မကွေးတိုင်း၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်မှာ ကပစ ၁၄ကနေ ထွက်လာတဲ့ စစ်ကောင်စီကား၂စီးကို ငဖဲ-စေတုတ္ထရာလမ်းပိုင်းမှာ ကြားဖြတ်တိုက်ခိုက်ခဲ့လို့ နှစ်ဖက်ထိတွေ့မှုဖြစ်ကာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုတွေရှိခဲ့ကြောင်း သိရပါတယ်။
ဒါ့အပြင် ငဖဲမြို့မရဲစခန်းနဲ့ ထွေအုပ်ရုံးတို့ကိုလည်း ဒရုန်းဗုံးသီးကြဲ တိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့ကြောင်း မင်းဘူးခရိုင် အမှတ်(၈) တပ်ရင်း Wolf တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။
ဇန်နဝါရီလ ၃ရက်၊ မနက်အစောပိုင်းက ငဖဲမြို့အခြေစိုက် အမှတ် (၁၄) ကာကွယ်ရေးပစ္စည်းစက်ရုံကနေ အင်အား ၅၀နီးပါးနဲ့ ထွက်လာတဲ့ စစ်ကောင်စီတပ်သုံး ကား၂စီးကို ပဒါန်း-ငဖဲ-စေတုတ္ထရာလမ်းပိုင်း၊ ညောင်ကုန်းကျေးရွာနားအရောက်မှာ တော်လှန်ရေးအဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။
အဲ့ဒီနောက် မိနစ်၂၀ကြာ အပြန်အလှန်ပစ်ခတ်မှုဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်က နေရာတင် ၁ယောက်သေဆုံးကာ ထိခိုက်ဒဏ်ရာရသူ၆ယောက်ရှိခဲ့ပြီး ဆေးကုသနေရင်း ထပ်မံသေဆုံးသွားတာတွေလည်းရှိတယ်လို့ မင်းဘူးခရိုင် အမှတ်(၈) တပ်ရင်း Wolf တာဝန်ရှိသူက ပြောပါတယ်။
“ကပစ ၁၄ဘက်ကနေ စေတုတ္တရာဘက်ကို စစ်ကောင်စီတပ်သုံးယာဥ် ၂စီး ထွက်လာတယ်ဆိုတဲ့ သတင်းရတယ်ဗျ။ ရန်သူဘက်က ကားနှစ်စီးမှာ ရှေ့ဆုံးက ကားကို မိုင်းဆွဲလိုက်နိုင်တယ်။ မိုင်းဆွဲလိုက်တော့ ကားက မိုင်းဆွဲတဲ့နေရာနဲ့ မီတာ ၅၀လောက်ကို လိမ့်ပြီးရပ်သွားတယ်ဗျ။ ကားကတော့ မောင်းမရအောင် ပျက်စီးသွားပါတယ်။ ကားကိုမောင်းလာတဲ့ ကားသမားကတော့ နေရာတွင်ပွဲချင်းပြီး သေဆုံးသွားတယ်ဗျ။ နှစ်ဖက်ပစ်ခတ်မှုဖြစ်ရင်း စခဘက်က ထိခိုက်ဒဏ်ရာရတဲ့သူတွေလဲရှိခဲ့ပါတယ်။ အရေအတွက်ကိုတော့ အတည်မပြုနိုင်သေးပါဘူး.” လို့ မင်းဘူးခရိုင် အမှတ်(၈) တပ်ရင်း Wolf တာဝန်ရှိသူက မောင်းသတင်းဌာနကိုပြောပါတယ်။
ဒီတိုက်ခိုက်မှုမှာ မင်းဘူးခရိုင် အမှတ်(၈) တပ်ရင်း Wolf နဲ့အတူ ချင်းကာကွယ်ရေးတပ် (CDF-Asho) နဲ့ ငဖဲမြို့နယ်ပကဖတို့က ပူးပေါင်းပါဝင်ခဲ့တာလည်း ဖြစ်ပါတယ်။
ဒါ့အပြင် ဒီဇင်ဘာလ ၁၆ရက်နေ့ကလည်း ငဖဲမြို့ပေါ်က စစ်ကောင်စီတပ်စွဲထားတဲ့ မြို့မရဲစခန်းနဲ့ထွေအုပ်ရုံးတွေထဲ ဒရုန်းနဲ့ဗုံးသီး၃လုံးကြဲချ တိုက်ခိုက်ခဲ့သေးကြောင်း သိရပါတယ်။
“ထွေအုပ်ရုံးအဆောက်ဦးအပါဝင် ဆိုင်ကယ်နဲ့ကားအချို့ ထိခိုက်ပျက်စီးမှုရှိပါတယ်။ နောက်ပြီး လူထိခိုက်မှုတွေ ရှိတယ်လို့လည်း အတွင်းသတင်းတွေက ပြောတယ်ဗျ” လို့ မင်းဘူးခရိုင် အမှတ်(၈) တပ်ရင်း Wolf တာဝန်ရှိသူက မောင်းသတင်းဌာနကိုပြောပါတယ်။
ဒီတိုက်ခိုက်မှုကိုတော့ မင်းဘူးခရိုင် အမှတ်(၈) တပ်ရင်း Wolf နဲ့အတူ ဒရုန်းလက်ရုံးတပ်ဖွဲ့ မင်းဘူးခရိုင်ပကဖ တို့ကလုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။
မကွေးတိုင်း၊ မင်းဘူးခရိုင်ထဲက ပဒါန်း၊ ငဖဲ ၊ စေတုတ္ထရာလမ်းပိုင်းဟာ စစ်ကောင်စီအားထားရတဲ့ မြို့နယ်ချင်းဆက်လမ်းပိုင်းဖြစ်ပြီး ကပစ စက်ရုံတွေ တည်ရှိတာကြောင့် ဒီလမ်းပိုင်းကတဆင့် တပ်ရွှေ့ပြောင်းတာ၊ အုပ်ချုပ်ထုတ်လုပ်မှုတွေ လုပ်ကိုင်နေတာလည်းဖြစ်ပါတယ်။
စစ်ကောင်စီအနေနဲ့ လမ်းပိုင်းအသုံးပြုရာမှာ ပုံမှန်စစ်သုံးကားတွေထက် အရပ်သားကားတွေကို ချောဆွဲအသုံးပြုမှုတွေ များလာတယ်လို့လည်း သိရပါတယ်။
ပုံစာ- မင်းဘူးခရိုင် အမှတ် ၈တပ်ရင်း Wolf PDF တပ်ဖွဲ့ဝင်များ
0 Shares:
You May Also Like
Read More

လူငယ် ၈၀၀၀ ကျော်ကို ဖမ်းဆီးထားကာ ထောင်နှင့်ချီ သတ်ဖြတ်ထားသည့် စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်က လူငယ်ကဏ္ဍ အရေးကြီးကြောင်း ပြော

အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတစ်ဝန်း လူငယ်လူရွယ် ၂၀၀၀ ကျော်ကို သတ်ဖြတ်ပြီး လူငယ် ၈၀၀၀ ကျော်ကို ဖမ်းဆီးခဲ့တဲ့ အကြမ်းဖက်စစ်တပ် ခေါင်းဆောင် မင်းအောင်လှိုင်က တိုင်းပြည်တည်ဆောက်ရေးမှာ လူငယ်အခန်းကဏ္ဍကို အထူးအလေးထား ဆောင်ရွက်ပေးနေတယ်လို့ ပြောဆိုလိုက်ပါတယ်။
Read More

ဆဲဗင်းဂျူလိုင်ကျောင်းသားအရေးတော်ပုံနေ့သည် စစ်အာဏာရှင်ဆန့်ကျင်ရေး သမိုင်းတွင် ထင်ရှားသော မှတ်တိုင်တစ်ခု၊ မျိုးဆက်ပေါင်းများစွာ၏ တိုက်ပွဲဝင်စိတ်ဓာတ်ကို မီးမောင်းထိုးပြနေဟု NUG ပြော

ဒီနေ့မှာ ကျရောက်တဲ့ ဆဲဗင်းဂျူလိုင်ကျောင်းသားအရေးတော်ပုံနေ့ဟာ စစ်အာဏာရှင်ဆန့်ကျင်ရေး သမိုင်းမှာ ထင်ရှားတဲ့ မှတ်တိုင်တစ်ခုဖြစ်ပြီး မျိုးဆက်ပေါင်းများစွာရဲ့ တိုက်ပွဲဝင်စိတ်ဓာတ်ကို မီးမောင်းထိုးပြနေတာဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ (၆၃) နှစ်မြောက် ဆဲဗင်းဂျူလိုင် ကျောင်းသား အရေးတော်ပုံနေ့ အခမ်းအနားကို ပေးပို့တဲ့ သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။
Read More

ရာမညမွန်တပ်တော်က ရုံးသင်တန်း အပတ်စဉ် (၁) သင်တန်းဆင်းပွဲ ကျင်းပပြုလုပ်

မွန်ပြည်သစ်ပါတီ(စစ်အာဏာရှင်တိုက်ဖျက်ရေး)/ရာမညမွန်တပ်တော်က ရုံးသင်တန်း အပတ်စဉ် (၁) သင်တန်းဆင်းပွဲကို လွတ်မြောက်နယ်မြေတစ်နေရာမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ မနေ့က ထုတ်ပြန်ပါတယ်။
Read More

ပြည်သူတရပ်လုံးအပေါ် နည်းမျိုးစုံဖြင့် အကြမ်းဖက်နေသည့် စစ်အုပ်စုက KNU ကို အကြမ်းဖက်အဖွဲ့ အဖြစ် ကြေညာပြန်

ကရင်အမျိုးသားအစည်းအရုံး (KNU) ကို မတရားအသင်းအဖြစ် ကြေညာလိုက်ကြောင်း အကြမ်းဖက်မင်းအောင်လှိုင်ရဲ့ ပြည်ထဲရေးဝန်ကြီးဌာနက ဩဂုတ် ၂၈ ရက်မှာ အမိန့်ကြော်ငြာစာဆိုပြီး ထုတ်ပြန်ပါတယ်။
Read More

မြန်မာနိုင်ငံအတွင်း ကျားဖျန့်လုပ်ငန်းမှာ စေခိုင်းဖို့ လူကုန်ကူးခံရသူတွေဟာ ထိုင်းနိုင်ငံကနေ ဝင်ရောက်လာတာလို့ စစ်ကောင်စီပြောခွင့်ရ ပြော…

မြန်မာနိုင်ငံမှာ အကြီးစားလူကုန်ကူးမှုနဲ့အတူ နိုင်ငံတကာရဲ့ အာရုံစိုက်မှု ခံလာရတဲ့ ကျားဖြန့်အွန်လိုင်းငွေလိမ်လုပ်ငန်းမှာ ခိုင်းစေဖို့ နိုင်ငံခြားသားတွေကို ထိုင်းနိုင်ငံကတစ်ဆင့် ခေါ်ဆောင်နေတာဖြစ်တယ်လို့ အကြမ်းဖက်စစ်ကောင်စီ ပြောခွင့်ရ ဇော်မင်းထွန်းက စစ်ကောင်စီရဲ့ ဝါဒဖြန့်ချိရေး သတင်းစာတွေကတစ်ဆင့် ပြောပါတယ်။
Read More

မွန်၊ ကရင်၊ တနင်္သာရီ၊ ကရင်နီဒေသတွေမှာ ထိတွေ့တိုက်ပွဲတွေ များပြားလာပြီး လေကြောင်းတိုက်ခိုက်မှုတွေ မြင့်တက်လာ

မြန်မာပြည်တောင်ပိုင်းဒေသတွေမှာ ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်း တော်လှန်ရေးတပ်တွေနဲ့  စစ်ကောင်စီတို့ ထိတွေ့တိုက်ပွဲတွေ သိသိသာသာ မြင့်တက်လာပြီး စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေလည်း အရေအတွက်များပြားလာကြောင်း Rehmonnya Institute for Civic Engagement - RICE  က အသိပေးထုတ်ပြန်ပါတယ်။