မန္တလေးတိုင်း၊ တောင်သာမြို့နယ်မှာ စစ်ကောင်စီတပ်သားတွေ တပ်စွဲနေတဲ့ အထက (၁) ကျောင်းကို ဝင်ရောက်စီးနင်းရာ စစ်သား ၁၀ ယောက် သေဆုံးခဲ့တယ်လို့ မြင်းခြံခရိုင် အမှတ် (၃) တပ်ရင်းက ထုတ်ပြန်ထားပါတယ်။ 

မနေ့က ဇန်နဝါရီလ ၁၃ ရက် နေ့လည် ၁၂ နာရီဝန်းကျင်အချိန်မှာ အဆိုပါ ဝင်ရောက်စီးနင်းမှုကို လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။ 

ဝင်ရောက်စီးနင်းချိန်မှာ ကျောင်းဝန်းအတွင်း ကျောင်းသားတွေရှိနေတာကြောင့် ကျောင်းသားတွေကို ဘေးလွတ်ရာကို ပို့ဆောင်ပြီးနောက်မှ ဝင်ရောက်စီးနင်းခဲ့တာ ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။ 

ကျောင်းဝန်းအတွင်းမှာ ရှိနေတဲ့ စစ်ကောင်စီတပ်သားတွေကို တော်လှန်ရေးတပ်တွေ ဝင်ရောက်စီးနင်းချိန်မှာ စစ်ကောင်စီတပ်သား ၁၀ ယောက် မျက်မြင်သေဆုံးခဲ့ပြီး ကျန်ရှိနေတဲ့ တပ်သားတွေက အုတ်တံတိုင်းကျော် ထွက်ပြေးကုန်တယ်လို့ သိရပါတယ်။ 

သိမ်းဆည်းရရှိခဲ့တဲ့ MA(3) သေနတ်

သေဆုံးသွားတဲ့ စစ်သားတွေဆီက MA (3) သေနတ် တစ်လက်သာ အကောင်းအတိုင်း သိမ်းဆည်းရရှိခဲ့ပြီး ကျန်တဲ့ လက်နက်ပစ္စည်းတွေက RPG နဲ့ ပစ်ခတ်ခံရတာကြောင့် ပျက်စီးကုန်တယ်လို့ ထုတ်ပြန်ချက်မှာ‌ ဖော်ပြထားပါတယ်။ 

တိုက်ခိုက်စဉ်မှာ တောင်သာမြို့နယ် စစ်ကောင်စီခေါင်းဆောင် ဝဏ္ဏဌေးရဲ့အခန်းကို ပစ်ခတ်ရာ တပ်ကြပ်ကြီး အောင်မင်းဆိုသူလည်း သေဆုံးသူတွေထဲမှာ ပါဝင်တယ်လို့ သိရပါတယ်။ 

အဲဒီနောက်မှာတော့ တောင်သာ အထက (၃) ကျောင်းက အလံကို ဖြုတ်ချပြီး မြင်းခြံခရိုင် အမှတ်(၃) တပ်ရင်းအလံ၊ တပ်ခွဲ (၂) အလံတွေကို ချိတ်ဆွဲခဲ့တယ်လို့ သိရပါတယ်။ 

တဆက်တည်းမှာပဲ တောင်သာမြို့တော်ခန်းမရှေ့မှာ ကင်းစောင့်နေတဲ့ စစ်သား (၂)၊ အင်းဝဘဏ်ရှေ့မှာ ကင်းစောင့်နေတဲ့ စစ်သား (၂)၊ တောင်သာမြိုအနောက်ဘက်က ဇဂျမ်းဂိတ်နဲ့ စွပ်ကျယ်စက်ရုံတို့ကိုလည်း ပစ်ခတ်မှုတွေ လုပ်ဆောင်ခဲ့ပြီး သေဆုံးသူတွေ ရှိနိုင်တယ်လို့ ဆိုထားပါတယ်။

0 Shares:
You May Also Like
Read More

ရေဦးနှင့် တန့်ဆည်မြို့နယ်ရှိ ကျေးရွာများကို စစ်တပ် Gyrocopter ၃စီးဖြင့် လှည့်ပတ်ဗုံးကြဲ၊ အမျိုးသမီး ၁ဦး သေဆုံး

“ညနေပိုင်းလောက်မှာ နမခ ကနေ Gyrocopter ၃စီး တက်လာတယ်။ အဲဒီဖန်းခါးဇင်ဆိုတဲ့ ကျေးရွာမှာ ဗုံးသီး ၄လုံး ကြဲချပြီး တိုက်ခိုက်ခဲ့တယ်။ နောက်ပြီးတော့ တန့်ဆည်တောင်ဘက်ခြမ်းက ကျေးရွာ ၂ရွာကိုလည်း ဗုံးသီးကြဲချ တိုက်ခိုက်ခဲ့တယ်” လို့ ရေဦးအနောက်ခြမ်း သတင်းတာဝန်ခံ ကိုထူးခန့်ဇော် (အမေ့သား) မောင်းကို ပြောပါတယ်။
Read More

ရန်ကုန်နဲ့ မန္တလေးမှာ လူငယ်တွေ ဖမ်းဆီးခံရမှု ဆက်လက်ဆိုးရွားနေဆဲဖြစ်ပြီး စစ်မှုထမ်း အပတ်စဥ် (၉) အတွက် အရှိန်အဟုန်မြှင့်လုပ်ဆောင်နေ

ရန်ကုန်နဲ့ မန္တလေးမြို့တွေမှာ စစ်မှုထမ်းအတွက် လူငယ်တွေ ဖမ်းဆီးခံရမှု ဆက်လက်ဆိုးရွားနေဆဲ ဖြစ်ပြီး စစ်ကောင်စီက တပ်သားသစ်လိုအပ်ချက်အတွက် ​ဖိအားပေးဆောင်ရွက်နေကြောင်း သိရပါတယ်။
Read More

မတ္တရာ-ဆည်တော်လမ်းပိုင်းမှာ စစ်ကောင်စီဆီက သိမ်းဆည်းရမိတဲ့ Canter ကားကို ပိုင်ရှင်ဖြစ်သူဆီ မိုး​ကြိုးစစ်ကြောင်း၊ တိုက်နယ်-၃ ၊ ပကဖ ပြန်လည်အပ်နှံ…

ရှမ်း- မန်းစစ်ဆင်ရေးအတွင်း ​အကြမ်းဖက်စစ်ကြောင်းကို ဖြတ်တောက်တိုက်ခိုက်ရာက သိမ်းဆည်းရရှိခဲ့တဲ့ Canter ကားကို မူရင်းပိုင်ရှင်ဖြစ်သူဆီ ပြန်လည်ပေးအပ်ခဲ့တယ်လို့ မိုးကြိုးစစ်ကြောင်း၊ တိုက်နယ် (၃) ပကဖ တာဝန်ခံက မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

စစ်မှုထမ်းလုပ်သက် နှစ် ၄၀ ကျော်ရှိ အရာခံဗိုလ် စစ်အာဏာရှင်လက်အောက် မနေချင်တော့တာကြောင့် အလင်းဝင်

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့အခြေစိုက် စစ်ကောင်စီရဲ့ ခမရ (၅၃၁) တပ်က အရာခံဗိုလ်တစ်ယောက် ဇန်နဝါရီလ (၂၇) ရက်မှာ လက်နက်နဲ့အတူ ထွက်ပြေးကာ အလင်းဝင်လာတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် - KNDF က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

ကျိုက်မရောတွင် KNU/KNLA (PC) အမှတ်တံဆိပ်ပါ ယူနီဖောင်းများနှင့် လက်နက်ပစ္စည်းများကို စစ်တပ် ဖမ်းမိဟု ဆို

မွန်ပြည်နယ်၊ ကျိုင်မရောမြို့နယ်က နန္ဒာလမ်းဆုံ စစ်ဆေးရေးဂိတ်မှာ KNU/KNLA (PC) အမှတ်တံဆိပ်ပါ ယူနီဖောင်းတွေအပြင် မူးယစ်ဆေးဝါးနဲ့ စစ်လက်နက်ပစ္စည်းတွေကို ဖမ်းဆီးရမိထားတယ်လို့ စစ်ကောင်စီရဲ့ ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်တွေက သတင်းဖော်ပြလာပါတယ်။
Read More

ပြည်သူထောက်ခံမှု အားကောင်းတဲ့ နိုင်ငံရေးပါတီတွေကို ယှဉ်ပြိုင်ခွင့်မပေးတဲ့ ရွေးကောက်ပွဲမှာ အနိုင်ရသူကို အာဏာလွှဲပေးမယ်လို့ မင်းအောင်လှိုင် ပြော

ပြည်သူတွေ ထောက်ခံတဲ့ နိုင်ငံရေးပါတီတွေကို မှတ်ပုံတင်ခွင့်မပေးထားတဲ့ စစ်ကောင်စီက လာမယ့် ရွေးကောက်ပွဲမှာ အနိုင်ရပါတီကို အာဏာလွှဲပြောင်းပေးမယ်လို့ အဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောခဲ့ပါတယ်။