မြေပြင်က NUG လက်အောက်ခံ ပ သုံးလုံး အဖွဲ့တွေ ပိုမိုအလုပ်ဖြစ်စေရေး လက်မနှေးဖို့ အလွန်အရေးကြီးတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားလိုက်ပါတယ်။

မြေပြင်မှာ ပြည်သူနဲ့ တိုက်ရိုက်ထိတွေ့ဆက်ဆံနေတဲ့ ပ သုံးလုံးယန္တရား အဖွဲ့တွေကို ပြုပြင်ပြောင်းလဲရေးတွေ လုပ်ဆောင်ဆောင်ဖို့ ယာယီသမ္မတက ၂/၂၀၂၅ NUG အစိုးရအဖွဲ့ အစည်းအဝေးမှာ ထည့်သွင်းပြောကြားလိုက်တာပါ။ 

“ပသုံးလုံး ယန္တရားဖြစ်တဲ့ ပြည်သူ့ကာကွယ်ရေး၊ ပြည်သူ့အုပ်ချုပ်ရေးနဲ့ ပြည်သူ့လုံခြုံရေးအဖွဲ့တွေ တော်တည့်ဖြောင့်မတ်ရေးဟာ အင်မတန် အရေးကြီးတယ်လို့ ပြောနိုင်ပါတယ်။ ကျနော်တို့ဟာ ပသုံးလုံး ပြုပြင်ပြောင်းလဲရေးကို အကောင်အထည်ဖော်ရာမှာ လက်လည်း မနှေးသင့်သလို၊ အလုပ်ဖြစ်ရုံမျှ ပြုပြင်ပြောင်းလဲရေး ဆိုတာထက်လည်း ပိုသင့်တယ်လို့ ထင်ပါတယ်” လို့ ယာယီသမ္မတက ဆိုပါတယ်။

တော်လှန်ရေးရဲ့ အုတ်မြစ်ဟာ လူထုဖြစ်တဲ့အကြောင်း ၊ လူထုဟာ ပသုံးလုံး ယန္တရားနဲ့ နေ့စဉ် ထိတွေ့နေကြရတာဖြစ်လို့ အထူးပြုပြင်ပြောင်းလဲရေးတွေ လုပ်ဆောင်ဖို့ မှာကြားလိုက်တာပါ။

၂/၂၀၂၅ NUG အစိုးရအဖွဲ့ အစည်းအဝေး (ဓာတ်ပုံ NUG)
၂/၂၀၂၅ NUG အစိုးရအဖွဲ့ အစည်းအဝေး (ဓာတ်ပုံ NUG)

ပ သုံးလုံး (ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့-ပအဖ၊ ပြည်သူ့လုံခြုံရေးအဖွဲ့-ပလဖ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့-ပကဖ) တို့နဲ့ပတ်သက်ပြီး လက်ရှိ လူထုအကြားမှာ ဝေဖန်မှုများစွာလည်း ရှိနေပါတယ်။

ပသုံးလုံးနဲ့ ပတ်သက်လို့ လက်ရှိ NUG ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနနဲ့ ပြည်ထဲရေးဝန်ကြီးဌာနကို တိုင်ကြားထားတဲ့ အမှုပေါင်း ၈၀ခန့်ရှိပြီး အဲဒီထဲက ၁၄ရာခိုင်နှုန်း (အမှု ၁၁ခု)ကိုသာ အရေးယူထားကာ ကျန်တဲ့အမှု ၇၀ နီးပါးဟာ စစ်ဆေးနေဆဲဖြစ်တယ်လို့  ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် စက်တင်ဘာလအတွင်းမှာ NUG ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

ဒေသတွင်း ပအဖနဲ့ ပလဖတို့ကို ပြည်ထဲရေးဝန်ကြီးဌာနက ကိုင်တွယ်ပြီး ပကဖကိုတော့ ကာကွယ်ရေးဝန်ကြီးဌာနက ကိုင်တွယ်နေတယ်လို့လည်း သိရပါတယ်။

ပသုံးလုံးအဖွဲ့တွေဟာ မြေပြင်မှာ အခွန်ဘဏ္ဍာကောက်ခံခြင်း ကိစ္စရပ်တွေအပါအဝင် အာဏာကိုကျော်လွန်အသုံးပြုတဲ့  ဖြစ်စဉ်မျိုးတွေရှိနေကြောင်း ဒေသခံတချို့က ဝေဖန်တာ NUG ထံတိုင်ကြားထားတာ ဖြစ်ပါတယ်။ 

ဒါ့အပြင် ပသုံးလုံးယန္တရားလို့ခေါ်တဲ့ ပြည်သူ့အုပ်ချုပ်ရေး (ပအဖ)၊ ပြည်သူ့ကာကွယ်ရေး (ပကဖ) နဲ့ ပြည်သူ့လုံခြုံရေး (ပလဖ) တို့ကြားက အချင်းချင်း ပွတ်တိုက်မှုတွေ၊ ပသုံးလုံးယန္တရား နဲ့ PDF တပ်ရင်းတပ်ဖွဲ့တွေကြား အငြင်းပွါးမှုတွေ၊ ဒေသတွင်းကာကွယ်ရေးအဖွဲ့ LPDF တွေကြား အမြင်လွဲမှားမှုတွေလည်း မြေပြင်မှာ ဖြစ်ပေါ်လျက်ရှိနေပါတယ်။

“အခုဆိုရင် အုပ်ချုပ်ရေးကဏ္ဍဘက်နဲ့ အခွန် ဘဏ္ဍာဆိုင်ရာကဏ္ဍတွေဘက်မှာ အသံတွေ အတော်ထွက်ပြီး တချို့မြို့နယ်တာဝန်ရှိသူတွေအနေနဲ့ တော်လှန်ရေးလမ်းကြောင်းကို သွေဖယ်လာတာမျိုး တွေလည်းရှိတာမို့ တင်းတင်းကြပ်ကြပ် စီမံဆောင်ရွက်သွားကြဖို့လည်း ရှိပါတယ်”လို့ NUG ရဲ့ ၂/ ၂၀၂၅ အစည်းအဝေးမှာ  ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောကြားခဲ့ပါတယ်။

0 Shares:
You May Also Like
Read More

ဘိုကလေးမြို့နယ်အတွင်း ခိုးဆိုးလုနှိုက်တွေနဲ့ ထောင်ထွက်တွေကို အကြမ်းဖက်စစ်တပ်က စစ်သင်တန်းနဲ့ လက်နက်ငယ်သင်တန်း ပို့ချနေ

ဧရာဝတီတိုင်း၊ ဘိုကလေးမြို့နယ်ထဲက ခိုးဆိုးလုနှိုက် လုပ်နေသူတွေနဲ့ ရာဇဝတ်မှုတွေကြောင့် ထောင်ကျထားပြီး ထောင်ကပြန်လွှတ်ပေးလိုက်တဲ့သူတွေကို အကြမ်းဖက်စစ်တပ်က စစ်သင်တန်းနဲ့ လက်နက်ငယ် ပစ်ခတ်မှုသင်တန်းတွေ ပေးနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

မင်းအောင်လှိုင်ရဲ့ တရုတ်ခရီးစဉ်က နိုင်ငံတော်အဆင့်မဟုတ်ဘဲ ပြည်နယ်အဆင့် စီးပွားရေးဆွေးနွေးပွဲတစ်ခုသာဖြစ်ကြောင်း NUG ပြော

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ တရုတ်ခရီးစဉ်ဟာ နိုင်ငံတော်အဆင့်မဟုတ်ဘူးလို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့နိုင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင်က ပြောပါတယ်။
Read More

ဖားကန့်မှာ ဖြစ်ပွားခဲ့သည့်ပေါက်ကွဲမှု ယမ်းဂိုဒေါင်ပေါက်ကွဲမှု သို့မဟုတ် စစ်ကောင်စီတပ် ဒရုန်းနှင့် ပစ်ခတ်သည့် ပုံစံ ဖြစ်နိုင်ဟု ဆို… ပေါက်ကွဲမှုကြောင့် နေအိမ် ၂ လုံးမှ မိသားစုဝင် ၉ ဦးသေဆုံး၊ နေအိမ် ၁၀ လုံးပျက်စီး…

“ပထမတော့ ပေါက်ကွဲသံ သေးသေးလေး ကြားရတယ်။ ဒရုန်း နဲ့ ပစ်သလိုမျိုး ၊ လက်နက်ကြီးတစ်လုံးကျပြီးမှယမ်းဂိုဒေါင်ပေါက်ကွဲတဲ့ ပုံစံမျိုး၊ ဘယ်သူမှတော့ အတည်ပြုလို့မရဘူး ၊ ပေါက်ကွဲမှုကြောင့်အလင်းရောင်မြင်လိုက်ရတယ်ဆိုတော့ ဒရုန်း နဲ့ချတယ်လို့လည်းပြောကြတယ်။ တကယ်လို့ ဖားကန့်ဗျူဟာကုန်းကနေ ပစ်တယ်ဆိုလည်း ​ဗျူဟာကုန်းကနေ အသံကြားပြီးမှ ကျတဲ့အသံကြားမှာလေ၊ အဲသလိုလည်းမဟုတ်ဘူး”လို့ ဖားကန့်မြို့ခံတစ်ဦးက မောင်း ကိုပြောပါတယ်။
Read More

ဖားအံခရိုင်အတွင်း ဖမ်းမိသည့် ထိုင်းဘတ် ၃,၀၅၉ သိန်းတန်ဖိုးရှိ မူးယစ်ဆေးများကို ထိုင်းတာဝန်ရှိသူများနှင့်အတူ KNU မီးရှို့ဖျက်ဆီး၊ မူးယစ်ဆေးဝါးတိုက်ဖျက်ခြင်းကို ထိုင်းနိုင်ငံနှင့်အတူ လက်တွဲဆောင်ရွက်နေဟု KNU ဆို

ကရင်ပြည်နယ်ရှိ ကရင်အမျိုးသားအစည်းအရုံး (KNU) ရဲ့ ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ဖားအံခရိုင်အတွင်း ဖမ်းဆီးရမိတဲ့ ကာလတန်ဖိုး ပျမ်းမျှ ထိုင်းဘတ် ၃,၀၅၉ သိန်းတန်ဖိုးရှိ မူးယစ်ဆေးဝါး (WY) အလုံးရေ ၆,၁၁၇,၉၀၁ လုံးကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ KNU က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ပြည်သူတွေလက်မခံတဲ့ ရွေးကောက်ပွဲ ကျင်းပမယ့်ရက် စစ်အုပ်စု ကြေညာ

ပြည်တွင်းစစ် ပြင်းထန်စွာဖြစ်ပွားနေတဲ့အကြား စစ်အုပ်စုက သူတို့ရဲ့ ထွက်ပေါက်ဖြစ်စေမယ့်ရွေးကောက်ပွဲကို ဒီဇင်ဘာ ၂၈ ရက်မှာ စတင်ပြုလုပ်မယ်လို့ ဩဂုတ်လ ၁၈ ရက်က ကြေညာခဲ့ပါတယ်။
Read More

AA ထိန်းချုပ်ရာ သံတွဲမြို့ကို စစ်တပ် လေကြောင်းတိုက်ခိုက်၊ ဒေသခံ ၁ ဦး သေဆုံးပြီး ကလေးငယ်အပါ ၅ ဦး ဒဏ်ရာရ

ါးနေသလိ ရခိုင်ပြည်နယ်၊ သံတွဲမြို့ကို အကြမ်းဖက်စစ်တပ်က မနေ့ညပိုင်းမှာ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၁ယောက် သေဆုံးပြီး ကလေးအပါအဝင် ၅ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေထံက သိရပါတယ်။