စစ်ကောင်စီက သူတို့လက်လွှတ်လိုက်ရတဲ့ ဒေသတွေကို ဦးစားပေးပြီး အရှိန်မြှင့်တိုက်ခိုက်မှုတွေ လုပ်ဆောင်နေတယ်လို့  လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့  (HRW) က ထုတ်ပြန်လိုက်ပါတယ်။

တိုက်ပွဲတွေမှာ အထိနာပြီး ဆုံးရှုံးမှုတွေ ဆက်တိုက်ဖြစ်နေတဲ့ အကြမ်းဖက်စစ်ကောင်စီဟာ သူတို့ ဆုံးရှုံးသွားတဲ့ နယ်မြေတွေမှာ အကြမ်းဖက်မှုတွေ တိုးမြှင့်လုပ်ဆောင်နေခြင်းဖြစ်တယ်လို့ HRW က ဇန်နဝါရီလ ၁၆ ရက်နေ့မှာ ထုတ်ပြန်လိုက်တာပါ။

စစ်ကောင်စီဟာ နိုင်ငံတဝန်း စစ်ဘက် အရပ်ဘက် မခွဲခြားဘဲ လေကြောင်းကနေတိုက်ခိုက်တာ၊ သတ်ဖြတ်တာ၊ အဓမ္မကျင့်တာ၊ ညှဉ်းပန်းနှိပ်စက်တာနဲ့ မီးရှို့တာတွေ အပါအဝင် အရပ်သားတွေနဲ့ အရပ်ဘက်အခြေခံအဆောက်အအုံတွေကို ဥပဒေမဲ့တိုက်ခိုက်မှုတွေ ကျူးလွန်နေတယ်လို့ ဆိုပါတယ်။ 

အဓိကအားဖြင့်  စစ်ကောင်စီဟာ တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်တဲ့နယ်မြေတွေထဲမှာ ကျူးလွန်တိုက်ခိုက်မှုတွေကို ဦးစားပေးလုပ်ဆောင်နေတာလို့ ရေးသားထားပါတယ်။ 

၂၀၂၄ ပထမ ကိုးလအတွင်း မြေမြှုပ်မိုင်းနဲ့ စစ်အကြွင်းအကျန် ပေါက်ကွဲပစ္စည်းတွေကြောင့် ကလေးငယ် ၂၄၅ ယောက်အပါအဝင် အရပ်သား ၈၈၉ ယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။လက်တွေ့မြေပြင်မှာ  ဒီအရေအတွက်ထက် ပိုမိုများပြားနိုင်တယ်လို့လည်း HRW က ဆိုပါတယ်။

ဒါ့အပြင် နိုင်ငံတကာက တားမြစ်ထားတဲ့ လူသတ်မိုင်းတွေ အသုံးပြုနေတဲ့ နိုင်ငံ ၄နိုင်ငံထဲမှာ မြန်မာနိုင်ငံ ပါဝင်နေတယ်လို့လည်း ဖော်ပြရေးသားထားပါတယ်။

ပြီးခဲ့တဲ့  ၂၀၂၁ မေလကနေ ၂၀၂၄ သြဂုတ်လအထိ စစ်ကိုင်းတိုင်းမှာ နေအိမ် တစ်သိန်းကျော်ကို စစ်တပ်က မီးရှို့ခဲ့တယ်လို့လည်း သိရပါတယ်။

စစ်ကောင်စီဟာ စစ်မှုထမ်းဥပဒေကို  အသုံးပြုပြီး လူငယ်လူရွယ်တွေ၊ အရွယ်မရောက်သေးတဲ့ ကလေးငယ်တွေ အပါအဝင် မိသားစုဝင်တွေကို ပြန်ပေးဆွဲတာ၊ အကျဉ်းချတာ၊ ရှေ့တန်းမှာ လူသားဒိုင်းအနေနဲ့ အသုံးပြုမှုတွေကိုလည်း ဆိုးဆိုးဝါးဝါး လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

0 Shares:
You May Also Like
Read More

ထားဝယ်မြို့အဝင် စစ်တပ်ဂိတ်ကို ပစ်ခတ်တိုက်ခိုက်၊ စစ်ကောင်စီတပ်သား ၇ ယောက်ထက်မနည်း သေဆုံး

တနင်္သာရီတိုင်း၊ ထားဝယ်မြို့အဝင်က အကြမ်းဖက်စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်ကို သွားရောက်ပစ်ခတ်တိုက်ခိုက်ရာ စစ်တပ်က ၇ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ ဒူရကစစ်ကြောင်းက ထုတ်ပြန်ထားပါတယ်။
Read More

မော်လမြိုင်-ကြာအင်းဆိပ်ကြီးလမ်းပိုင်းမှာ တော်လှန်ရေးပူပေါင်းအဖွဲ့က လမ်းလုံခြုံရေးအတွက် ရှောင်တခင် စစ်ဆေး

မွန်ပြည်နယ်၊ မော်လမြိုင်မြို့ နဲ့ ကရင်ပြည်နယ် ကြားအင်းဆိပ်ကြီး လမ်းပိုင်းမှာ မွန်ပြည်လွတ်မြောက်ရေးတပ်တော်၊  မွန်ပြည်သစ်ပါတီ (စစ်အာဏာ ရှင်တိုက်ဖျက်ရေး)၊ Lion Battalion စစ်ကြောင်း မဟာမိတ် ပူး‌ပေါင်းအဖွဲ့က ပြည်သူလူထုရဲ့ လုံခြုံရေးအတွက် ဒီနေ့မှာ ရှောင်တခင် စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။
Read More

ကနီ ချောင်းမကျေးရွာ တိုက်ပွဲအတွင်း စစ်အုပ်စု အလောင်း ၃ လောင်း၊ သုံ့ပန်း ၄ ဦးနှင့် လက်နက်ခဲယမ်းများ PDF ရရှိ

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ချောင်းမကျေးရွာက တပ်မ (၃၃) လက်အောက်ခံ၊ ခမရ (၁၆) ဗိုလ်မှူးသူရိန် ဦးဆောင်တဲ့ အကြမ်းဖက်စစ်ကြောင်းကို တိုက်ခိုက်မှုမှာ အကြမ်းဖက်စစ်တပ်ဘက်က ၃ယောက်သေဆုံးပြီး စစ်သုံ့ပန်း ၄ ယောက်နဲ့ လက်နက်ခဲယမ်းတွေရရှိခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာန (MOD)၊ PDF စစ်ရုံးချုပ်က သတင်းထုတ်ပြန်ပါတယ်။
Read More

ဖြူးက ဟိန္ဒူဘာသာရေးကျောင်းကို စစ်ကောင်စီ ဒရုန်းဖြင့် တိုက်ခိုက်မှုကြောင့် ပြည်သူ ၇ ဦး သေဆုံး

ပဲခူးတိုင်း၊ ဖြူးမြို့နယ်က ဟိန္ဒူဘာသာရေးကျောင်းကို စစ်ကောင်စီတပ်တွေက ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ ၇ဦး သေဆုံးကာ ၄ဦး ထိခိုက် ဒဏ်ရာရရှိသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

ကနီပညာရေးတာ၀န်ခံ မတရား သတ်ဖြတ်ခံရမှု အမှုမှန်ပေါ်ပေါက်ရေး တောင်းဆို လှုပ်ရှားမှု (ဓာတ်ပုံသတင်း)

ယင်းမာပင်ခရိုင် ကနီမြို့နယ် ပညာရေးတာဝန်ခံ မတရားသတ်ဖြတ်ခံရမှု အမှုမှန်ပေါ်ပေါက်ရေး၊ CDM များ လုံခြုံမှုရှိရေး ရေဦးမြို့နယ် ‌ကြားကာလတက္ကသိုလ်ကျောင်းသူကျောင်းသားများက တောင်းဆိုဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
Read More

နမ္မတူမြို့ထဲ စစ်တပ်ဗုံးကြဲ၊ ပြည်သူ ၃ ဦး သေဆုံးပြီး ၈ ဦး ဒဏ်ရာရ

တအာင်းတပ်မတော် TNLA ထိန်းချုပ်ထားတဲ့ နမ္မတူမြို့ကို စစ်ကော်မရှင်တပ်က ပေါင် ၅၀၀ ဗုံး ကြဲချတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၃ ယောက် သေဆုံးပြီး ၈ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ နယ်ခံတွေဆီက သိရပါတယ်။