စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်က ကျေးရွာတွေကို စစ်ကြောင်းထိုးလာတဲ့ တပ်မ ၃၃ စစ်ကြောင်းကို ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် အယောက် ၂၀ ကျော်သေဆုံးတယ်လို့ ရွှေဘိုခရိုင်အမှတ် ၁၈ တပ်ရင်း ကထုတ်ပြန်ထားပါတယ်။

ဝက်လက်မြို့နယ်၊ အုန်းနှဲဘုတ်ရွာကို စစ်ကြောင်းထိုးဝင်ရောက်နေတဲ့ အင်အား ခုနစ်ဆယ်ခန့်ပါတဲ့ တပ်မ (၃၃) စစ်ကြောင်းကို ဇန်နဝါရီ ၅ ရက် မနက်ပိုင်းမှာ တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။’

တိုက်ပွဲကြာချိန် ၅ နာရီခန့်ကြာမြင့်ခဲ့တဲ့ အဲ့ဒီတိုက်ပွဲမှာ စစ်ကောင်စီတပ်သား ၃ ယောက် ဖမ်းဆီးရမိခဲ့ပြီး တိုက်ပွဲဖြစ်နေချိန် စစ်ကောင်စီတပ်က လေကြောင်းကနေ အကြိမ်နှစ်ဆယ်ခန့် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ရွှေဘိုခရိုင်အမှတ် ၁၈ တပ်ရင်းရဲ့ ထုတ်ပြန်ချက်က ဆိုပါတယ်။

အဲ့ဒီတိုက်ပွဲမှာ ဒရုန်းပစ်လက်နက် အပါအဝင် လက်နက်ခဲယမ်းတချို့ကို သိမ်းဆည်းရမိသလို အဲ့ဒီစစ်ဆင်ရေးကို ရွှေဘိုခရိုင်အမှတ်(၁၈)တပ်ရင်း၊ ရွှေဘိုခရိင်အမှတ်(၂၃)တပ်ရင်း၊ ကြောင်လက်သည်း တပ်ဖွဲ့၊  တပ်ရင်း၁၈တပ်ခွဲ(၁) ဝက်လက်မင်းသားကြီးအဖွဲ့၊ တပ်ခွဲ(၂) ProLife အဖွဲ့ တပ်ခွဲ(၃)ဗိုလ်သင်္ချိုင်းအဖွဲ့ တပ်ခွဲ(၄)ဗိုလ်ကျားကြီးအဖွဲ့ ၊ ဝက်လက်ဒေါင်းနီအဖွဲ့နဲ့ ဒေါင်းစစ်သည်အဖွဲ့ တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

တောင်ပိုင်းတိုင်းစစ်ဌာနချုပ် (တပခ) ကို တော်လှန်ရေးတပ်များက ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်။ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ယောက်သေဆုံး

ပဲခူးတိုင်း တောင်ငူမြို့က တောင်ပိုင်းတိုင်းစစ်ဌာနချုပ် (တပခ) ကို ၁၀၇ မမ ရှော့ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်မှုမှာ ဌာနချုပ်ဝန်းထဲက အဆောက်အအုံတွေပေါ် ကျရောက်ပေါက်ကွဲခဲ့လို့ ၅ ယောက်သေပြီး အရာရှိတွေအပါ ၄ ယောက်ထိခိုက်သွားတယ်လို့ Brave…
Read More

ပဲခူးခရိုင် ပကဖ စစ်ကြောင်းအတွက် ကဝ မြို့နယ် ပကဖ မှ စစ်အသုံးအဆောင်များနှင့် စားနပ်ရိက္ခာများ မျှဝေထောက်ပံ့

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ပဲခူးခရိုင်ပကဖ ခရိုင်စစ်ကြောင်းက ရဲဘော်တွေအတွက် ကဝမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က စစ်အသုံးအဆောင်နဲ့ ရိက္ခာတွေ မျှဝေပေးခဲ့တယ်လို့ ပဲခူးခရိုင် ပကဖ က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

စစ်ကောင်စီ၏ ဘုရင့်နောင် တိုက်ခိုက်ရေးကျောင်းကို ရှော့တိုက်ဒုံးများ ပစ်ခတ်မှု သင်တန်းသား ဗိုလ်မှူးများအပါ ၇ ဦး သေဆုံးဟု ဆို

ပဲခူးတိုင်း၊ သံတောင်ကြီးမြို့နယ်၊ ဘုရင့်နောင်တပ်မြို့က စစ်ကောင်စီရဲ့ တပ်မတော် (ကြည်း) တိုက်ခိုက်ရေးကျောင်းကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခဲ့ရာ စစ်ကောင်စီတပ်သား ၇ ဦး သေဆုံးသွားတယ်လို့ Brave Warriors For Myanmar (BWM) က နောက်ဆက်တွဲ သတင်းထုတ်ပြန်လာပါတယ်။
Read More

ငလျင်ဒဏ်ကြောင့် တောင်ငူ ဝေဠုဝန်ဘုန်းကြီးကျောင်းပြိုကျပြီး ကိုရင် တစ်ပါးအပါ စစ်ဘေးရှောင်ကလေးငယ် ၆ ဦး သေဆုံး

ပဲခူးတိုင်း၊ တောင်ငူမြို့နယ်မှာ ငလျင်ဒဏ်ကြောင့် ဝေဠုဝန်ဘုန်းကြီးကျောင်း သိမ်ပြိုကျခဲ့ပြီး ကိုရင်ငယ် ၁ ပါး အပါအဝင် စစ်ရှောင်ကလေးငယ် ၆ လောင်း တွေ့ရှိခဲ့တယ်လို့ Save The Trees Rescue Team က ဖော်ပြထားပါတယ်။
Read More

ချောင်းဦးဆီမီးသပိတ် လေကြောင်းတိုက်ခိုက်မှုအတွင်း ရရှိဒဏ်ရာဖြင့် ကျဆုံးခဲ့သည့် ဗမာလွတ်မြောက်ရေး ဒီမိုကရက်တစ်တပ်ဦး စစ်ဒေသ (၃) တာဝန်ခံ၏ ဈာပနအခမ်းအနား…

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်နဲ့ ချောင်းဦးမြို့နယ်အစပ် တစ်နေရာ ဆီမီးသပိတ် လေကြောင်းတိုက်ခိုက်ခံရမှုအတွင်း ပြင်းထန်ဒဏ်ရာရရှိကာ ကျဆုံးခဲ့တဲ့ ဗမာလွတ်မြောက်ရေး ဒီမိုကရက်တစ်တပ်ဦး (BLDF) စစ်ဒေသ (၃) တာဝန်ခံရဲ့ စျာပနအခမ်းအနားကို အောက်တိုဘာလ ၁၀ ရက်မှာ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

လောင်းလုံး ပကဖ မှ ကျဆုံးရဲဘော် တပ်ခွဲမှူး တုတ်ကြီးနှင့် ရဲဘော် Fire အတွက် တစ်နှစ်ပြည့် ရည်စူးကုသိုလ်ပြု…

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) က ကျဆုံးရဲဘော်တွေဖြစ်တဲ့ တပ်ခွဲမှူးတုတ်ကြီးနဲ့ ရဲဘော် Fire တို့ရဲ့ ကျဆုံးခြင်း (၁) နှစ်ပြည့် အခမ်းအနား ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က မနေ့က ထုတ်ပြန်ပါတယ်။