TNLA က လက်ရှိထိန်းချုပ်ထားတဲ့ နယ်မြေမှာ စစ်ကောင်စီ အုပ်ချုပ်ရေးယန္တရား ထပ်မံအခြေမစိုက်နိုင်ဖို့ အစွမ်းကုန်ကြိုးပမ်းကာကွယ်သွားရမယ်လို့ PSLF/TNLA ဥက္ကဋ္ဌဗိုလ်ချုပ်ကြီး တားအိုက်ဘုန်းက ပြောကြားလိုက်ပါတယ်။

PSLF/TNLA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး တားအိုက်ဘုန်း က  ဇန်နဝါရီ ၁၂ ရက်နေ့မှာ ကျရောက်တဲ့ ၆၂ နှစ်ပြည့် တအာင်းအမျိုးသားတော်လှန်ရေးနေ့ ဂုဏ်ပြုမိန့်ခွန်းမှာ ထည့်သွင်းပြောကြားလိုက်တာပါ။

စစ်ကောင်စီထံက ပြန်လည်သိမ်းပိုက်နိုင်ခဲ့တဲ့နယ်မြေအတွင်း စစ်အာဏာရှင်အုပ်စုရဲ့ အုပ်ချုပ်ရေးယန္တရား ထပ်မံအခြေမစိုက်နိုင်ဖို့ အစွမ်းကုန်ကာကွယ်သွားရမယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အခြားတိုင်းရင်းသား တော်လှန်ရေးအင်အားစုတွေ၊ မဟာမိတ်အဖွဲ့စည်းတွေ တိုက်ခိုက်သိမ်းပိုက်ထားတဲ့ နယ်မြေတွေကိုလည်း အသိအမှတ်ပြုရမယ်လို့ ဗိုလ်ချုပ်ကြီး တားအိုက်ဘုန်းက ပြောကြားလိုက်ပါတယ်။

တဆက်တည်းမှာပဲ ယိုင်‌နဲ့နေတဲ့ စစ်အာဏာရှင်စစ်အုပ်စုကို ၂၀၂၅ မှာ အချိတ်အဆက်မိမိ ဖြိုချသွားရမယ်လို့ သူကပြောပါတယ်။

လက်နက်ကိုင်တော်လှန်ရေးအင်အားစု အချင်းချင်း မိတ်ဖက်နိုင်ငံရေးနည်းလမ်းနဲ့ ဒေသတွင်းဖြစ်ပွါးနေတဲ့ ပြဿနာတချို့ကို ဖြေရှင်းဆောင်ရွက်ဖို့ လိုအပ်နေသေးတယ်လို့လည်း အသိပေးပြောကြားပါတယ်။

တအာင်းအမျိုးသားတို့ရဲ့ တော်လှန်ရေးခရီးကို ၁၉၆၃ ခုနှစ် ဇန်နဝါရီ ၁၂ ရက်နေ့မှာ စတင်ခဲ့တာ ဖြစ်တဲ့အတွက် မနေ့က ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၁၂ ရက်နေ့ဟာ တအာင်းအမျိုးသားတော်လှန်ရေး (၆၂) နှစ်မြောက်နေ့လည်း ဖြစ်ပါတယ်။ 

တအာင်းဒေသခံ ပြည်သူလူထုတွေရဲ့ တော်လှန်ရေး အောင်သီးအောင်ပွင့်ကို ရေရှည်ထိန်းသိမ်းထားနိုင်ဖို့   မြန်မာပြည် တစ်ဝန်းလုံးက တော်လှန်ရေးအင်အားစုတွေနဲ့ ဟန်ချက်ညီ လက်တွဲပူးပေါင်းပြီး စစ်ကောင်စီကို အပြီးတိုင် ချေမှုန်းတော်လှန်သွားမယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ငလျင်ဒဏ်များအကြား စစ်ကောင်စီက ပေါက်နှင့် စလင်းတွင် လေကြောင်းရော လက်နက်ကြီးများဖြင့်ပါ တိုက်ခိုက်နေ၊ အသက် ၁၃နှစ်အရွယ် မိန်းကလေးငယ် ၁ဦး လက်နက်ကြီး ထိမှန်သေဆုံးပြီး လေကြောင်းရန် တိမ်းရှောင်နေရသူ ၈ ထောင်ကျော် ရှိ

နိုင်ငံတစ်ဝန်း ငလျင်လှုပ်ခတ်မှုတွေ ဖြစ်ပေါ်နေပေမယ့် စစ်ကောင်စီက မကွေးတိုင်း စလင်းမြို့နယ်နဲ့  စစ်ကိုင်းတိုင်း အင်းတော်မြို့နယ်တို့ကို လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေ ဆက်တိုက်လုပ်ဆောင်နေတာကြောင့် အရပ်သားထိခိုက်သေဆုံးမှုတွေ ရှိနေကြောင်း သိရပါတယ်။
Read More

အာရှလမ်းမကို စစ်ကြောင်းထိုးလာသည့် အကြမ်းဖက်စစ်တပ် တော်လှန်ရေးတပ်များ၏ ခုခံစစ်ကြောင့် ပြန်လည်ဆုတ်ခွာခဲ့ရ…

“သူတို့ စိတ်ကူးပေါက်သလို လာတိုက်နေတာပဲ။ အခုလည်း တိုးလာလိုက်၊ ဒီဘက်က ချလိုက်… သူတို့ ပြန်ဆုတ်သွားလိုက်ပဲ။ အဲ့လိုပဲ လုပ်နေတာ။ တိုက်ပွဲတွေကတော့ ခနခန ဖြစ်နေတာ သူတို့ဘက်က အသေဆုံးများတယ်” လို့ မြေပြင် စစ်ရေးသတင်းရင်းမြစ်က မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

လျှပ်စစ်ဓာတ်အားပေးစက်ရုံ တည်ဆောင်မှုတွေကို ကန့်ကွက်ခဲ့တာကြောင့် လျှပ်စီမီး မလုံလောက်ခြင်းလို့ မင်းအောင်လှိုင်က ဆို 

ပြီးခဲ့တဲ့ ၂၀၀၅ ခုနှစ်က လျှပ်စစ်ဓာတ်အားပေးစက်ရုံတွေ တည်ဆောက်ဖို့ ကန့်ကွက်ခံရမှုကြောင့် လက်ရှိအချိန်မှာ လျှပ်စစ်မီး ရရှိဖို့ အခက်အခဲကြုံနေရတာဖြစ်ကြောင်း အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောပါတယ်။
Read More

ငလျင်ဒဏ်ကြောင့် ဝမ်းတွင်းတွင် သေဆုံးသူ ၃၀ဦးအထက်ရှိလာပြီး၊ ထိခိုက်ဒဏ်ရာရသူ ၇၀ ကျော်ရှိဟု ဆို

မန္တလေးတိုင်း၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်မှာ ငလျင်ဒဏ်ကြောင့် မြို့နယ်လုံးကျွတ် ထိခိုက်ပျက်စီးကာ ကလေးငယ်နဲ့ သံဃာတော်များ အပါအဝင် သေဆုံးသူ ၃၀ ကျော်အထိ ရှိတယ်လို့ Voice of Wundwin တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

AA အပစ်ရပ်ထားစဉ် ရခိုင်၊ ပဲခူးနှင့် ဧရာ၀တီတိုင်းက AA တပ်ဖွဲ့ဝင်များရှိရာကို စစ်ကောင်စီ နေ့စဉ်တိုက်ခိုက်နေ၊ အပစ်ရပ်မတိုင်မီ ညောင်ကျိုးဗျူဟာစခန်းကို AA သိမ်းပိုက်နိုင်ခဲ့

အာရက္ခတပ်တော် AA အပါအဝင် ညီနောင်မဟာမိတ်သုံးဖွဲ့က တစ်လတာ အပစ်အခတ်ရပ်နားထားစဉ် အာဏာသိမ်းစစ်ကောင်စီက တစ်ဖက်သတ်ထိုးစစ်ဆင် တိုက်ခိုက်မှုတွေ လုပ်ဆောင်နေကြောင်း AA က အသိပေးထုတ်ပြန်ပါတယ်။
Read More

၂၀၂၅ ခုနှစ်အတွင်း စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုများကြောင့် ပြည်သူ ၁၀၀ ဦး သေဆုံးခဲ့

နိုင်ငံတစ်ဝန်း ၂၀၂၅ ခုနှစ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူ အယောက် ၁၀၀ သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဒီနေ့ ညနေပိုင်းမှာ ထုတ်ပြန်ပါတယ်။