ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်အတွင်းရှိ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) တပ်ရင်း (၉) ဆီကို ခလရ−၂၈၈ မှာ စစ်မှုမထမ်းမနေရ အမိန့်အရ စစ်မှုထမ်းနေရတဲ့ စစ်သား (၂) ယောက်ဟာ စစ်မှုထမ်းသက် (၁) လခန့်အကြာမှာပဲ လက်နက်နဲ့ အလင်းဝင်လာတယ်လို့ ကရင်အမျိုးသားအစည်အရုံး – KNU (ဗဟို) က ဒီနေ့ ထုတ်ပြန်ပါတယ်။

အလင်းဝင်လာသူတွေဟာ (၂၅) နှစ်နဲ့ (၂၄) နှစ်အရွယ် အမျိုးသား ၂ ယောက် ဖြစ်ပြီး MA-1 နဲ့ MA-3 သေနတ် ၂ လက် ယူဆောင်အလင်းဝင်လာရာ အလင်းဝင်လာသူတွေကို ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (K.N.L.A) တပ်ရင်း (၉) က ကြိုဆိုကာ (၁) ယောက်ကို ဆုကြေးငွေ (၁၀) သိန်းခန့် ဆုချီးမြှင့်ခဲ့တယ်လို့ ဆိုပါတယ်။

အကြမ်းဖက် စစ်ကောင်စီတပ်အနေနဲ့ လက်ရှိအချိန်မှာ ပြည်သူလူထုကို နည်းလမ်းမျိုးစုံနဲ့ အတင်းအဓမ္မ စစ်သားစုဆောင်းနေပြီး ပြည်သူ့စစ်မှုထမ်းဥပဒေအရ စစ်သင်တန်း (၃) လခန့်သာ တက်ရောက်ထားရတဲ့ တပ်သားသစ်တွေကို ရှေ့တန်းနယ်မြေတွေဆီ စေလွှတ်နေတယ်လို့ KNU က ဆိုပါတယ်။

အခုလို အတင်းအဓမ္မစုဆောင်းခံရတဲ့ တပ်သားသစ်တွေအနေနဲ့ စစ်အာဏာရှင်တွေ အလိုကျ တာဝန် မထမ်းဆောင်ဘဲ တာဝန်ကျရာ နယ်မြေအနီးရှိ တိုင်းရင်းသား တော်လှန်ရေးတပ်တွေဆီ လက်နက်ချ အလင်းဝင်ဖို့ကိုလည်း KNU က တိုက်တွန်းထားပါတယ်။

ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (K.N.L.A) တပ်ရင်း (၉) ဆီ လက်နက်ချ အလင်းဝင်လာသူ (၂) ယောက် (ဓာတ်ပုံ KNU)

0 Shares:
You May Also Like
Read More

ABSDF စစ်ကြောင်း ၃ က တပ်ဖွဲ့ဝင်တွေနဲ့ ပြည်သူတွေ စုပေါင်းပြီး စစ်ကြောင်းမှူးကို သီတင်းကျွတ်ကန်တော့ပွဲ ပြုလုပ်… (ဓာတ်ပုံသတင်း)

သီတင်းကျွတ် ဆရာကန်တော့ပွဲအဖြစ် ကျောင်းသားတပ်မတော် အမှတ် ၃ စစ်ကြောင်းက တပ်ဖွဲ့ဝင် ရဲဘော်တွေနဲ့ ဒေသခံပြည်သူတွေ စုပေါင်းပြီး စစ်ကြောင်းမှူး ရဲဘော်မင်းဌေးကို ကန်တော့တဲ့ ကန်တော့ပွဲ ပြုလုပ်ခဲ့တယ်လို့ ABSDF စစ်ကြောင်း ၃ က ဒီနေ့မှာ ထုတ်ပြန်ထားပါတယ်။
Read More

တနင်္သာရီမြို့နယ်၊ တမုတ်ချုံးရွာတွင် တပ်စွဲထားသည့် စစ်တပ်ကို သွားရောက်တိုက်ခိုက်

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ တမုတ်ချုံးရွာမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်တပ်ကို သွားရောက် တိုက်ခိုက်ခဲ့တယ်လို့ တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

စစ်တပ်ဝါဒဖြန့် MRTV မှ ပြည်သူစိတ်ဝင်စားသည့် အစီအစဉ်ကောင်းများ ပြသဖို့ အာဏာသိမ်း ဒုစစ်ခေါင်းဆောင် စိုးဝင်း ညွှန်ကြား

စစ်ကောင်စီက ထိန်းချုပ်ထားပြီး နေ့စဉ် အများပြည်သူကို ဝါဒဖြန့်နေတဲ့ MRTV အနေနဲ့    ပြည်သူတွေစိတ်ဝင်စားတဲ့ အစီအစဉ်ကောင်းတွေ ပြသဖို့ အာဏာသိမ်း  ဒုတိယစစ်ခေါင်းဆောင် စိုးဝင်းက ပြောကြားလိုက်ပါတယ်။
Read More

ဖားဆောင်း အခြေစိုက် ခလရ (၁၃၄) ကို ကရင်နီတပ်ပေါင်းစု သိမ်းပိုက်ထားဟု ဆို

ကရင်နီပြည်နယ်၊ ဖားဆောင်းမြို့အခြေစိုက် ခလရ (၁၃၄) ကို ကရင်နီတပ်ပေါင်းစုက ဇူလိုင်လ အစောပိုင်းက သိမ်းပိုက်ထားနိုင်ပြီဖြစ်တယ်လို့ ရှေ့တန်းစစ်ရေးသတင်းရင်းမြစ်ဆီက သိရပါတယ်။
Read More

ပေါင်းတလည်မှာ အုပ်ချုပ်ရေးမှူးနဲ့ ရာအိမ်မှူး ဒလန်လင်မယားကို ပစ်ခတ်ရှင်းလင်း

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါင်းတလည်မြို့၊ အုပ်ဆွဲအုပ်စု၊ ရေကြည်ကုန်းရွာက ရာအိမ်မှူး ဒလန်လင်မယားကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ၃၆၀၁ PPDFတပ်ရင်းက သတင်းထုတ်ပြန်လာပါတယ်။ 
Read More

မိုင်းလုံမြို့နယ်တွင် စစ်အုပ်စု ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် နေအိမ် (၂) လုံး ထိခိုက်ပျက်စီး

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုင်းလုံမြို့နယ်မှာ အကြမ်းဖက်စစ်အုပ်စုက ဂျက်ဖိုက်တာနဲ့ လာရောက်ဗုံးကြဲတိုက်ခိုက်မှုကြောင့် နေအိမ် (၂) လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ဒီနေ့ ထုတ်ပြန်ပါတယ်။