ်။
စစ်ကောင်စီဂိတ်စခန်းတွေကို PDF (၃၇၀၃)တပ်ရင်း (မီးနဂါးများ)နဲ့အတူ တောကျီးကန်း၇ကောင်စစ်ကြောင်း၊ တော်ဝင်ဒေါင်းစစ်ကြောင်း၊ Spring Warrion Drone Team၊ (၁၈၀၅) Drone Teamတို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့လည်း Fire Dragon PDF ကထုတ်ပြန်ထားပါတယ်။
ပုံစာ- Fire Dragon PDF တပ်ဖွဲ့ဝင်များ
0 Shares:
You May Also Like
Read More

ရေဦးမြို့အနောက်ဘက်က ရွှေကျီးမင်းစစ်ကောင်စီဂိတ်ကို ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ရေဦးမြို့အနောက်ဘက်က ရွှေကျီးမင်းဂိတ်ကို ဒရုန်းတွေနဲ့ သွားရောက် ဗုံးချတိုက်ခိုက်ရာ စစ်ကောင်စီဘက်က ထိခိုက်မှုတွေရှိကြောင်း ရေဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးခဲ့သူ စုစုပေါင်း ၅၆၇၅ ယောက်အထိ ရှိနေပြီဖြစ်တယ်လို့ AAPP ထုတ်ပြန်

အကြမ်းဖက်စစ်တပ်က အာဏာသိမ်းပြီးတဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကနေ ၂၀၂၄ ခုနှစ် စက်တင်ဘာ ၂၀ ရက်အထိ အကြမ်းဖက်စစ်တပ်ကြောင့် ကျဆုံး ခဲ့သူ ၅၆၇၅ ယောက်အထိ ရှိပြီဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) က ထုတ်ပြန်ထားပါတယ်။
Read More

မြန်မာလူထု ဆန့်ကျင်နေတဲ့ စစ်တပ်ရဲ့ အတုအယောင် ရွေးကောက်ပွဲကြောင့် ပဋိပက္ခနဲ့ တိုက်ခိုက်မှုတွေ ပိုတိုးလာမယ်လို့ ကုလသမဂ္ဂမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်း ပြောဆို…

အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့၊ ကုလသမဂ္ဂဌာနချုပ်မှာ အောက်တိုဘာ ၂ ရက်က ကျင်းပတဲ့ ၇၉ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ၊ တတိယကော်မတီအစည်းအဝေးက လူမှုဖွံ့ဖြိုးတိုးတက်ရေးနဲ့ ပတ်သက်တဲ့ ဆွေးနွေးပွဲမှာ မြန်မာလူထု ဆန့်ကျင်နေတဲ့ စစ်တပ်ရဲ့ အတုအယောင် ရွေးကောက်ပွဲကြောင့် ပဋိပက္ခနဲ့ တိုက်ခိုက်မှုတွေ ပိုတိုးလာမယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက သတိပေးပြောဆိုလိုက်ပါတယ်။
Read More

ခမရ (၅၅၈) မှ အဓမ္မတပ်သားစုဆောင်းခံခဲ့ရသည့် စစ်သား (၂) ဦး လက်နက်ခဲယမ်းနှင့် အလင်းဝင်ရောက်လာ

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်အခြေစိုက် အကြမ်းဖက်စစ်ကောင်စီရဲ့ ခြေမြန်တပ်ရင်း ခမရ (၅၅၈) မှာ တာဝန်ကျနေတဲ့ စစ်သား ၂ ယောက် လက်နက်ခဲယမ်းနဲ့ အလင်းဝင်လာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဗျူဟာ ၃၃ ၊ ဒေါနစစ်ကြောင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ကူမင်းဆွေးနွေးပွဲ စတင်ရန် တစ်ရက်အလိုမှာ TNLA ထိန်းချုပ်ထားတဲ့ နောင်ချိုကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်

စစ်ကောင်စီက TNLAထိန်းချုပ်ထားတဲ့ နောင်ချိုမြို့နယ်ကို လေကြောင်းနဲ့ လက်နက်ကြီး အသုံးပြုပြီး ဗုံးအလုံးရေ ၁၇၀ ကျော် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဖေဖော်ဝါရီ ၁၅ ရက် ညပိုင်းမှာ TNLA က ထုတ်ပြန်ပါတယ်။
Read More

စလင်းမှာ မုဒိန်းကျင့်၊ လူသတ်ပြီး ကိုယ်အင်္ဂါတွေ ဖြ​တ်​တောက်ခဲ့သူကို ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ဖမ်းဆီးအရေးယူထား

မကွေးတိုင်း၊ စလင်းမြို့နယ်မှာ အမျိုးသမီးတစ်ယောက်ကို မုဒိန်းကျင့်သတ်ဖြတ်ပြီး ကိုယ်အင်္ဂါအစိတ်ပိုင်းတွေဖြတ်တောက်ခဲ့သူကို ဖမ်းဆီးအရေးယူထားကြောင်း စလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။