မကွေးတိုင်း၊ ချောက်မြို့နယ်မှာ အင်အားအလုံးအရင်း စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကြောင်းနဲ့ တော်လှန်ရေးတပ်တွေထိတွေ့တိုက်ပွဲဖြစ်ပြီး စစ်တပ်က အရပ်သား၂ ယောက်ကို ဦးခေါင်းတေ့ ပစ်ခတ်သတ်ဖြတ်ကာ ၁ ယောက်ကို ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။

ဇန်နဝါရီလ ၁၅ ရက်၊  မနေ့က မနက်အစောပိုင်းမှာ ချောက်မြို့နယ်၊ ကုန်းကြီးပျူ​စောထီးရွာကနေအင်အား၁၀၀နီးပါးနဲ့ ထွက်လာတဲ့ အကြမ်းဖက်စစ်ကြောင်းကို ချောက်အခြေစိုက်တော်လှန်ရေးတပ်တွေက ခုခံတိုက်ခိုက်ခဲ့တယ်လို့ Chauk Guerrilla Force (C.G.F) တာဝန်ခံ ကိုပိုင်က ပြောပါတယ်။

“ထိန်စမ်းရွာကို ဦးတည်စစ်ကြောင်းထိုးလာတာလို့ ပြောရမယ်။ မနက် ၆နာရီ ၄၅မိနစ်မှာ ကျနော်တို့နဲ့ ထိတွေ့တိုက်ပွဲ စဖြစ်တယ်။ သူတို့ပြန်ဆုတ်သွားတာက ၁၀နာရီခွဲလောက်မှာပါ။ တိုက်ပွဲက ၃နာရီကျော်လောက် ရှိတယ်။ ကျနော်တို့ပစ်တဲ့ လက်နက်ကြီးကြောင့် စခဘက်က ခန့်မှန်းခြေ ၆ယောက်လောက် ထိခိုက်သွားဖို့ ရှိပါတယ်” လို့ Chauk Guerrilla Force ( C.G.F) တာဝန်ခံ ကိုပိုင်က မောင်းကိုပြောပါတယ်။

စစ်ကောင်စီတပ်တွေကို Chauk Guerrilla Force (C.G.F) နဲ့အတူ ချောက်ပကဖ၊ မကွေးခရိုင် ပကဖ အထူးတိုက်ခိုက်ရေးတပ်ဖွဲ့ ၊ Chauk Revoultion Army နဲ့ အာဠာဝက မြို့ပြပြောက်ကျားတပ်ဖွဲ့ အပါအဝင် ချောက်မြို့နယ် တော်လှန်ရေးတပ်ပေါင်းစုတွေက ပူးပေါင်းတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

စစ်ကောင်စီတပ် သတ်ဖြတ်သွားသည့် ထိန်စမ်းကျေးရွာနေ ပြည်သူ ၂ ဦး

“ထိခိုက်သေဆုံးတဲ့ စခတွေကို ချောက်မြို့ကနေ လူနာတင်ကားတွေနဲ့ သယ်သွားတယ်။ ဒဏ်ရာရတဲ့သူတွေ ချောက်မြို့ဆေးရုံမှာ ကုနေတယ်လည်း သိရတယ်။ အကောင်ကြီးကြီးပါမယ် ထင်ပါတယ်။ လုံခြုံရေးချထားတယ်ပေါ့။ သူတို့က ရွာထဲကို ဝင်ပြီး လူရှိတဲ့အိမ်တွေ ရိုက်နှက်တယ်။ အဲ့မှာ ရွာသား၃ယောက်ကို ဖမ်းမိတော့ ၂ယောက်ကို သေနတ်နဲ့ တေ့ပစ်သွားတယ်။ အသက် ၃၀ ဝန်းကျင်တွေပဲ ရှိပါမယ်။ အလောင်းတွေကို ကျနော်တို့ နယ်မြေရှင်းလင်းရေးလုပ်ပြီး ပြန်ရတော့ သဂြိုလ်ပေးခဲ့ပါတယ်။ ၁ယောက်ကို ဖမ်းသွားတယ်ပေါ့” လို့ Chauk Guerrilla Force (C.G.F) တာဝန်ခံ ကိုပိုင်က ပြောပါတယ်။

လက်ရှိအချိန်မှာ ထိန်စမ်းကျေးရွာတဝိုက် စစ်ရေးတင်းမာနေဆဲဖြစ်ပြီး အရပ်သားတွေလည်းတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

အဲဒီဖြစ်စဥ်မတိုင်ခင် တစ်ရက်အလို ဇန်နဝါရီ ၁၄ရက်နေ့ကလည်း စစ်အုပ်စုတွေက လင်းတကိုင်းတိုက်နယ်ထဲက နေအိမ်တွေကို စစ်ကြောင်းဝင်မီးရှို့ပြီး ပြည်သူပိုင်ပစ္စည်းတွေ လုယက်နေလို့ Chauk Guerrilla Force (C.G.F) နဲ့ ပူးပေါင်းတပ်တွေက လက်နက်ကြီးတွေ ပစ်ခတ်တိုက်ခိုက်ခဲ့ပါသေးတယ်။

0 Shares:
You May Also Like
Read More

စစ်အာဏာရှင်လက်အောက် အနှစ်သာရ ကင်းမဲ့နေတဲ့ မြန်မာသင်္ကြန် ယူနက်စကို စာရင်းဝင်ခဲ့ပြီ

မြန်မာ့ရိုးရာအတာသင်္ကြန်ဟာ မြန်မာပြည်သူပြည်သားတွေ အားလုံးမျှော်လင့်နေတဲ့ ယူနက်စကိုရဲ့ ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုစာရင်းဝင်အဖြစ် အသိအမှတ်ပြု စာရင်းဝင်ခဲ့ပါပြီ။
Read More

မြိုင် စက်မှု (၂) ဘက် ထွက်ခွာလာသည့် စစ်အုပ်စု မိုင်းမိပြီး ထိခိုက်သူများ ရှိ

မကွေးတိုင်း၊ မြိုင် စက်မှု (၂) ဘက်ကို ထွက်ခွာလာတဲ့ စစ်ကော်မရှင်တပ်သားတွေ မိုင်းနင်းမိတဲ့အတွက် ထိခိုက်ဒဏ်ရာရသူတွေ ရှိခဲ့ကြောင်း အညာမြေတပ်ပေါင်းစုထံက သိရပါတယ်။
Read More

စစ်အာဏာသိမ်း (၄)နှစ်ကျော်အတွင်း အရပ်သား ၆၃၀၀ ကျော် စစ်ကောင်စီကြောင့် သေဆုံးခဲ့ရ

စစ်အာဏာသိမ်း (၄)နှစ်တာအတွင်း နိုင်ငံတစ်ဝန်း စစ်ကောင်စီကြောင့် အရပ်သား ခြောက်ထောင်ကျော် (၆,၃၆၄) ဦးသေဆုံးခဲ့ရပြီး ဖမ်းဆီးခံရသူ ၂၈,ဝဝဝ (၂၈,၇၁၂ ဦး) ကျော်ရှိခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ကထုတ်ပြန်ပါတယ်။
Read More

KNDF ဗျူဟာ အမှတ် (၁) တပ်ရင်းအမှတ် (၃) ၏ တပ်ဗိုလ်၊ တပ်မှူးများ ပြန်လည်ရွှေးချယ်တင်မြှောက်ခြင်း အခမ်းအနား (ဓာတ်ပုံသတင်း)

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် - KNDF ရဲ့ စစ်ဗျူဟာ အမှတ် (၁) တပ်ရင်းအမှတ်(၃)က တပ်ဗိုလ် ၊ တပ်မှူးတွေ ပြန်လည်ရွှေးချယ်တင်မြှောက်ခြင်း အခမ်းအနားကို အောက်တိုဘာ ၁၄ ရက်က ကျင်းပပြုလုပ်ခဲ့တယ်လို့ KNDF ဖယ်ခုံဇုန်က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဒီပဲယင်းမြို့နယ်အတွင်း မူးမြစ်တစ်လျှောက် ရေစီး၊ ရေလာကောင်းမွန်စေရေးအတွက် ဒီပဲယင်းမြို့နယ် ပအဖ လုပ်ဆောင်နေ… (ဓာတ်ပုံသတင်း)

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်အတွင်းရှိ တောင်သူလယ်သမားတွေရဲ့ လယ်ယာလုပ်ငန်းခွင်တွေအတွက် အရေးကြီးတဲ့ မူးမြစ် တစ်လျှောက် ရေစီး၊ ရေလာကောင်းမွန်စေရေးအတွက် မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရဲ့ ဆည်မြောင်းဌာန၊ စိုက်ပျိုးရေးဌာနတို့နဲ့ ဒေသတွင်းရှိတောင်သူတွေ ပူးပေါင်းပြီး ရေလမ်းရှင်း အမှိုက်ဆည်ယူခြင်း၊ ခြုံနွယ်တွေ ရှင်းလင်းခြင်း စတဲ့လုပ်ငန်းတွေကို အခုနှစ် ဇူလိုင်လ စိုက်ပျိုးချိန်အမီ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
Read More

မြင်းခြံရှိ စစ်အုပ်စုဂိတ်စခန်းကို RPG သုံးကာ စီးနင်းတိုက်ခိုက်၊ စစ်အုပ်စု ၈ဦးသေပြီး အများအပြား ဒဏ်ရာရ

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်မှာ အကြမ်းဖက်စစ်အုပ်စုဂိတ်စခန်းကို RPG အပါ လက်နက်ငယ်တွေနဲ့ စီးနင်းတိုက်ခိုက်ရာ အုပ်ချုပ်ရေးမှူး ၁ ယောက် အပါအဝင် စစ်သား၊ ရဲနဲ့ ပျူစောထီး ၈ယောက်သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူ အများအပြားရှိခဲ့တယ်လို့ မြင်းခြံခရိုင်အမှတ် (၇) တပ်ရင်း (Zero ပြောက်ကျားတပ်ဖွဲ့) ခေါင်းဆောင် ကိုသက်ကြီးက မောင်းကို ပြောပါတယ်။