ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ စစ်ကောင်စီနဲ့ တိုက်ပွဲအတွင်း နေပြည်တော် PDF တပ်ရင်း ၉၀၁ နဲ့ ပုဝါနီစစ်ကြောင်းက ရဲဘော် ၈ ယောက် ကျဆုံးခဲ့တယ်လို့ နေပြည်တော် PDF အမှတ် (၉၀၁)တပ်ရင်းဆီက သိရပါတယ်။
ဇန်နဝါရီလ ၃ ရက် မနေ့က ညနေပိုင်းမှာ ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ် အရှေ့ဘက်ကမ်းက ရေလွှဲကျေးရွာနဲ့ ပိန္နဲပင်ကျေးရွာကြားမှာ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေရဲ့ကာကင်းထိပ်တိုက်တွေ့ပြီး ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီတိုက်ပွဲအတွင်း Nay Pyi Taw PDF အမှတ် (၉၀၁) တပ်ရင်းက ရဲဘော် စွန်ရဲ(ခ) နိုင်မင်းဦး ၊ ရဲဘော် တယော (ခ) နိုင်ထက်ဝေနဲ့ ရဲဘော် ဖိုးတေ(ခ) မင်းမင်းဦးတို့ ကျဆုံးခဲ့​တာဖြစ်သလို ပုဝါနီစစ်ကြောင်းက ရဲဘော် ၅ယောက်လည်း အဲ့ဒီထိတွေ့မှုထဲ ကျဆုံးခဲ့တယ်လို့ သိရပါတယ်။
“ရန်သူဘက်က စစ်တောင်းမြစ်အရှေ့ဘက်ကို နယ်မြေရှင်းလင်းဖို့ စစ်ကြောင်းဝင်နေတယ်ပေါ့။ အဲ့ဒါ ရေလွဲရွာဘက်ကနေ ပိန္နဲပင်ရွာဘက်ကို စစ်ကြောင်းဝင်လာတဲ့အချိန် ကာကွယ်ရေးတပ်ဖွဲ့တွေ ကာကင်းယူထားတာနဲ့ တိုးပြီး ဖြစ်သွားတာပါ။” လို့ နေပြည်တော် PDF တပ်ရင်း တပ်ဖွဲ့ဝင် ၁ ယောက်က မောင်းသတင်းဌာနကို ပြောပါတယ်။
အကြမ်းဖက်စစ်ကြောင်းနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ ထိတွေ့တိုက်ပွဲဟာ ဇန်နဝါရီလ ၂ ရက်နဲ့ ၃ ရက်တွေမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး စစ်ကောင်စီဘက်ကလည်း ထိခိုက်​သေဆုံးမှုတွေ ရှိတယ်လို့ သိရပါတယ်။
နေပြည်တော် PDF တပ်ရင်း ၉၀၁ ကတော့ ကျဆုံးသွားတဲ့ ရဲဘော်တွေအတွက် လေးစားဂုဏ်ယူသလို မပြီးပြတ်သေးတဲ့ အာဏာရှင်စစ်တပ်အမြတ်ပြတ်ရေးမှာ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ အသိပေးထားပါတယ်။
ပုံစာ – ကျဆုံးသွားတဲ့ နေပြည်တော် PDF တပ်ရင်း ၉၀၁ က ရဲဘော်များ
0 Shares:
You May Also Like
Read More

ကရင်နီ အမျိုးသားလူငယ်အစည်းအရုံးက အကြမ်းဖက်စစ်အုပ်စု၏ အတုအယောင် ရွေးကောက်ပွဲ ဆန့်ကျင်ရေး ဓာတ်ပုံကမ်ပိန်းပြုလုပ်

ကရင်နီအမျိုးသားလူငယ်အစည်းအရုံးက ကရင်နီပြည် နယ်စပ် တစ်နေရာမှာ အကြမ်းဖက်စစ်အုပ်စုရဲ့ အတုအယောင် ရွေးကောက်ပွဲဆန့်ကျင်ရေး ဓာတ်ပုံကမ်ပိန်း ပြုလုပ်ခဲ့တယ်လို့ Karenni National Youth Organization- KNYO က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မန္တလေး ဂရိတ်ဝေါဟိုတယ်အတွင်း ပိတ်မိနေသူများကို ကယ်ဆယ်ထုတ်ယူခွင့်မပြုသည့်အပေါ် ဝေဖန်တောင်းဆိုမှုများ မြင့်တက်နေ

ငလျင်ဒဏ်အပြီး တစ်ပတ်နီးပါးရှိလာချိန် ဟိုတယ်အတွင်း ကျန်ရစ်တဲ့ ပိတ်မိနေသူတွေကို  ကယ်ဆယ်ရှာဖွေခွင့် ကန့်သတ်ပိတ်ပင်ထားတဲ့ မန္တလေး ဂရိတ်ဝေါဟိုတယ်အပေါ်  ကျန်ရစ်တဲ့ မိသားစုဝင်တွေက ငိုယိုအကူညီတောင်းခံနေကြကြောင်း သိရပါတယ်။ 
Read More

ကျိုက်ထိုမြို့နယ်တွင် စစ်အုပ်စု ဗုံး ၁၀ လုံး ကြဲချတိုက်ခိုက်၊ အရပ်သား ၁ ဦး ဒဏ်ရာရ

မွန်ပြည်နယ်၊ ​ကျိုက်ထိုမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သားပြည်သူ ၁ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်အရုံး ၊ ဒူးသထူခရိုင်က ထုတ်ပြန်ပါတယ်။
Read More

ဒိုက်ဦး ခမရ ၄၄၀ မှ စစ်မှုထမ်းဆင်းစစ်သား ၂ ဦး လက်နက်ခဲယမ်းများနှင့် အလင်းဝင်လာ

အာဏာသိမ်းစစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲကို မဟာဗျူဟာ ၅ ရပ်နဲ့ တိုက်ဖျက်ဆောင်ရွက်သွားမယ်လို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။
Read More

ရေဦးမှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အောက်တိုဘာလအတွင်း ၃ ကြိမ်မြောက် လေကြောင်းတိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်မှာ တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ လေကြောင်းတိုက်ခိုက်ခံရတာ ၃ ကြိမ် ရှိနေပြီလို့ ဒေသခံတွေထံက သိရပါတယ်။
Read More

မုံရွာ-မန္တလေးလမ်းပေါ် ဆက်ကြေးကောက်နေတဲ့ ပျူစောထီးတွေ ရှေ့ထွက်ပြောင်းနဲ့ ပစ်ခံရပြီး ၂ ယောက်သေ၊ အထိနာသွားတဲ့ ပျူတွေက အနီးနားမှာရှိတဲ့ နေအိမ် ၃ လုံးကို မီးရှို့ခဲ့

စစ်ကိုင်းတိုင်း၊ မုံရွာမြိုနယ်မှာ မုံရွာ- မန္တလေးလမ်းပေါ်တက်ပြီး ဆက်ကြေးကောက် ငွေညှစ်ဖိုလုပ်နေတဲ့ ပျူစောထီးတွေ ရှေ့ထွက်ပြောင်းနဲ့ တိုက်ခိုက်ခံရလို ၂ယောက် သေပြီး ၁၀ယောက်နီးပါး ထိခိုက်သွားကြောင်း Brave Heart Army - BHA အဖွဲ့ထံက သိရပါတယ်။