ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အခြေစိုက် စစ်ကောင်စီတပ်က ကမိုင်ကုန်းကျေးရွာကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူ ၁ ယောက် သေဆုံးပြီး ၁ ယောက် ဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး – KNU (ဗဟို)က ထုတ်ပြန်ထားပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်က ဇန်နဝါရီ ၁၄ရက်မှာ မောင်းမကျေးရွာအုပ်စု၊ ကမိုင်ကုန်းကျေးရွာကို တိုက်ပွဲမဖြစ်ပွားဘဲ ဒရုန်းနဲ့ ဗုံးတွေ လိုက်လံကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီရဲ့ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကမိုင်ကုန်းကျေးရွာနေ အသက် (၂၇)နှစ်အရွယ် ပြည်သူတစ်ယောက် မီးလောင်ဒဏ်ရာရခဲ့ပြီး အသက် (၅၇)နှစ် အရွယ် ပြည်သူတစ်ယောက်ကတော့ ပြင်းထန်ဒဏ်ရာနဲ့အတူ ဆေးရုံကို ပို့ဆောင်နေချိန်မှာ အသက်သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ရွှေမှော်မှ ပြန်လာသည့် ပြည်သူ ၆ ဦးကို စစ်အုပ်စု အရှင်လတ်လတ် မီးရှို့သတ်၊ ၁ ဦး ထွက်ပြေးလွတ်မြောက်လာ

အကြမ်းဖက်စစ်ကော်မရှင်တပ်သားတွေဟာ ရွှေမှော်ကနေ ပြန်လာတဲ့ အရပ်သားပြည်သူ ၇ ယောက်ကို အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခဲ့ရာ ၁ ယောက်သာ ထွက်ပြေးလွတ်မြောက်လာတယ်လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

စစ်ကော်မရှင် အဓမ္မ တပ်သားသစ်စုဆောင်းမှု ခန့်မှန်းထားသည်ထက် ပိုမိုရရှိနေ၊ ပြန်လည်ထွက်ပြေး လွတ်မြောက်လာသူ အနည်းငယ်သာရှိဟု ဆို

အာဏာသိမ်း အကြမ်းဖက်စစ်တပ်က တရားမဝင် စစ်မှုထမ်းဥပ‌ဒေ ပြဌာန်းပြီးတဲ့နောက် အတင်းအဓမ္မ တပ်သားသစ် စုဆောင်းရရှိနေမှုဟာ ခန့်မှန်းထားတာထက် ပိုမိုများပြားနေပြီး ပြန်လည်ထွက်ပြေးလွတ်မြောက်လာတဲ့ အရေအတွက်က အနည်းငယ်သာရှိတယ်လို့ မြန်မာ့စစ်ဘက်ရေးရာနဲ့ လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့ MDSI က ထုတ်ပြန်ပါတယ်။
Read More

ဝေါလေလမ်းပိုင်းမှာရှိတဲ့ ရွှေအေးမြိုင် ဘုရားကုန်းက အကြမ်းဖက်စစ်တပ် ကာကင်းစခန်းက စစ်သား ၁၆ဦးလတ်နတ်ခဲယမ်းများနဲ့အတူ အလင်းဝင်ရောက်လာ

ကရင်ပြည်နယ်၊ ဝေါလေလမ်းပိုင်းမှာရှိတဲ့ ဥကရစ်ထစခန်းရဲ့ ကာကင်းကုန်းဖြစ်တဲ့ ရွှေအေးမြိုင်ဘုရားကုန်းစခန်းမှာရှိတဲ့ အကြမ်းဖက်စစ်တပ်က ဗိုလ်ကြီးအဆင့်အပါအဝင် စခန်းတခုလုံးက စစ်သားတွေ KTLA စစ်ကြောင်းဆီကို လက်နတ်ချအလင်းဝင်ရောက်ခဲ့တယ်လို့ KTLA တော်လှန်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။
Read More

အကြမ်းဖက်စစ်တပ်က ကျောက်မဲမြို့ကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်….

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့၊ ရပ်ကွက် (၂) ထဲကို အကြမ်းဖက် စစ်တပ်က လေကြောင်းနဲ့ ပေါင်(၂၅၀)ဗုံး (၂)လုံး လာရောက်ကြဲချ တိုက်ခိုက်ခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ထုတ်ပြန်ထားပါတယ်။
Read More

ဆားလင်းကြီး တိုက်နယ်ဆေးရုံကို စစ်အုပ်စု ဗုံးကြဲတိုက်ခိုက်၍ ဆရာဝန်တစ်ဦးအပါ သုံးဦး သေဆုံး

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ် တိုက်နယ်ဆေးရုံကို စစ်အုပ်စုကဗုံးကြဲတိုက်ခိုက်လို့ ဆရာဝန်တစ်ယောက်အပါအဝင် သုံးယောက် သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

သရက်ခရိုင် PDF တပ်ရင်း (၄)မှ ပြည်သူလူထုနှင့် တွေ့ဆုံပြီး ကျေးရွာချင်းဆက်လမ်းများ ပြုပြင်ပေးနေ…

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ် (၁) စစ်ဒေသ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ သရက်ခရိုင် တပ်ရင်း အမှတ် (၄) က စိုးမိုးနယ်မြေအတွင်းရှိ ကျေးရွာတွေမှာ လူထုတွေ့ဆုံပွဲနဲ့ ပြည်သူ့အကျိုးပြုလုပ်ငန်းတွေ လုပ်ဆောင်ခဲ့တယ်လို့ အဆိုပါတပ်ရင်းက ထုတ်ပြန်ထားပါတယ်။