ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) (MDY-PDF) ရဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဉ်(၁၅) သင်တန်း မှတ်တမ်းပုံရိပ်တွေကို အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ဖော်ပြထားပါတယ်။

အဲ့ဒီသင်တန်းမှာ MDY-PDF ရဲ့ နည်းပြဆရာတွေက ၂၀၂၄ ခုနှစ် အောက်တိုဘာလကစလို့ ၃ လကြာ သင်တန်းပေးခဲ့တာဖြစ်ပြီး ဒီဇင်ဘာလကုန်ပိုင်းမှာ သင်တန်းဆင်းပွဲ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

တအာင်းတပ်မတော် TNLA နယ်မြေမှာ စတင်စုဖွဲ့ကာ စစ်ပညာသင်ကြားလာတဲ့ MDY-PDF အနေနဲ့ ၁၀၂၇ စစ်ဆင်ရေး ပထမပိုင်းရော ဒုတိယပိုင်း(ရှမ်းမန်းစစ်ဆင်ရေး) မှာပါ မဟာမိတ် တော်လှန်ရေးတပ်တွေနဲ့အတူ ရှမ်းပြည်နယ်မြောက်ပိုင်းအပြင် မန္တလေးတိုင်း၊ မိုးကုတ်၊ စဉ့်ကူးနဲ့ သပိတ်ကျင်းမြို့နယ်တွေကိုပါ မြို့သိမ်းစစ်ဆင်ရေးတွေ အောင်မြင်စွာ ဖော်ဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။

MDY-PDF အနေနဲ့ လာမယ့် ၂၀၂၅ ခုနှစ်မှာ စစ်ကိုင်းတိုင်းအတွင်း တပ်မဟာအသစ် တစ်ခုဖွဲ့စည်းပြီး စစ်ဆင်ရေးအရှိန်အဟုန် တိုးမြှင့်ဖော်ဆောင်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် MDY-PDF ရဲ့ စစ်ကိုင်း တပ်မဟာမှာ လာရောက်ပူးပေါင်းမယ့် စစ်သည်တော်တွေနဲ့ မိတ်ဖက်တော်လှန်ရေးတပ်ဖွဲ့တွေကို ကြိုဆိုဖိတ်ခေါ်ထားသလို စစ်ကိုင်းတိုင်းမှာရှိတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ စစ်ဆင်ရေးတွေ ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်သွားဖို့ အဆင်သင့်ရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ပအိုဝ်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ ခမ်းကောင် (PNDF-KK) က ဦးစီးကျင်းပသည့် (၇၆)နှစ်မြောက် ပအိုဝ်းအမျိုးသားနေ့ အခမ်းအနား (ဓာတ်ပုံသတင်း)

ပအိုဝ်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ ခမ်းကောင် (PNDF-KK) က မတ်လ ၁၃ ရက်မှာ ကျရောက်တဲ့ (၇၆)နှစ်မြောက် ပအိုဝ်းအမျိုးသားနေ့ အခမ်းအနားကို ဦးစီးကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ဖားဆောင်း အခြေစိုက် ခလရ (၁၃၄) ကို ကရင်နီတပ်ပေါင်းစု သိမ်းပိုက်ထားဟု ဆို

ကရင်နီပြည်နယ်၊ ဖားဆောင်းမြို့အခြေစိုက် ခလရ (၁၃၄) ကို ကရင်နီတပ်ပေါင်းစုက ဇူလိုင်လ အစောပိုင်းက သိမ်းပိုက်ထားနိုင်ပြီဖြစ်တယ်လို့ ရှေ့တန်းစစ်ရေးသတင်းရင်းမြစ်ဆီက သိရပါတယ်။
Read More

TNLA ထိန်းချုပ်ရာ ကျောက်မဲမြို့နယ်ရှိ ကျေးရွာများကို စစ်တပ် လေကြောင်း ဗုံးကြဲတိုက်ခိုက်

တအာင်းတပ် - TNLA ထိန်းချုပ်ရာ ကျောက်မဲမြို့နယ်ထဲက ကျေးရွာတချို့ကို စစ်တပ်က လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ Ta'ang Women's Organization (TWO) က သတင်းထုတ်ပြန်ပါတယ်။
Read More

တန့်ဆည်နှင့် ရေဦးမြို့နယ်အစပ်ရှိ ကျေးရွာများအား စစ်အုပ်စု စစ်ကြောင်း၂ ခု ခွဲထိုးပြီး မီးရှို့ဖျက်ဆီး၊ လေကြောင်းတိုက်ခိုက်မှုများလည်းရှိနေ

စစ်ကိုင်းတိုင်း၊ တန့်ဆည်နဲ့ ရေဦးမြို့နယ်အစပ်မှာရှိတဲ့ ကျေးရွာတွေကို အကြမ်းဖက်စစ်တပ်က အောက်တိုဘာလ ၁ ရက် ဒီနေ့မနက်အစောပိုင်းမှာ စစ်ကြောင်း​၂ ခု ခွဲထိုးရင်း နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေ လုပ်ဆောင်ခဲ့တယ်လို့ နယ်ခံသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
Read More

သထုံ​မြို့ ကျေးရွာများတွင် အကြမ်းဖက်စစ်တပ် ဝင်ရောက်တပ်စွဲကာ နေအိမ်များ ဖောက်ထွင်းပြီး ဒေသခံများကို နှိပ်စက်

ကေအဲန်ယူ-ကရင်အမျိုးသား အစည်းအရုံး၊ ဒူးသထူခရိုင်၊ သထုံမြို့နယ် အတွင်းက တက်တူကုန်း ကျေးရွာကို အာဏာသိမ်း စစ်တပ်က ဝင်ရောက်တပ်စွဲပြီး ဒေသခံတွေရဲ့ နေအိမ်တွေကို ဖောက်ထွင်းဖျက်ဆီးကာ ဒေသခံ တယောက် ကိုလည်း ဖမ်းဆီး နှိပ်စက်တာတွေ လုပ်ခဲ့တယ်လို့ KNU ​ဗဟိုက သတင်း ထုတ်ပြန်ပါတယ်။ 
Read More

စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲပြင်းထန်နေတဲ့ မြိတ်-ပုလော ပြည်ထောင်စုလမ်းပိုင်းကို ပြည်သူတွေ အသုံးမပြုဖို့ ပုလော PDF တိုက်တွန်း

တနင်္သာရီတိုင်း၊ မြိတ်-ပုလော ပြည်ထောင်စုလမ်းပိုင်းမှာ တော်လှန်ရေး တပ်ဖွဲ့တွေ အကြမ်းဖက် စစ်တပ်တို့ တိုက်ပွဲပြင်းထန်နေတာကြောင့် အဆိုပါပြည်ထောင်စုလမ်းပိုင်းကို ပြည်သူတွေ အသုံးမပြုဖို့ပြည်သူ့ကာကွယ်ရေး တပ်မတော် (ပုလော) - မြိတ်ခရိုင်အမှတ် (၁) တပ်ရင်းက ထုတ်ပြန်တိုက်တွန်းထားပါတယ်။