ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ ဂွေချောင်းရွာက ပြည်သူ ၄ ယောက်ကို စစ်ကောင်စီတပ်တွေက အကြောင်းမဲ့ ဖမ်းဆီးခေါ်ဆောင်သွားပြီး အဲဒီထဲက ဦးသိန်းသန်းဌေး (၄၁) နှစ် ဆိုသူကို ရိုက်နှက်ကာ သတ်ဖြတ်သွားခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ဦးသိန်းသန်းဌေးဟာ သာယာဝတီခရိုင် အမှတ် (၁) တပ်ရင်း၊ တပ်ခွဲ (၅) က PDF ရဲဘော်တစ်ယောက်ရဲ့  ဖခင်ဖြစ်သူလို့ ကနဦးသိရပြီး သူတို့ ၄ယောက်ကို စစ်ကောင်စီတပ်တွေက ပြီးခဲ့တဲ့ ဇန်နဝါရီ ၃ ရက်နေ့မှာ လာရောက်ဖမ်းဆီးသွားတာ ဖြစ်ပါတယ်။

စစ်ကောင်စီလက်ချက်ကြောင့် သေဆုံးခဲ့သူ ဦးသိန်းသန်းဌေး
စစ်ကောင်စီလက်ချက်ကြောင့် သေဆုံးခဲ့သူ ဦးသိန်းသန်းဌေး

“လယ်ထဲမှာ အလုပ်လုပ်နေတာကို အုတ်ဖို စရဖ က တိုက်ရိုက် လာခေါ်သွားတာ၊ အုတ်ဖိုမြို့မရဲတပ်ဖွဲ့ကပါ” လို့ ဒေသခံတစ်ယောက်က မောင်းကို ပြောပါတယ်။

အဲဒီနောက် ဇန်နဝါရီလ ၅ ရက်နေ့မှာ စစ်ကောင်စီတပ်သားတွေက အုတ်ဖိုမြို့နယ်၊ ခြောက်တင်းကွင်း ဆက်သွယ်ရေးလမ်းပိုင်း တစ်နေရာမှာ လက်ကို ဝါးကြောနှီးနဲ့ လက်ပြန်ကြိုးတုတ်ကာ ဦးခေါင်းကို ရိုက်နှက် သတ်ဖြတ်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

“ရဲဘော်ရဲ့ ပုံကိုပြပြီးတော့ မေးပြီး ရိုက်တာ… အဲ့ဒါနဲ့ သူသိထားတဲ့ မိုင်းကွင်းကိုလည်း လိုက်ပြလိုက်ရတယ်…အဲ့က အပြန်မှာ သတ်ခံရတာ” လို့ အထက်ပါ ဒေသခံက ပြောခဲ့ပါတယ်။

0 Shares:
You May Also Like
Read More

ဝေါမှာ စစ်ကောင်စီတပ်ကင်းကို ချောင်းမြောင်းတိုက်ခိုက်ရာ စစ်သား ၁ ဦးသေ

ပဲခူးတိုင်း၊ ဝေါမြို့နယ်၊ လက်ပံရွာမှာ ကင်းချထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို ချောင်း​မြောင်းတိုက်ခိုက်ရာ စစ်သား ၁ ယောက် သေဆုံးခဲ့တယ်လို့ တောင်ညိုစစ်ကြောင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

လွတ်ရက်စေ့ပြီး ပြန်လွတ်လာသည့် နိုင်ကျဥ်း ၅ ဦးကို ထောင်ဗူးဝတင် စစ်အုပ်စု ပြန်ဖမ်း၊ မတရား အမှုထပ်ကပ်ကာ အကျဉ်းထောင် ပြန်ပို့ထား

ပဲခူးတိုင်း၊ သာယာဝတီမြို့နယ်၊ သာယာဝတီအကျဉ်းထောင်မှာ လွတ်ရက်စေ့ပြီး ပြန်လည်လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသား ၅ ယောက်ကို စစ်အုပ်စုက ထောင်ဗူးဝမှာတင်ပြန်လည်ဖမ်းဆီးပြီး အကြမ်းဖက်ပုဒ်မနဲ့ ထပ်မံတရားစွဲဖို့ လုပ်ဆောင်နေတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ရဲ့တာဝန်ရှိသူ ကိုသိုက်ထွန်းဦးက မောင်းကို ပြောပါတယ်။
Read More

ရန်ကုန်-မန္တလေးအမြန်လမ်းမှာ ခရီးသည်တင်ယာဥ် တိမ်းမှောက်လို့ ၂ ယောက်သေဆုံးပြီး ၁၂ ယောက် ဒဏ်ရာရ

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် (၁၅၄/၀) မှာ ခရီးသည်တင်ယာဉ်တစ်စီး တိမ်းမှောက်ပြီး ယာဥ်ပေါ်ပါ ခရီးသည် ၂ ယောက် သေဆုံးကာ ၁၂ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ စစ်ကောင်စီရဲ့ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

ပျဉ်းမနားစစ်ကြောင်းမှူး ရဲဘော်ကိုစိုင်း အသတ်ခံရမှု ပွင့်လင်းမြင်သာစွာ အရေးယူသွားမည်ဟု ကယန်းပြည်သစ် ပြော

နေပြည်တော်တိုင်းစစ်ဌာန၊ ပျဉ်းမနားစစ်ကြောင်းမှူး ရဲဘော်ကိုစိုင်း (ခ) ဝင်းလှိုင်ကို သတ်ဖြတ်ခံရမှုဖြစ်စဥ်အတွက် ကျူးလွန်သူတွေကို ဖော်ထုတ်အရေးယူပြီး ပွင့်လင်းမြင်သာစွာချပြသွားမယ့်အကြောင်းအပါအဝင် သဘောတူညီချက် ၅ခုကို ကယန်းပြည်သစ်တပ်မတော်ဘက်က ကတိကဝတ်ပြု သဘောတူခဲ့​ကြောင်း နေပြည်တော် PDF တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

စစ်တပ်အရာရှိများ ထိခိုက်သေဆုံး ဖမ်းဆီးခံရမှုရှိလာမှုများနှင့်အတူ တရုတ်စီမံကိန်းများရှိရာ ကျောက်ဖြူမှာ စစ်ရေးအသာစီး ရလာပြီဖြစ်သည့် အာရက္ခတပ်တော် AA

“G1 ကျော်လင်းကြိုင်နဲ့ စစ်သုံ့ပန်းတွေ ဖမ်းဆီးရမိထားတယ်လို့ ကျွန်တော်တို့လည်း သိရှိထားပါတယ်။ တချို့တွေကတော့ ပြောကြတယ် G1 ဆိုတာက ရုံးထိုင်ရတာပေါ့။ တပ်မတွေ … စအခတွေမှာက G1 တစ်ယောက်တည်းပဲရှိတယ်။ ဒါပေမယ့် စစ်ထွက်တဲ့အခါမှာ ဗျူဟာမှူးက ၃ယောက်မပြည့်ရင် G1 က ခေတ္တ ဗျူဟာမှူးအနေနဲ့ လိုက်ရလေ့ရှိတယ်။ အခုဖြစ်စဉ်ကလည်း နည်းဗျူဟာမှူး မရှိလို့ G1 ကနေပြီးတော့ ခေတ္တ ဗျူဟာမှူးအနေနဲ့ ကျောက်ဖြူကို အရေးပေါ် ထွက်လာရတာလို့ ပြောရမှာပါ” လို့ CDM ဗိုလ်ကြီးဇင်ယော်က မောင်းကို ပြောပါတယ်။
Read More

၁၀၂၇ စစ်ဆင်ရေးအတွင်း တိုက်ပွဲဝင် အသက်ပေးလှူသွားခဲ့တဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေကို ရည်စူးပြီး PSLF/TNLA က အလှူဒါနပြုလုပ်ခဲ့

ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA) အုပ်ချုပ်နယ်မြေတစ်နေရာမှာ (၁၀၂၇) စစ်ဆင်ရေးတိုက်ပွဲအတွင်း အာဏာရှင်စစ်ကောင်စီတပ်ကို တော်လှန်ရင်း အသက်ပေးလှူသွားခဲ့တဲ့ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်တော် TNLA  တပ်မတော်သားတွေနဲ့ ပူပေါင်းတပ်ဖွဲ့ဝင်တွေကို ရည်စူးပြီး အောက်တိုဘာလ (၂၇)ရက် (၁၀၂၇)စစ်ဆင်ရေး တစ်နှစ်ပြည့်မှာ အလှူဒါနပြုလုပ်ပေးခဲ့တယ်လို့ သိရပါတယ်။