စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်မှာ လွတ်ရက်စေ့ပြီးလွတ်​မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသားတချို့ကို ရဲက ပြန်လည်ဖမ်းဆီးပြီး အချုပ်ချထားကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ဦး​ဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက မောင်းကို ပြောပါတယ်။

ပြီးခဲ့တဲ့နှစ် (၂၀၂၄) အောက်တိုဘာလက စလို့ ရွှေဘိုအကျဥ်းထောင်ကနေ လွတ်ရက်စေ့ပြီး ပြန်လည်လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသားတချို့ ထောင်ဗူးဝမှာပဲ ပြန်လည်ဖမ်းဆီးခံရတာတွေ ရှိခဲ့ပါတယ်။

၂၀၂၅ ခုနှစ် ဇန်နဝါရီလအတွင်းမှာလည်း အထက်ပါပုံစံမျိုးဖမ်းဆီးခံရသူ ၁၀ ယောက်ကျော် ရှိပြီး အများစုဟာ နိုင်ငံရေးအကျဉ်းသားတွေ ဖြစ်ကာ ဥပဒေပုဒ်မ တပ်ထားခြင်း မရှိဘဲ တရားမဝင် အချုပ်ချခံရတာလို့လည်း သိရပါတယ်။

ဒီလိုမျိုး အချုပ်ချခံထားရသူတွေဟာ မိသားစုဝင်တွေနဲ့လည်း အဆက်အသွယ်ဖြတ်တောက်ခံထားရတယ်လို့ ကိုသိုက်ထွန်းဦးက ပြောပါတယ်။

“ရက်အလိုက်အရေအတွက်တော့ မသိရသေးပေမယ့် ဇန်နဝါရီပထမအပတ်မှာတင်ပဲ ၁၅ယောက်ဝန်းကျင်လောက် ဒီလိုမျိုး ဖမ်းဆီးခံထားရပါတယ်။ ထောင်ကိုပြန်ပို့တာမျိုးတော့ မဟုတ်ဘူး။ ရွှေဘိုမြို့မရဲစခန်းရယ် ၊ ရဲစခန်းအနီးက မှန်သာ ဘုန်းကြီးကျောင်းရယ်မှာ ၂နေရာဖြန့်ပြီး ဖမ်းဆီးထိန်းသိမ်းထားတယ်ပေါ့။ အဓိကအားဖြင့်တော့ အကျဥ်းထောင်အာဏာပိုင်တွေရယ်၊ မြို့မရဲစခန်းမှူးရယ်၊ မှန်သာကျောင်းမှာတပ်စွဲထားတဲ့ စစ်တပ်အရာရှိတွေရယ် ပေါင်းပြီး စနစ်တကျရည်ရွယ်ချက်ရှိရှိနဲ့ လုပ်ဆောင်နေတာလို့ မြင်ပါတယ်” လို့မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ဦး​ဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက မောင်းကို ပြောပါတယ်။

အကျဥ်းထောင်တစ်ခုရှေ့က ရဲတပ်ဖွဲ့ဝင်များ (ဓာတ်ပုံ PPNM)

လွတ်ရက်စေ့နေပြီဖြစ်ပေမယ့် အခုလို ပြန်လည်ဖမ်းဆီးထားတာမျိုးဟာ လူသားတစ်ယောက်ရဲ့ လွတ်လပ်စွာသွားလာခွင့်ကို ပေါ်ပေါ်တင်တင် ချိုးဖောက်နေတာဖြစ်သလို နောက်ထပ်လွတ်မြောက်လာမယ့်သူတွေအဖို့လည်း အလားတူ ပြန်ပြီး ဖမ်းဆီးခံရမယ့်အခြေအနေတွေ ရင်ဆိုင်နေရတယ်လို့ PPNM ကထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂ရက်နေ့ကလည်း ရွှေဘိုထောင်မှာ ထောင်၂ နှစ် ကျပြီး ပြန်လည်လွတ်​​မြောက်လာတဲ့ နိုင်ငံရေးအကျဥ်းကျ လူငယ်တချို့ကို ထောင်ဗူးဝမှာပဲ ရဲက ပြန်ပြီးဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက နိုင်ငံရေးအကျဥ်းကျနေသူ ၆၀၀နီးပါးပြန်လွှတ်ပေးခဲ့ကြောင်း ပြီးခဲ့တဲ့ ဇန်နဝါရီလ ပထမပတ်မှာ လိမ်လည်ပြောကြားခဲ့ပေမယ့် လက်တွေ့မှာ အကျဥ်းလွတ်နိုင်ခြေ ၆ပုံ ၁ပုံပဲ လွတ်မြောက်ခွင့်ပေးခဲ့တာဖြစ်ကြောင်း၊ မူးယစ်ဆေးဝါးသုံးစွဲသူတွေနဲ့ ခိုးဆိုးလုနှိုက်တွေကိုပဲ အဓိကထား ပြန်လွှတ်ပေးခဲ့ကြောင်း အများက ထောက်ပြကြပါတယ်။

 

0 Shares:
You May Also Like
Read More

စလင်းတွင် မဲစာရင်းစစ်ပြီး ပြန်လာသည့် စစ်ကားများ တိုက်ခိုက်ခံရပြီး အကြမ်းဖက်စစ်ဗိုလ် ၁ဦး နေရာတင်သေဆုံး၊ ၃ဦး အပြင်းအထန်ဒဏ်ရာရ

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်မှာ ရွေးကောက်ပွဲ အတုအတွက် မဲစာရင်းစစ်ပြီး ပြန်လာတဲ့ စစ်အုပ်စုကားတွေ တိုက်ခိုက်ခံရပြီး ဗိုလ်အဆင့်ရှိသူ ၁ယောက်သေဆုံးကာ ထိခိုက်ဒဏ်ရာပြင်းထန်သူ ၃ယောက်ရှိခဲ့ကြောင်း ဒေါင်းစစ်အောင် LPDF တာဝန်ခံ ကိုထူးလေးက မောင်းကိုပြောပါတယ်။ ပြီးခဲ့တဲ ဒီဇင်ဘာလ၄ရက်နေ့က စလင်းမြို့နယ်လမ်းပိုင်းတစ်နေရာမှာ မဲစာရင်းစစ်ဆေးပြီး ပြန်လာတဲ့ စစ်အုပ်စုတပ်ဖွဲ့ဝင်တွေရဲ့ကား၂စီးကို ဒေါင်းစစ်အောင် LPDF က မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့သိရတာပါ။
Read More

ချောင်းဦးဆီမီးသပိတ်အတွင်း စစ်တပ်ဗုံးကြဲမှုကြောင့် သေဆုံးခဲ့သူများအတွက် ဆုတောင်းပွဲ ပြုလုပ်

အာဏာသိမ်း အကြမ်းဖက်စစ်တပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြီးခဲ့တဲ့ သီတင်းကျွတ်လပြည့်ညမှာ ချောင်းဦး ဆီမီးသပိတ် ပြုလုပ်ရင်း သေဆုံးခဲ့ရသူတွေအတွက် ဆုတောင်းပွဲကို မနေ့က အောက်တိုဘာ ၁၃ ရက်မှာ ပြုလုပ်ခဲ့ကြပါတယ်။
Read More

ဖားကန့်၊ ထုံးဘိုကျေးရွာကို စစ်ကော်မရှင် ဒရုန်းဗုံးသီးဖြင့် တိုက်ခိုက်၊ ပြည်သူ ၂ ​ဦးသေပြီး ၁ ဦးဒဏ်ရာရ…

“၃ ဦးမှာ ၂ ဦး သေဆုံးခဲ့ပါတယ်။ သေဆုံးသူတွေဟာ ပလုံကောက်ရောင်းနေရတဲ့ အခြေခံလူတန်းစားတွေပါ၊ ဘာထိတွေ့မှုမှမရှိပဲ ဒီအတိုင်းရမ်းသမ်းပစ်တာပါ၊ ဒဏ်ရာရတဲ့သူကတော့ အနည်းငယ် စိုးရိမ်ရပါတယ်”လို့ ဖားကန့်နယ်ခံတစ်ယောက်က မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

ချင်းပြည်နယ်ဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်အုပ်စု နဲ့ CDF တပ်တို့ ထိတွေ့တိုက်ပွဲဖြစ်ပွား… ပစ်ခတ်မှုအတွင်း CDF တပ်သားတစ်ဦး ကျဆုံး၊ စစ်ကောင်စီတပ်သား ၆ ဦးသေဆုံးပြီး ၃ ဦးအရှင်ဖမ်းဆီးရမိ…

“ အဲဒီ စကစ စစ်ကောင်စီစစ်ကြောင်း ချင်းတောင်တန်းဘက်ကို လာထိုးတဲ့အတွက်ကြောင့် တိုက်ပွဲဖြစ်တာပါ၊ ကျသွားတဲ့ ရဲဘော်က ၂၇ ရက်တိုက်ပွဲမှာ ကျသွားတာပါ ၊ ဒီနေ့မှာတော့ သဂြိုဟ်ပေးလိုက်ပါပြီ ” လို့ ချင်းတော်လှန်ရေးတပ်နဲ့ နီးစပ်သူတစ်ယောက်က မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

တမူးမှာ ပြည်သူ့ကာကွယ်ရေးရဲဘော်တွေရဲ့ ကာကင်းစခန်း တိုက်ခိုက်ခံရပြီး အပြန်အလှန် ပစ်ခတ်မှုတွေဖြစ်ကာ နှစ်ဖက်ထိခိုက်သေဆုံးမှုတွေ ရှိခဲ့

စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ အဖွဲ့တွေနဲ့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေကြား ထိတွေ့တိုက်ပွဲတွေဖြစ်ပြီး နှစ်ဖက်ထိခိုက်မှုတွေရှိခဲ့ကြောင်း သိရပါတယ်။
Read More

ဧပြီလအတွင်း စစ်ကောင်စီတပ် တိုက်ခိုက်မှုများကြောင့် အရပ်သား ၉၆ ဦး သေဆုံးခဲ့၊ ၇၂ ဦးက လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ဟု ဆို

မြန်မာနိုင်ငံတစ်ဝန်း ဧပြီလအတွင်း စစ်ကောင်စီတပ်ရဲ့ အကြမ်းဖက်လုပ်ရပ်တွေကြောင့် အရပ်သားပြည်သူ ၉၆ ယောက် သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဒီနေ့ ညနေပိုင်းမှာ ထုတ်ပြန်ပါတယ်။