စစ်ကိုင်းမြို့က နာမည်ကြီး ပျူစောထီး ခေါင်းဆောင် ရွှေကျားနဲ့ အဖွဲ့ကို ပစ်ခတ်ရှင်းလင်းပြီးတဲ့နောက် မင်းကွန်းနဲ့ ကျောက်တာရွာက ပြည်သူ့စစ်အဖွဲ့ဝင်တွေနဲ့ ထောက်ပံ့နေသူတွေရဲ့စာရင်းကို ရရှိထားပြီဖြစ်တာကြောင့် အရေးယူမှုတွေလုပ်ဆောင်သွားမယ်လို့ ယူနီကွန်းပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၇ရက်၊ ညနေပိုင်းက မင်းကွန်းကနေ စစ်ကိုင်းဘက်ကို ပြန်လာတဲ့ ပျူစောထီးခေါင်းဆောင်တစ်ဖြစ်လဲ စစ်ကိုင်းမြို့၊ မိုးဇာရပ်ကွက်အုပ်ချုပ်ရေးမှူး ဖြစ်သူ ကျော်မျိိုးထွန်း (ခ) ရွှေကျားနဲ့ အဖွဲ့ကို မင်းကွန်း-စစ်ကိုင်းလမ်းပိုင်းမှာ တော်လှန်ရေးတပ်တွေက ပစ်ခတ်ရှင်းလင်းခဲ့ကြပါတယ်။

ဒီတိုက်ခိုက်မှုကို ယူနီကွန်းပြောက်ကျားတပ်ဖွဲ့ပါဝင်တဲ့ Road To Mandalay အဖွဲ့နဲ့အတူ People Servant Force (P.S.F) တို့က လုပ်ဆောင်ခဲ့တာဖြစ်ပြီး ပျူခေါင်းဆောင်လင်မယား အပါအဝင် ၇ ယောက် သေကာ လက်နက်၆လက်နဲ့ ဆက်စပ်ပစ္စည်းတချို့ သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီတိုက်ခိုက်မှုအပြီး သေဆုံးသွားတဲ့ ပျူစောထီးအဖွဲ့ဝင်တွေဆီကနေ စစ်ကိုင်း၊ မင်းကွန်းနဲ့ ကျောက်တာရွာနေ ပြည်သူ့စစ်အဖွဲ့ဝင်တွေ၊ ထောက်ပံ့နေသူတွေရဲ့ နေရပ်လိပ်စာနဲ့ လက်နက်စာရင်းတွေကို ရရှိခဲ့တယ်လို့ ယူနီကွန်းပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

ဒါကြောင့် ရတဲ့နည်းလမ်းသုံးကာ အချိန်မီ အလင်းဝင်ကြဖို့နဲ့ အလင်းမဝင်ရင် တိုက်ခိုက်သွားမှာဖြစ်ကြောင်း သတိပေးထားပါတယ်။

“ကျနော်တို့ သူတို့ရဲ့နေရပ်လိပ်စာ လူစာရင်း မိသားစုတွေကအစ သိထားပြီး ဖြစ်ပါတယ်။ ဖုန်းတွေထဲကနေလည်း ပတ်သက်ဆက်နွယ်နေတဲ့ သတင်းပေးတွေ အထောက်အပံ့ပေးနေသူတွေလည်း သိထားတာမို့ တဆင့်ချင်း လိုအပ်တဲ့အရေးယူမှုတွေ လုပ်ဆောင်သွားမှာပါ။ အဓိက က သတင်းပေးဆိုပြီး မှတ်ထားတာတွေ အရေးယူရမှာပေါ့။ အရင်က PDF တွေ၊ PDF နဲ့ဆက်စပ်သူတွေ အဖမ်းခံခဲ့ရတာတွေက ဒီနယ်ခံသတင်းပေးတွေကြောင့်ပါ” လို့ ယူနီကွန်းပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

ဇန်နဝါရီ ၇ ရက်နေ့က ပြည်သူ့စစ်ခေါင်းဆောင် ရွှေကျားနှင့်အဖွဲ့ဆီက သိမ်းဆည်းရရှိသော စာရွက်စာတမ်းနှင့်ဆက်စပ်ပစ္စည်းများ

မင်းကွန်းပြည်သူ့စစ်အဖွဲ့ကို စစ်ကောင်စီရဲ့ ခမရ (၁၃) တပ်ရင်းက ဘီအေ (၆၃) အမျိုးအစား သေနတ် ၇၅လက်နဲ့ ဆက်စပ်ကျည်ဆံခဲယမ်းတွေ ထုတ်ပေးထားကြောင်းလည်း ယူနီကွန်းပြောက်ကျားတပ်ဖွဲ့က သိရှိထားပြီးဖြစ်တယ်လို့ ဆိုပါတယ်။

“ပြည်သူ့စစ် တော်တော်များများက မင်းကွန်းနယ်သားတွေမဟုတ်ကြဘဲ စစ်ကိုင်းမြို့ပေါ်က များပါတယ်။ ရွှေကျားကတော့ ပသစ ခေါင်းဆောင်ပေါ့” လို့ ယူနီကွန်းပြောက်ကျားတပ်ဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

ပြည်သူ့စစ်အဖွဲ့ ချေမှုန်းခံရပြီးနောက် စစ်ကိုင်းမြို့နယ်၊ ကျောက်တာ-ရေခါး ရွာထဲ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်အုပ်စုတွေက ဧရာဝတီမြစ်ကမ်းနံဘေးက လက်ပံရွာကို လက်နက်ကြီးပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အတွက် အရပ်သား၁ယောက် သေဆုံးခဲ့ရပါသေးတယ်။

ဒါ့အပြင် လက်ပံရွာကို ဝင်ရောက်မီးရှို့ခဲ့တာကြောင့်လည်း အိမ်ခြေ ၂၅အိမ်နီးပါး မီးလောင်ပျက်စီးခဲ့ကြောင်း သိရပါတယ်။

ယူနီကွန်းပြောက်ကျားတပ်ဖွဲ့အနေနဲ့ စစ်ကိုင်း၊ မင်းကွန်းတိုက်နယ်အပြင် မန္တလေးနဲ့ အနီးဆုံးနေရာတွေမှာပါ စစ်ရေးဖော်​​ဆောင်မှုတွေ လုပ်သွားမယ်လို့ အသိပေးထားပါသေးတယ်။

0 Shares:
You May Also Like
Read More

မိုးကုတ်တွင် စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၁ ဦး သေဆုံးပြီး ၁ ဦး ပြင်းထန်ဒဏ်ရာရ

မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၁ ယောက် သေဆုံးပြီး ၁ ယောက် ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ ပြင်ဦးလွင်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့က မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

ကျိုက်ထို-ဘီးလင်း လမ်းပိုင်းမှာ စစ်ကားတွေ ကြားဖြတ်တိုက်ခိုက်ခံရ၊ ၆ ယောက်ထက်မနည်း သေ

ရန်ကုန်-မော်လမြိုင် အဝေးပြေးလမ်းမကြီးပေါ်က ကျိုက်ထို-ဘီးလင်းလမ်းပိုင်းမှာ စစ်ကောင်စီယာဥ်တန်း မိုင်းဆွဲပစ်ခတ်တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သား (၆) ယောက်ထက်မနည်း သေဆုံးကာ ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း ၇၈၀၅၊ တပ်ခွဲ (၄) တပ်ခွဲဲမှူးက မောင်းကို ပြောပါတယ်။
Read More

တပ်နှင့်ကင်းကွာနေသူများ၊ ခွင့်ယူနေသူများ၊တပ်ပြေးများ ပြန်လာကြရန်နှင့် ပြန်မလာပါက အရေးယူသွားရန်ရှိကြောင်း စစ်ကိုင်းခရိုင် တပ်ရင်း (၃) ပြောကြား

တော်လှန်ရေးကာလ အရေးကြီးချိန်ဖြစ်တာကြောင့်အကြောင်းအမျိုးမျိုးနဲ့ တပ်နဲ့ကင်းကွာနေသူတွေ၊ ခွင့်ယူနေသူတွေနဲ့ တပ်ပြေးရဲဘော်တွေအနေနဲ့ မိခင်တပ်ရင်းထံ ပြန်လာပြီး တာဝန်ထမ်းဆောင်ကြဖို့နဲ့ သတ်မှတ်ရက်အတွင်း ပြန်မရောက်ရင် ဖမ်းဆီးအရေးယူခံရနိုင်ချေရှိကြောင်း စစ်ကိုင်းခရိုင် အမှတ် -၃ တပ်ရင်း တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

ရခိုင်မှာ စစ်ကောင်စီရဲ့ တိုက်ခိုက်မှုကြောင့် တစ်နှစ်တာအတွင်း အဆောက်အအုံ ၁၅၀ ကျော်နဲ့ တံတားအစင်းရေ ၂၈ စင်း ပျက်စီးခဲ့

အာရက္ခတပ်တော် AA နဲ့ စစ်ကောင်စီရဲ့ တိုက်ပွဲတွေအတွင်း စစ်ကောင်စီရဲ့ တိုက်ခိုက်မှုကြောင့် လူနေ အဆောက်အအုံ ၁၅၀ ကျော်လောက် ပျက်စီးခဲ့ရကြောင်း AA က အသိပေးထုတ်ပြန်ပါတယ်။
Read More

ဇီးတောရွာဘုန်းကြီးကျောင်း လေကြောင်းတိုက်ခိုက်ခံရ၊ စစ်ရှောင်ပြည်သူ ၁ဦးသေဆုံးပြီး ၁၀ဦးဒဏ်ရာရ

မကွေးတိုင်း၊ မြိုင်မြို့နယ်တောင်ပိုင်း၊ ဇီးတောရွာ ဘုန်းကြီးကျောင်းကို အကြမ်းဖက်စစ်အုပ်စုက လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တယ်လို့ We Love Myaing အဖွဲ့ထံက သိရပါတယ်။
Read More

စလင်းတွင် ၁၃ရက်ကြာ ထိတွေ့တိုက်ပွဲဖြစ်ပြီး စစ်အုပ်စုဘက်က ထိခိုက်ကျဆုံးမှုများပြား တိုက်ပွဲအတွင်း Yenanthar Column ရဲဘော်၁ဦးကျဆုံးခဲ့သလို အရပ်သား ၆ဦးလည်း ပစ်သတ်ခံရ

မကွေးတိုင်း၊ စလင်းမြို့နယ်မှာ စစ်ကြောင်းဝင် အကြမ်းဖက်စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေကြား ထိတွေ့တိုက်ပွဲတွေမှာ အထိနာခဲ့တဲ့ စစ်ကောင်စီက လေကြောင်းအဆက်မပြတ် အသုံးပြုခဲ့သလို နေအိမ်အလုံး ၄၀၀ ကျော်မီးရှို့ဖျက်ဆီးခဲ့ကြောင်းသိရပါတယ်။ ဒါ့အပြင် စစ်ကောင်စီက သက်ကြီးပိုင်းတွေ အပါအဝင် အရပ်သား ၆ယောက်ကို ပစ်ခတ်သတ်ဖြတ်ခဲ့တယ်လို့ စလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။