အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်တိုက်ခိုက်နေတဲ့ တော်လှန်ရေးတပ်တွေဟာ မြန်မာနိုင်ငံရဲ့ နေရာဒေသအသီးသီးမှာ တိုက်ပွဲတွေ ဆင်နွှဲနေကြတာ ၄ နှစ် ပြည့်မြောက်တော့မှာပဲ ဖြစ်ပါတယ်။ 

တော်လှန်ရေးကာလအစမှာတော့ တော်လှန်သူတွေဟာ ရရာလက်နက်ဆွဲကိုင်ပြီး တော်လှန်ရေးကို အစပျိုးခဲ့ပေမယ့် လက်ရှိကာလမှာတော့ စစ်ကောင်စီတပ်တွေ အပါအဝင် စစ်တပ်နဲ့ ဆက်နွယ်နေတဲ့ အရာရှိတွေဟာ ကုန်းလမ်းကနေ ခရီးသွားလာရင် စိတ်ဖြောင့်ဖြောင့်နဲ့ သွားလာရဲတဲ့ အခြေအနေ မရှိတော့ပါဘူး။

စစ်ကောင်စီတပ်တွေ စိုးမိုးနေတယ်လို့ ယူဆထားတဲ့ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးလို နေရာတွေမှာပါ စစ်ကောင်စီရဲ့ အရာရှိကြီးတွေကို တော်လှန်ရေးတပ်တွေက ဖမ်းဆီးနိုင်တဲ့ အခြေအနေကို တလှည့်ပြန်ရောက်လာခဲ့ပါပြီ။ 

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၇ ရက်နေ့၊ နေ့လည်ပိုင်းမှာ ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ် ၂၆၂ မှာ တော်လှန်ရေးတပ်ဖြစ်တဲ့ Aung San’s Land Natmauk တပ်ဖွဲ့ကနေ စစ်ကောင်စီလက်အောက်ခံ မီးသတ်ဦးစီးဌာန ညွှန်မှူး ရွှေဘနဲ့ အမျိုးသမီးဖြစ်သူတို့ကို ဖမ်းဆီးနိုင်ခဲ့ပါတယ်။ 

ဖမ်းဆီးခံထားရသည့် မီးသတ် ညွှန်မှူး ရွှေဘတို့ ဇနီးမောင်နှံ (ဘယ်ဘက်) နှင့် ဗိုလ်ကြီး ဇနီး (ညာဘက်ဓာတ်ပုံ ညာစွန်)

Aung San’s Land Natmauk ရဲ့ သတင်းပြန်ကြားရေးတာဝန်ခံက “မီးသတ်ဦးစီးဌာန၊ ညွှန်ကြားရေးမှူး ရွှေဘ၏ လက်ကိုင်ဖုန်းကို စစ်ဆေးရာ PDF များ၏ စစ်ရေးလုပ်ဆောင်ချက်များကို တည်နေရာ အတိအကျ သတင်းပေး၍ စခန်းဝင်စီးခြင်း၊ PDF နှင့် တော်လှန်ရေးတပ်ဖွဲ့များ၏သတင်းများကို စုံစမ်းနှိုက်ယူ၍ စစ်ကောင်စီထံသို့ တင်ပြခြင်း၊ လာဘ်စားခြင်းများ လုပ်ဆောင်ထားကြောင်း တွေ့ရှိခဲ့ပါတယ်” လို့ မောင်းကို ပြောပါတယ်။ 

ဒါ့အပြင် ဒီဇင်ဘာလ ၃၁ ရက်မှာလည်း ရန်ကုန်-မန္တလေး အမြန်လမ်း၊ မိုင်တိုင်အမှတ် ၂၆၂ ဝန်းကျင်မှာ စစ်ကောင်စီရဲ့ ထောက်ပို့တပ်က တပ်ကြပ် ၁ ယောက်၊ ပျူစောထီး ၁ ယောက်၊ ကာကွယ်ရေးပစ္စည်းစက်ရုံ – ကပစ စစ်သား ၁ ယောက်နဲ့ ဗိုလ်ကြီး တစ်ယောက်ရဲ့ ဇနီးဖြစ်သူတို့ကို ဖမ်းဆီးရမိခဲ့တယ်လို့ Aung San’s Land Natmauk တပ်ဖွဲ့ထံက သိရပါတယ်။

ဒါဟာ စစ်ကောင်စီရဲ့ ထောက်တိုင်မှန်သမျှကို တော်လှန်ရေးတပ်တွေက နည်းမျိုးစုံနဲ့ ဖြိုဖျက်နေတာ ဖြစ်ပြီး စစ်ကောင်စီရဲ့ လက်အောက်ခံတွေ စိတ်ဖြောင့်လက်ဖြောင့် ခရီးသွားလာရဲတော့မှာ မဟုတ်ဘဲ တော်လှန်ရေးအရွေ့အတွက် အောင်မြင်မှုတစ်ခုဖြစ်တယ်လို့ CDM ဗိုလ်ကြီးဇင်ယော်က ဆိုပါတယ်။ 

“စစ်တပ်အသိုင်းအဝိုင်းဆိုတာ နေတတ်ရင် စနေ၊ တနင်္ဂနွေတောင် ပျော်စရာကြီးပဲပေါ့၊ စစ်တပ်ပျောက်သွားရင်တောင်မှပဲ မီးခွက်ထွန်းရှာဦးမယ်ဆိုတဲ့ Group တွေ ကျန်နေတာ… အခုကတော့ သူတို့ နားပြားအောင်လည်း အိပ်လို့မရတော့ဘူး…အဲဒီအနေအထားကို ရောက်သွားတဲ့ သဘောမျိုးပါပဲ” လို့ CDM ဗိုလ်ကြီးဇင်ယော်က ဆိုပါတယ်။

စစ်တပ်ရဲ့ ထောက်တိုင်တွေ ပြိုတာနဲ့ ကျားကန်ထားရတဲ့ အဖွဲ့အစည်းတစ်ခုလုံး ပြိုဆင်းလာမှာ ဖြစ်တာကြောင့် အခုလို ညွှန်မှူးအဆင့်တွေ အဖမ်းခံရတာဟာ စစ်တပ်အတွက်တော့ ခြောက်ခြားစရာ အခြေအနေ‌ ဖြစ်တယ်လို့လည်း မှတ်ချက်ပြုပါတယ်။ 

လက်ရှိမှာတော့ စစ်တပ်အရာရှိတွေ အပါအဝင် စစ်တပ်နဲ့ ဆက်စပ်ပတ်သက်နေသူတွေဟာ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးကို ခရီးသွားလာခြင်းမပြုတော့ဘဲ ရှောင်ကွင်းသွားလာနေကြတယ်လို့ သိရပါတယ်။ 

ဒါ့အပြင် အဆိုပါ အမြန်လမ်းနေရာမှာ တိုက်ပွဲတွေ ရှိလာနိုင်တာကြောင့် ပြည်သူတွေ မလိုအပ်ဘဲ ခရီးသွားလာခြင်းမပြုဖို့ကိုလည်း နွားထိုးကြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကနေလည်း ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၂၃ ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ရပ်တည်ချက်ပြိုလဲပြီး ယိုင်နဲ့လာတဲ့ မြန်မာစစ်တပ် (ဒုတိယပိုင်း)

မင်းအောင်လှိုင်ဟာ အာဏာဆက်လက်တည်မြဲဖို့နဲ့ စီးပွားရေးအကျိုးအမြတ်တွေကို လက်ဝါးကြီးအုပ်နိုင်ဖို့အတွက် သစ္စာခံသူကောင်းပြုကွန်ရက်တွေပြန်လည်ဖွဲ့စည်းဖို့ ပြီးခဲ့တဲ့နှစ်ပိုင်းကစလို့ စတင်ကြိုးပမ်းခဲ့ပါတယ်။
Read More

စစ်အာဏာရှင်ကို ဖြုတ်ချဖို့ ကမ္ဘာ့အင်အားကြီး တရုတ်နဲ့ပါ ရင်ဆိုင်နေရတဲ့ နွေဦးတော်လှန်ရေး

ဒီရက်ပိုင်းအတွင်း ကိုးကန့်တပ်မတော် MNDAA ခေါင်းဆောင် ဖုန်တာရွှင်ကို တရုတ်က အကျယ်ချုပ် ဖမ်းဆီးထားပြီး မြန်မာပြည်တွင်း ရှမ်းမြောက်ဒေသက စစ်ရေးအခြေအနေတွေကို ဖိအားပေးသလို ကိုးကန့်တပ်တွေလည်း လားရှိုးမြို့ကနေ ပြန်လည်ဆုတ်ခွာနေကြပြီလို့ သတင်းတွေ ထွက်ပေါ်နေခဲ့ပါတယ်။ ဒီသတင်းတွေနဲ့…
Read More

သေနတ်ထောက်ပြီး ဖုတ်ပူမီးတိုက်လုပ်မည့် မင်းအောင်လှိုင်၏ အတုအယောင် ရွေးကောက်ပွဲ၊ “ရွေးကောက်ပွဲ လုပ်လုပ် မလုပ်လုပ် NUG က စစ်နိုင်အောင် တိုက်ရမှာပဲ။ သူမလုပ်ရင်တော့ ကြာလာတာနဲ့အမျှ စကစရဲ့ စစ်ရေးနိုင်ငံရေးက အပေါ်ကို ပြန်ရောက်သွားပြီး တော်လှန်ရေးက ခံစစ်ကို ရောက်သွားမယ်”

အဖက်ဖက်မှာ စစ်ရှုံးနေတဲ့ စစ်ကောင်စီဟာ သူတို့အတွက် နိုင်ငံရေးထွက်ပေါက်လို့ ယူဆထားတဲ့ ရွေးကောက်ပွဲကို ကျင်းပဖို့အသည်းအသန် ပြင်ဆင်နေကြပြီး ရွေးကောက်ပွဲကို လာမယ့် ဒီဇင်ဘာလမှာ ပြုလုပ်မယ့်အကြောင်း စစ်ကောင်စီလက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) က ကြေညာထားပါတယ်။
Read More

စစ်ကိုင်းမြို့အတွင်း ကယ်ဆယ်ရေးလုပ်ငန်းများကို စစ်ကောင်စီ ဟန်ပြလုပ်ဆောင်ရင်း အရပ်ဘက် ကယ်ဆယ်ရေးသမားများကိုလည်း အာဏာပြတားဆီးနေ

စစ်ကိုင်းမြို့အတွင်း ကယ်ဆယ်ကူညီရေးလုပ်ငန်းတွေကို စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်နဲ့ အပေါင်းအပါတွေက ဟန်ပြလုပ်ဆောင်ရင်း အကူအညီပေးမယ့် အရပ်ဘက်ပရဟိတအဖွဲ့တွေကိုလည်း အာဏာပြစစ်ဆေးတာတွေ တင်းတင်းကျပ်ကျပ် လုပ်ဆောင်နေကြောင်း တော်လှန်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
Read More

ရုရှားကို ထားဝယ်ရေနက်ဆိပ်ကမ်း အပိုင်စားပေးပြီး အပြန်အလှန်အနေနဲ့ မြန်မာပြည်မှာ နျူကလီးယားစက်ရုံ တည်ဆောက်မယ့် စစ်ကောင်စီ 

အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ ရုရှားသမ္မတ ပူတင်ရဲ့ ဖိတ်ကြားချက်အရ သွားရောက်တဲ့ ရုရှားခရီးစဉ်မှာ ရုရှားကို ထားဝယ်ရေနက်ဆိပ်ကမ်း လုပ်ပိုင်ခွင့် အပြည့်အဝပေးပြီး အပြန်အလှန်အဖြစ် ရုရှားတို့ရဲ့နည်းပညာ အကူအညီနဲ့ မြန်မာနိုင်ငံမှာ နျူကလီးယားစက်ရုံ တည်ဆောက်ဖို့ နှစ်နိုင်ငံ သဘောတူညီခဲ့ကြတာ ဖြစ်တယ်လို့ နိုင်ငံရေးလေ့လားသုံးသပ်သူတွေက ဆိုပါတယ်။ 
Read More

ချင်းပြည်နယ်အတွင်း မြို့ပေါင်း ၁၅ မြို့ကို တော်လှန်ရေးတပ်ဖွဲ့များ သိမ်းပိုက်ထား၊ အာဏာသိမ်း ၄ နှစ်အတွင်း ချင်းတော်လှန်ရေးရဲဘော် ၄၈၀ နီးပါး ကျဆုံးခဲ့

စစ်ကောင်စီရဲ့ မတရားအာဏာသိမ်းမှု ၄ နှစ်တာအတွင်း ချင်းတော်လှန်ရေးတပ်ဖွဲ့တွေက မြို့ပေါင်း ၁၅ မြို့ကို သိမ်းပိုက်ထားနိုင်ခဲ့ပြီး ချင်းတော်လှန်ရေးရဲဘော် ၄၇၄ ယောက်လည်း ကျဆုံးခဲ့ရတယ်လို့ ချင်းရေးရာအဖွဲ့ချုပ် (ICA) က ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ သတင်းထုတ်ပြန်လာပါတယ်။