နှစ်သစ်ကူးညမှာ ကရင်နီဒေသကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ စစ်ကောင်စီရဲ့ တောင်ငူ ကေတုမတီလေတပ်စခန်းကို ရှော့တိုက်ဒုံးတွေနဲ့ ပြန်လည်တိုက်ခိုက်ခဲ့တယ်လို့ Brave Warriors for Myanmar-BWM ကနေ သတင်းထုတ်ပြန်လာပါတယ်။
ယမန်နေ့ ဇန်နဝါရီလ ၃ ရက်နေ့၊ သန်းခေါင်အချိန်မှာ အဆိုပါ တိုက်ခိုက်မှုကို ပြုလုပ်ခဲ့တာဖြစ်တယ်လို့လည်း ဆိုပါတယ်။ လေတပ်အတွင်းကို ရှော့တိုက်ဒုံး ၁၂ လုံးပစ်ခတ်ခဲ့ရာ ၁၀ လုံးကို အောင်မြင်စွာ ပစ်ခတ်နိုင်ပြီး၊ လေတပ်အတွင်း ထိမှန်ပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။
တောင်ငူလေတပ်စခန်းမှာ ၂၀၂၄၊ ဒီဇင်ဘာ ၃၁ ရက် (နှစ်သစ်ကူး) ညမှာ ကရင်နီဒေသကို ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ လေတပ်ဖြစ်တဲ့အပြင် စစ်ကောင်စီအတွက် နိုင်ငံတောင်ဖက်ပိုင်းမှာ အရေးပါတဲ့ လေတပ်ဖြစ်တာကြောင့် အခုလို တိုက်ခိုက်မှုကို ဖော်ဆောင်ခဲ့တာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အဆိုပါ တိုက်ခိုက်မှုကို Brave Warriors for Myanmar (BWM) အဖွဲ့ရဲ့ ဦးဆောင်စီမံမှုနဲ့ Mountain Knight Civilian Defense Forces (MKCDF)၊ Anti-Coup People’s Liberation Force (ACPLF)၊ သံတောင်မြောက်ပိုင်း အထူးဒေသ အဖွဲ့ တို့ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး BWM အနေနဲ့ မဟာမိတ်အဖွဲ့တွေနဲ့ ပူးပေါင်းကာ တောင်ငူလေတပ်စခန်းကို တိုက်ခိုက်နေတာဟာ (၆) ကြိမ်ရှိနေပြီလို့ သိရပါတယ်။
အဆိုပါ စစ်ကောင်စီ တောင်ငူ ကေတုမတီလေတပ်စခန်းကို ရှော့တိုက်ဒုံးများနဲ့ တိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးမှုတွေကို စုံစမ်းဆဲဖြစ်ပြီး ဆက်လက်ထုတ်ပြန်မယ်လို့ BWM ကဆိုပါတယ်။
ပုံစာ – တောင်ငူလေတပ်နဲ့ တပခ ကို ရှော့တိုက်ဒုံးတွေ ပစ်ခတ်တိုက်ခိုက်နေစဥ် (ပုံဟောင်း)
0 Shares:
You May Also Like
Read More

မင်းတပ်မြို့သိမ်း စစ်ဆင်ရေးမှာ ပါဝင်တိုက်ခိုက်ခဲ့တဲ့ မုံရွာခရိုင် အမှတ် (၃) တပ်ရင်းကို ဒေသခံ ပြည်သူတွေ ကြိုဆိုဂုဏ်ပြု…

ချင်းပြည်နယ်၊ မင်းတပ်မြို့သိမ်း စစ်ဆင်ရေးမှာ မဟာမိတ်တပ်တွေနဲ့အတူ ပါဝင်တိုက်ခိုက်ခဲ့တဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ မုံရွာခရိုင် အမှတ် (၃) တပ်ရင်းကို ဒေသခံ ပြည်သူတွေ ကြိုဆိုနေတဲ့ မှတ်တမ်းပုံရိပ်တွေကို ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
Read More

မွန်ပြည်သစ်ပါတီ ခွဲထွက်အဖွဲ့ထံ MNLA အမှတ် (၅) တပ်ရင်းက တပ်ရင်းတစ်ရင်းလုံး လာရောက်ပူးပေါင်း

ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်၊ မလက်တိုကျေးရွာအုပ်စုမှာ ပြည်သူ့စစ်သင်တန်းပြုလုပ်ဖို့ အကြမ်းဖက်စစ်တပ်နဲ့ ရဲက စီစဥ်နေပြီး ပြည်သူ့စစ်ခေါ်ယူဖို့ အစည်းဝေးလုပ်ချိန်မှာ လူမစုံတာနဲ့အစည်းအဝေး ပျက်သွားခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

မိုးထဲရေထဲ အလှူ့လက်ဖက်နဲ့ မျက်နှာလုပ်ချင်နေတဲ့ စစ်ကောင်စီ

စစ်ကောင်စီက ရေးဘေးကူညီဖို့အတွက် သူတို့လက်အောက်ခံ ဝန်ကြီးဌာနတွေကို ဌာနအလိုက် ငွေကောက်ခံကာ အလှူ့လက်ဖက်နဲ့ မျက်နှာ လုပ်နေပြန်ပါတယ်။ မြန်မာနိုင်ငံတဝန်းခံစားနေကြရတဲ့ ရေဘေးဒုက္ခကို ကူညီဖို့ဆိုပြီး မြို့နယ်အသီးသီးက Non-CDM ဝန်ထမ်းတွေ၊ သူတို့နဲ့ နီးစပ်တဲ့ စီးပွါးရေးလုပ်ငန်းရှင်တွေထံက…
Read More

ဂွမြို့နယ် ဂန့်ဂေါ်တောင်မှာ အကြမ်းဖက်စစ်တပ်ရဲ့ စစ်ကြောင်းမှူး ဒရုန်းဗုံးသီး ထိမှန်သေဆုံးကာ အများအပြားထိခိုက်ဒဏ်ရာရ

ရခိုင်ပြည်နယ် ဂွမြို့ရဲ့ မြောက်ဘက်မှာရှိတဲ့ ဂန့်ဂေါ်တောင်ရွာမှာ အထိုင်ချတပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို ရခိုင့်တပ်တော် AA က ဒရုန်းနဲ့ ဗုံးကြဲချခဲ့လို့ အကြမ်းဖက်စစ်တပ်က စစ်ကြောင်းမှူး ထိခိုက်သေဆုံးပြီး စစ်သားတချို့လည်း ထိခိုက်ဒဏ်ရာတွေ ရရှိသွားကြောင်း စစ်ကောင်စီနဲ့ နီးစပ်သူတွေထံက သိရပါတယ်။
Read More

၂၀၂၄ ခုနှစ်ဟာ တော်လှန်ရေးမှာ အောင်မြင်ခဲ့တဲ့ နှစ် ဖြစ်တယ်လို့ ဒေါက်တာဇော်ဝေစိုး ညွှန်းဆို

“တော်လှန်ရေးကို စတင်မယ်လို့ပြောထဲက ဒီနေ့အထိ ကျွန်တော်တို့ရဲ့ အောင်မြင်မှုဟာ တစ်ရက်လေးမှနောက်ပြန်မလှည့်ခဲ့ဘူး လက်လျှော့ အရှုံးမပေးခဲ့ဘူး ဒါဟာတော်လှန်ရေးမှာ နေ့စဉ်အောင်မြင်နေခြင်းပဲ အထူးသဖြင့်ပြောရမယ်ဆိုရင်တော့ ဒီ ၂၀၂၄ ဟာ အောင်မြင်တဲ့နှစ် Victory Year လို့တောင်ပြောရမှာ ဖြစ်ပါတယ် “လို့ပါမောက္ခဒေါက်တာဇော်ဝေစိုးက ပြောပါတယ်။
Read More

စစ်တွေကနေ ထောင်ပြောင်းရွေ့ခံရတဲ့ နိုင်ငံရေးအကျဉ်းသားတွေ ပုသိမ်ထောင်သို့ရောက်ရှိ

ရခိုင်ပြည်နယ်၊ စစ်တွေအကျဉ်းထောင်ကနေ ထောင်ပြောင်းရွေ့ခံရတဲ့ နိုင်ငံရေးအကျဉ်းသားအပါအဝင် တခြားအကျဉ်းသား အားလုံး ပုသိမ်ထောင်ကို ရောက်ရှိလာပြီလို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ကနေ သတင်းထုတ်ပြန်ထားပါတယ်။