၂၀၂၄ တစ်နှစ်တာလုံး တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ တိုက်ခိုက်မှုကြောင့် နိုင်ငံတဝန်း  ဗိုလ်ချုပ်၊ ဗိုလ်မှူးချုပ်၊ ဗိုလ်မှူးကြီး အဆင့်အပါအဝင် ထိပ်တန်း စစ်ကောင်စီအရာရှိ ၅၃ ယောက် သေဆုံး ဒဏ်ရာရ  ဖမ်းဆီးခံရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၄၀၀၀ ကျော်အထိ သေဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

၂၀၂၄ ခုနှစ် စစ်ရေးဖြစ်ပေါ်တိုးတက်မှုအခြေအနေ အစီရင်ခံစာကို NUG ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ရာ  စစ်ကောင်စီထိပ်တန်း အရာရှိတွေရဲ့ သေဆုံးမှုဟာ ၂၀၂၄ ခုနှစ်အတွင်း အများဆုံး ဖြစ်ခဲ့ပါတယ်။

၂၀၂၄ ခုနှစ် ဇန်နဝါရီလကနေ  ဒီဇင်ဘာလ ၂၉ ရက်နေ့ အထိ စစ်တပ်အရာရှိ ၃၁၅ ယောက် သေဆုံးပြီး ဒဏ်ရာရရှိသူ စစ်အရာရှိ ၁၂၇ ယောက် စုစုပေါင်း သေဆုံးနဲ့ထိခိုက်ဒဏ်ရာရရှိသူ စစ်အရာရှိ ၄၄၂ ယောက် ရှိခဲ့တာပါ။ အဲဒီထဲကမှ ဗိုလ်ချုပ်၊ ဗိုလ်မှူးချုပ်နဲ့ ဗိုလ်မှူးကြီး အဆင့်ရှိသူ အနည်းဆုံး ၅၃ ယောက်ကလည်း သေဆုံး၊ ဒဏ်ရာရနဲ့ စစ်သုံ့ပန်း အဖြစ် ဖမ်းဆီးခံခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။

တိုက်ခိုက်မှုတွေဟာ တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ နယ်မြေတွေနဲ့ PDF တပ်ဖွဲ့တွေထိန်းချုပ်ရာနေရာတွေမှာ အဓိက ဖြစ်ပွါးကာ သေဆုံး၊ ထိခိုက်၊ သုံ့ပန့်အဖြစ် ဖမ်းဆီးခံရသူတွေ ရှိခဲ့တာဖြစ် ပါတယ်။

သိသာမြင်သာတဲ့ ထိခိုက်၊ သေဆုံး၊ ဖမ်းဆီးခံရမှုတွေကတော့ ရခိုင်ပြည်နယ်နဲ့ ရှမ်းမြောက်ဒေသတွေမှာ အများဆုံးဖြစ်ခဲ့တယ်လို့လည်း သိရပါတယ်။

မြန်မာနိုင်ငံတစ်ဝန်းမှာလည်း စစ်ကောင်စီတပ်ရဲ့ စခန်းပေါင်း ၇၄၁ ခုကို တော်လှန်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းယူခဲ့ပါတယ်။

တော်လှန်ရေးတပ်ဖွဲ့ အသီးသီးရဲ့ တိုက်ခိုက်မှုကြောင့် တိုင်းစစ်ဌာနချုပ် ၂ ခု ၊ ဒကစဌာနချုပ် ၁ ခု၊ စကခ ဌာနချုပ် ၅ ခု၊ စစ်ဗျူဟာအခြေချစခန်း ၆ ခု၊ လေတပ်ဆွယ် ၂ ခု၊ တိုက်ခိုက်ရေး နောက်တန်းစခန်း ၈၆ ခု၊ လက်ရုံးနောက်တစန်းခန်း ၅၄ ခု ၊ နယ်ခြားစောင့်စခန်း ၁၇ ခုကို စစ်ကောင်စီဘက်က လက်လွှတ်ဆုံးရှုံးခဲ့ရပါတယ်။

ဖမ်းဆီးခံရသူများကြားထဲတွေ့ရတဲ့ ဗိုလ်မှူးချုပ် သူရိန်ထွန်း

၂၀၂၄ ခုနှစ်အတွင်း စစ်ကောင်စီရဲ့ အဓိက တိုက်ခိုက်ရေးတပ်တွေဖြစ်တဲ့ တပ်မ ၁၀ ခု၊ စကခ ၁၇ ခု၊ တပ်မဟာ ၃ ခုတို့က တပ်ရင်း ၂၈၂ ရင်းမှာအနည်းဆုံး တပ်ရင်း ၁၀၁ ရင်းခန့် ဖွဲ့စည်းပုံ ပျက်တဲ့အထိ တိုက်ခိုက်နိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် ၂၀၂၁ ခုနှစ်ကနေ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလအထိ စစ်တပ်ဘက်မှ ၃၈၂ ယောက်၊ ရဲ ၁၀၈၈၈ ယောက်၊ စုစုပေါင်း CDM လုပ်သူ ၁၄၇၆၀ ယောက် ပြည်သူ့ရင်ခွင် ခိုလှုံခဲ့တယ်လို့ သိရပါတယ်။ အရာရှိအဆင့်မှာတော့ CDM ဝင်သူ ဒုဗိုလ်မှူးကြီး ၅ ယောက်၊ ဗိုလ်မှူး ၄၂ ယောက်၊ ဗိုလ်ကြီး ၃၂၃ ယောက်နဲ့ ဗိုလ် ၁၀၂ ယောက်ရှိခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

တနင်္သာရီမြို့နယ်မှာ ခမရ ၅၅၈ တပ်၊ စစ်ကောင်စီတပ် လုံခြုံရေးကင်းနှင့် ရိက္ခာပို့စစ်ကြောင်းတို့ကို တိုက်ခိုက်ခဲ့

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ တနင်္သာရီမြို့နယ်ရှိ အကြမ်းဖက်စစ်တပ်ရဲ့ ခမရ ၅၅၈ တပ်ရင်းနဲ့ စစ်ကောင်စီ လုံခြုံရေးကင်းတို့ကို ဖေဖော်ဝါရီလအတွင်း တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တယ်လို့ တနင်္သာရီမြို့နယ် ပကဖ ဇုန် ၄ အဖွဲ့ - တောင်ပံနီ ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

ရပ်စောက်မြို့နယ်၊ ကျောက်ဂူဒေသတွင် စစ်ကောင်စီတပ်မှ အဆိပ်ငွေ့ဗုံးများ၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်

ရှမ်းပြည်နယ်တောင်ပိုင်းရှိ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် (DPLA) လှုပ်ရှားရာဒေသဖြစ်တဲ့ ရပ်စောက်မြို့နယ်၊ ကျောက်ဂူတိုက်နယ်ကျေးရွာအတွင်းရှိ လွယ်ဟောင်ရွာနဲ့ ဖက်ရင်းကုန်းရွာကြားမှာ စစ်ကောင်စီဘက်က အဆိပ်ငွေ့ဗုံးတွေ၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ DPLA က မနေ့ ထုတ်ပြန်ပါတယ်။
Read More

ယမန်နေ့က သပိတ်ကျင်း၊ လိပ်ကျလမ်းဆုံကို စစ်ကောင်စီ ​ပေါင် ၃၀၀ ဗုံးကြဲချခဲ့မှုအတွင်း အရပ်သားပြည်သူ ၁၃ ဦးသေဆုံးခဲ့

ယမန်နေ့က မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ လိပ်ကျကျေးရွာကို စစ်ကောင်စီက တိုက်ပွဲမရှိဘဲ အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သား ၁၃ ယောက်သေဆုံးပြီး ၃ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ပြင်ဦးလွင်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

မိုးကုတ်ဗျူဟာ၏ လက်နက်ကြီးသင်တန်းအပတ်စဉ်(၃) သင်တန်းဆင်းပွဲ အခမ်းအနား (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်လက်အောက်ရှိ မိုးကုတ်မြို့နယ်နဲ့ ထိစပ်နေတဲ့ မြို့နယ်တွေက တပ်ရင်းတွေ စုဖွဲ့ထားတဲ့ မိုးကုတ်ဗျူဟာက လက်နက်ကြီးသင်တန်းအပတ်စဉ်(၃) သင်တန်းဆင်းပွဲ အခမ်းအနားပြုလုပ်ခဲ့တယ်လို့ မှတ်တမ်းဓာတ်ပုံတွေနဲ့အတူ ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

NUG ဆက်သွယ်ရေး၀န်ကြီးဌာနနဲ့ Federal Wings လမ်းခွဲ

Federal Wings နဲ့ NUG ဆက်သွယ်ရေးဝန်ကြီးဌာနတို့ ပူးပေါင်းမှု ရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း Federal Wings ဒရုန်းတပ်ဖွဲ့က ဒီနေ့ ဒီဇင်ဘာ ၃ရက်မှာ ထုတ်ပြန်ပါတယ်။
Read More

နတ်တလင်းအရှေ့ပိုင်း ဒမငယ်ရဲကင်းစခန်းကို ဝင်ရောက်တိုက်ခိုက်၊ စစ်ကောင်စီဘက်က ၃ ဦး သေပြီး လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရရှိ

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်အရှေ့ပိုင်းမှာရှိတဲ့ ဒမငယ်ရဲကင်းစခန်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေက မေလ ၂ ရက်၊ ဒီနေ့ မနက်အစောပိုင်းမှာ ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။