ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါင်းတလည်မြို့၊ အုပ်ဆွဲအုပ်စု၊ ရေကြည်ကုန်းရွာက ရာအိမ်မှူး ဒလန်လင်မယားကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ၃၆၀၁ PPDFတပ်ရင်းက သတင်းထုတ်ပြန်လာပါတယ်။ 

မနေ့က ဇန်နဝါရီလ ၇ရက်နေ့၊ မနက် ၁၀ နာရီခွဲ ဝန်းကျင်အချိန်မှာ အဆိုပါ လင်မယား ၂ယောက်ကို သူတို့နေအိမ်အနီးက မီးသွေးဖိုမှာ ပစ်ခတ်ရှင်းလင်းခဲ့တာဖြစ်ပြီး နေရာမှာတင် သေဆုံးသွားတယ်လို့ သိရပါတယ်။ 

“ကျနော်တို့က သူတို့ကို အိမ်မှာ သွားရှာတာ မရှိနေဘူး… ပြီးတော့မှ မီးသွေးဖိုမှာတွေ့တာ… သူတို့က မီးသွေးဖိုမှာ ပုန်းနေတာမျိုးတော့ မဟုတ်ဘူး… မီးသွေးဖိုက သူတို့ အလုပ်ရုံပါ” လို့ ၃၆၀၁ PPDF တပ်ရင်း စစ်ထောက်လှမ်းရေးနဲ့ သတင်းပြန်ကြားတာဝန်ခံက မောင်းကို ပြောပါတယ်။ 

ပစ်ခတ်ရှင်းလင်းခံရတဲ့ အုပ်ချုပ်ရေးမှူး အောင်နိုင်ဦး

သူတို့ ၂ယောက်ဟာ စစ်ကောင်စီတပ်တွေနဲ့ ပူးပေါင်းပြီး ကျေးရွာအတွင်းမှာ PDF ကို ဂရုမစိုက်ကြောင်း ကြွေးကြော်ပြောဆိုနေပြီး ပြည်သူတွေကို အနိုင်ကျင့် ဗိုလ်ကျနေတာတွေအပြင် သူတို့ ၂ယောက်ကြောင့် စစ်တပ်ရဲ့ ဖမ်းဆီးမှုခံရတာတွေ ရှိတာကြောင့် အခုလို ရှင်းလင်းလိုက်ရတာ ဖြစ်တယ်လို့ ဆိုပါတယ်။ 

တဆက်တည်းမှာပဲ ပေါင်းတလည်မြို့၊ ဗြူကုန်းအုပ်စု၊ မြို့လှစံပြကျေးရွာနေ အုပ်ချုပ်ရေးမှူးအောင်နိုင်ဦး ဆိုသူကိုလည်း ပြည်ခရိုင် ပြည်သူ့ကာကွယ်ရေး တပ်မတော် ၃၆၀၁ PPDFတပ်ရင်း တပ်ခွဲ (၃) က ဇန်နဝါရီလ ၇ ရက် နေ့လည်ပိုင်းမှာပဲ ရှင်းလင်းခဲ့တယ်လို့ သိရပါတယ်။ 

အုပ်ချုပ်ရေးမှူး အောင်နိုင်ဦးကို အုပ်ချုပ်ရေးမှူးတာဝန်ကနေ နှုတ်ထွက်ပြီး အကြမ်းဖက်စစ်ကောင်စီနဲ့ မပူးပေါင်းဖို့ (၃) ကြိမ်ထက်မနည်း ဖုန်းဆက် သတိပေးထားတဲ့ကြားက နှုတ်မထွက်ဘဲ စစ်ကောင်စီအလိုကျ စစ်မှုထမ်းစုဆောင်ရာမှာ လူရှာပေးခြင်း၊ ပေါ်တာဆွဲရာမှာ လိုက်ပါခြင်း၊ ကျေးရွာအုပ်စုအတွင်း ပြည်သူတွေ စစ်မှုမထမ်းချင်ရင် တစ်အိမ်ထောင်ကို (၁)လ ၃သောင်းကနေ ၅သောင်းကျပ်အထိ ကောက်ခံပြီး စစ်ကောင်စီအတွက် ငွေရှာထောက်ပံ့နေတာကြောင့် အခုလို ပစ်ခတ်ရှင်းလင်းလိုက်ရတာ ဖြစ်တယ်လို့ သိရပါတယ်။

ပစ်ခတ်ရှင်းလင်းခံရတဲ့ ရာအိမ်မှူး ဒလန်လင်မယား
ပစ်ခတ်ရှင်းလင်းခံရတဲ့ ရာအိမ်မှူး ဒလန်လင်မယား
0 Shares:
You May Also Like
Read More

အမ်းမြို့ (နပခ) တိုက်ပွဲက ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ယောက်ကို CDF – Asho ဖမ်းဆီးရမိ

ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်၊ မလက်တိုကျေးရွာအုပ်စုမှာ ပြည်သူ့စစ်သင်တန်းပြုလုပ်ဖို့ အကြမ်းဖက်စစ်တပ်နဲ့ ရဲက စီစဥ်နေပြီး ပြည်သူ့စစ်ခေါ်ယူဖို့ အစည်းဝေးလုပ်ချိန်မှာ လူမစုံတာနဲ့အစည်းအဝေး ပျက်သွားခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

အပစ်ရပ် သက်တမ်းတိုးထားသည့် စစ်ကောင်စီတပ် နောင်ချိုမြို့နယ်မှာ လေကြောင်း၊ ဒရုန်း၊ လက်နက်ကြီး၊ ခြေလျင်စစ်ကြောင်းများနှင့် နေ့စဥ် ထိုးစစ်ဆင် တိုက်ခိုက်နေ…

ဟန်ပြ အပစ်ရပ်သက်တမ်း ၁ လ တိုးထားတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်က နောင်ချိုမြို့နယ်အတွင်း မြေပြင်ထိုးစစ်ဆင်ခြင်း၊ လက်နက်ကြီးပစ်ခတ်ခြင်း၊ ဒရုန်း၊ လေကြောင်းနဲ့ နေ့စဉ်အသုံးပြုတိုက်ခိုက်ခြင်းတွေ နေ့စဥ် ပြုလုပ်နေတယ်လို့ တအာင်းတပ်မတော် TNLA က ဒီနေ့ မနက်ပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

ဝက်လက်တွင် အကြမ်းဖက်စစ်ကြောင်းများနှင့် တော်လှန်ရေးပူးပေါင်းတပ်များ ၂ ရက်ဆက် တိုက်ပွဲဖြစ်၊ စစ်ကောင်စီတပ် အထိနာပြီး ပြန်ဆုတ်သွား

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်မှာ အကြမ်းဖက် စစ်ကြောင်းနဲ့ ထိတွေ့တိုက်ပွဲ ၂ ရက်ဆက် ဖြစ်ပွားပြီး နှစ်ဖက်ထိခိုက်မှုရှိကာ စစ်ကြောင်းတွေ ပြန်လည်ဆုတ်ခွာသွားတယ်လို့ ပြည်သူ့အစေခံတော်လှန်ရေးတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

ဥတ္တူကျေးရွာတိုက်ပွဲတွင် ကျဆုံးခဲ့သည့် ရဲဘော် ဝတုတ်၊ ဝက်ငယ်နှင့် ဥတ္တူ တို့၏ စျာပန

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ဥတ္တူကျေးရွာတိုက်ပွဲမှာ ကျဆုံးခဲ့တဲ့ ၁၈ နှစ်အရွယ် ရဲဘော် ၂ ယောက်နဲ့ အသက် ၃၀ အရွယ် ရဲဘော်တို့ရဲ့ စျာပနအခမ်းအနား ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

နွားထိုးကြီးနှင့် မလှိုင် တိုက်ပွဲများအတွင်း စစ်တပ် ဗိုလ်မှူး၊ ဗိုလ်ကြီးများအပါ အယောက် ၄၀ ထက်မနည်းသေပြီး သုံးပန်း ၉ ဦးနှင့် လက်နက်ခဲယမ်းအများအပြား ရရှိခဲ့၊ စစ်အုပ်စုထိုးစစ်ကို အကောင်းဆုံးခုခံရင်း ပြန်လည်ထိုးစစ်နိုင်ခဲ့ခြင်းဟု PDF များ ပြော

မန္တလေးတိုင်း၊ နွားထိုးကြီးနဲ့ မလှိုင်မြို့နယ်တွေမှာ ထိုးစစ်ဆင် ဝင်ရောက်လာတဲ့ အကြမ်းဖက်စစ်ကြောင်းတွေကို ခုခံရင်း စစ်အုပ်စုဘက်က အရာရှိတွေ အပါအဝင် အယောက် ၄၀ ထက်မနည်း ထိခိုက်သေဆုံးကာ စစ်သုံ့ပန်း ၉ယောက်နဲ့ လက်နက်ခဲယမ်း အများအပြားရရှိတဲ့အထိ ပြန်လည်တိုက်ခိုက်နိုင်ခဲ့တယ်လို့ မြင်းခြံခရိုင်တပ်ရင်း(၄-၁၀) က သတင်းထုတ်ပြန်ထားပါတယ်။
Read More

Royal Peacock Defence Force (ပေါက် ပကဖ) ထံ လာရောက်တည်းခိုသည့် တော်လှန်ရေးရဲဘော် တစ်ဦး လက်နက်ခဲယမ်းများ ခိုးယူထွက်ပြေးသွား…

" ကျတော်တို့အဖွဲ့ဆီလာပြီး နေထိုင်တည်းခိုခွင့်တောင်းလို့ တည်းခိုခွင့်ပေးတာပါ ၊ လာတည်းတာက ၃ လလောက်ရှိပီဗျ ၊ ၃ ရက်နေ့က တပ်မ ၁၀၁ ကစစ်ကြောင်းနဲ့ထိတွေ့ ဖြစ်တာ၊ ၁၀ နာရီလောက်ကျ ရဲဘော်ထိတော့ ဆေးရုံပို့ဖို့ ရှေ့တန်းထိ ဒဏ်ရာရတဲ့ရဲဘော်ကို သွားခေါ်ပြီး ဆေးရုံပို့တဲ့အချိန်မှာ ခိုးပြေးသွားတာပါ " လို့ Royal Peacock Defence Force တပ်ဖွဲ့ရဲ့ တာဝန်ရှိသူတစ်ယောက်က မောင်းသတင်းဌာနကို ပြောပါတယ် ။