ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် အနန်းကွင်းဗျူဟာကို စစ်ကူနဲ့ လူနာသယ်ဖို့လာတဲ့ အင်အား ၁၅၀ ခန့်ရှိ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ ၄ ရက်ကြာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ အထူးစစ်ဆင်ရေးတပ်ဖွဲ့ – S.O.F ထံက သိရပါတယ်။

ဒီဇင်ဘာ ၃၀ ရက်ကနေ ဇန်နဝါရီ ၂ ရက်အထိ အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ တပ်မ ၄၄ နဲ့ KNLA၊ SOF၊ ပူးပေါင်းအဖွဲ့တွေ၊ ဒရုန်းတပ်ဖွဲ့တွေ ၄ ရက်ကြာ တိုက်ပွဲဖြစ်ပွားပြီး အကြမ်းဖက်စစ်သား ၄၀ ကျော်သေကာ လက်နက်ကြီး လက်နက်ငယ် ၃၀ ကျော် သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

တိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်းကနေ ဂျက်ဖိုက်တာနဲ့ ၃ ကြိမ်၊ Y12 ဗုံးကျဲလေယဥ်နဲ့ ၁ ကြိမ်၊ လက်နက်ကြီး အကြိမ် ၁၅၀ ခန့် ရမ်းသန်းပစ်ခတ်ခဲ့ပြီး ပြည်သူ့ရဲဘော် ၁ ယောက်ကျဆုံးရကာ ၅ ယောက်ခန့် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

အနောက်ဘုန်းကံပျူရွာရှိ စစ်ကော်မရှင်တပ်သားတွေကို ရော့ကတ်တွေနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း ပခုက္ကူမြို့နယ် အနောက်ဘုန်းကံပျူရွာရှိ စစ်ကော်မရှင်တပ်သားတွေကို ရော့ကတ် ၅ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Cobra One တပ်ဖွဲ့သတင်းပြန်ကြားရေး ဗိုလ်မြွေဟောက် က မောင်းကို ပြောပါတယ်။
Read More

မုံရွာ-အရာတော်လမ်းပိုင်းမှာ အကြမ်းဖက်စစ်တပ်ယာဉ်တန်းကြားဖြတ်တိုက်ခိုက်မှု ယာဉ်ကြီး ၅ စီး သိမ်းဆည်းရရှိပြီး စစ်သား ၉ ယောက်သေ၊ ၇ ယောက် ဖမ်းဆီးရမိ (ရုပ်/သံ)

စစ်ကိုင်းတိုင်း မုံရွာမြို့နယ် အနောက်မြောက်တိုင်းစစ်ဌာနချုပ်က ထွက်လာတဲ့ အကြမ်းဖက်စစ်တပ် ၁၀ စီးယာဉ်တန်းကို ဇန်နဝါရီ ၉ ရက် နံနက်ပိုင်းက မုံရွာ-အရာတော်လမ်းပိုင်းမှာ ကြားဖြတ် တိုက်ခိုက်ခဲ့တယ်လို့ Brothers Revolution Force-Monywa အဖွဲ့ထံက သိရပါတယ်။
Read More

လောင်းလုံးမြို့နယ် မြို့မရဲစခန်းအား တော်လှန်ရေးတပ်များ တိုက်ခိုက်မှု စစ်သား ၁ ဦး သေ (ရုပ်/သံ)

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ် မြို့မရဲစခန်းကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ယောက် သေဆုံးခဲ့တယ်လို့ Dawei District People’s Defence Frontier က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ဖလမ်းမြို့ ထိုးစစ်ဆင်လာသည့် အကြမ်းဖက်စစ်တပ်ကို တိုက်ခိုက်ရာ စစ်သား အများအပြား သေ၊ သုံ့ပန်း ၁ ဦး ဖမ်းမိကာ လက်နက်ခဲယမ်းများ ရရှိ (ရုပ်/သံ)

ချင်းပြည်နယ်၊ ဖလမ်းမြို့ကို ထိုးစစ်ဆင်လာတဲ့ အကြမ်းဖက်စစ်တပ်ကို ချင်းတော်လှန်ရေးတပ်တွေက တိုက်ခိုက်ခဲ့ရာ စစ်သားအများအပြား သေဆုံးပြီး စစ်သုံ့ပန်း ၁ ယောက်နဲ့ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ ချင်းစစ်ရေးသတင်းမြစ်ထံက သိရပါတယ်။
Read More

ရေတာရှည်မြို့နယ်ရှိ အကြမ်းဖက်စစ်တပ်ရဲ့ ၆၀၄ ဒုံးတပ်ရင်းကို ၁၀၇ မမ ရှော့တိုက်ဒုံး ၃ လုံးနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

ပဲခူးတိုင်း ရေတာရှည်မြို့နယ်ရှိ အကြမ်းဖက်စစ်တပ်ရဲ့ ၆၀၄ ဒုံးတပ်ရင်းကို အောက်တိုဘာ ၁၃ ရက် ညပိုင်းအချိန်က ရှော့တိုက်ဒုံး ၃ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ နေပြည်တော်PDFစစ်ကြောင်း တပ်ရင်း(၉၀၁)ထံက သိရပါတယ်။
Read More

ရမ်းဖိုရွာအနီး စစ်ကောင်စီယာဉ်တန်းကို မိုင်းဆွဲပြီး လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ ရမ်းဖိုရွာအနီး စစ်ကောင်စီယာဉ်တန်းကို မိုင်းဆွဲပြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။