ချင်းပြယ်နယ်၊ ကန်ပက်လက်မြို့ကနေ ဆုတ်ခွာထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သားတွေကို တိုက်ခိုက်ရာ စစ်သား ၃ ယောက် သေဆုံးပြီး ၂ ယောက် အရှင်ဖမ်းဆီးရမိထားတယ်လို့ Laung She Regional People’s Defence Force က သတင်းထုတ်ပြန်လာပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၃၀ ရက်နေ့မှာ ကန်ပက်လက်မြို့က ဆုတ်ခွာလာတဲ့ ၅၄ ယောက်ပါ စစ်ကောင်စီစစ်ကြောင်းဟာ ဆောမြို့ကတဆင့် လောင်းရှည်မှာ ရှိတဲ့ စစ်ကောင်စီတပ်စခန်းကို အင်အား ပူးပေါင်းဖို့ ထွက်ခွာလာချိန် ဂန့်ဂေါခရိုင်အမှတ် (၆) တပ်ရင်းနဲ့အတူ အမှတ် (၃) တပ်ရင်း၊ လောင်းရှည်တိုက်နယ် (ပကဖ) တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
အဲဒီတိုက်ခိုက်မှုမှာ စစ်သား ၁ ယောက် သေဆုံးပြီး ဒဏ်ရာရ စစ်သား ၁ ယောက်ကို အရှင်ဖမ်းဆီးရမိခဲ့ကာ ကျန်တဲ့စစ်သားတွေကတော့ ကစဉ့်ကလျား ဆုတ်ခွာ ထွက်ပြေးသွားတယ်လို့ သိရပါတယ်။
အဲဒီနောက် ထွက်ပြေးသွားတဲ့ စစ်သားတွေကို နောက်တရက် ဒီဇင်ဘာ ၃၁ ရက်နေ့မှာ ဂန့်ဂေါခရိုင်အမှတ် (၆) တပ်ရင်း၊ လောင်းရှည်တိုက်နယ် (ပကဖ) အဖွဲ့၊ ဂန့်ဂေါခရိုင် အမှတ်(၃/၅)တပ်ရင်း/ ကိုဘခက်အဖွဲ့ (စလင်း)၊ မကွေးတိုင်း ဒရုန်းတပ်ဖွဲ့ စတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေက လိုက်လံတိုက်ခိုက်ရာ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်သား ၂ ယောက် သေကာ ဒဏ်ရာရ စစ်သား ၁ ယောက်ကို ထပ်မံ ဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။
“၃ ဦးသေတာ မျက်မြင်ပါပဲ… ဓာတ်ပုံတွေလည်း ရှိပါတယ်…မတင်တော့တာပါ…ဒီတောတောင် ဒီရေမြင်တွေက ဒေသခံတွေက အသာစီးရတာပေါ့နော် ကျွမ်းကျင်မှုအရရော အခုလိုကြားဖြတ် တိုက်ခိုက်မှုမှာ အောင်မြင်တယ်လို့ ပြောလို့ရပါတယ်” လို့ Laung She Regional People’s Defence Force တာဝန်ရှိသူ ၁ ယောက်က မောင်းသတင်းဌာနကို ပြောပါတယ်။
လက်ရှိမှာတော့ ဖမ်းဆီးရမိထားတဲ့ စစ်ကောင်စီတပ်သား ၂ ယောက်ကို စစ်သုံ့ပန်း ဥပဒေနဲ့အညီ ထိန်းသိမ်းစောင့်ရှောက် ဆေးကုသမှုပေးထားပြီး စစ်ဆေးမေးမြန်းမှုတွေ လုပ်ဆောင်ပြီးရင်တော့ သက်ဆိုင်ရာ တာဝန်ရှိသူတွေထံကို ဆက်လက်အပ်နှံသွားမယ်လို့ ဆိုပါတယ်။
၂ ရက်တာ တိုက်ပွဲအတွင်းမှာ စစ်ကောင်စီတပ်သားတွေဆီက G3 (၁) လက်၊ MA2 (၂) လက်၊ MA3 (၁) လက်တို့နဲ့အတူ စစ်အသုံးအဆောင် ပစ္စည်းတွေကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။
ဇန်နဝါရီလ ၁ ရက်မှာလည်း ထောတွင်းထဲမှာ ပုန်းအောင်းနေတဲ့ စစ်ကောင်စီတပ်သား ၂ ယောက်ကို လောင်းရှည်တိုက်နယ် (ပကဖ) အဖွဲ့က ဝိုင်းဝန်းဖမ်းဆီးရာ အဲ့ဒီစစ်သား ၂ ယောက်က သေနတ်နဲ့ ပြန်လည် ပစ်ခတ်ထွက်ပြေးတာကြောင့် တော်လှန်ရေးရဲဘော် ၁ ယောက် သေနတ်ထိမှန်ခဲ့ပြီး ဒဏ်ရာကတော့ မစိုးရိမ်ရဘူးလို့ သိရပါတယ်။
0 Shares:
You May Also Like
Read More

သံလွင်တိုင်းမ် သတင်းဌာန အယ်ဒီတာချုပ်ရဲ့ နေအိမ်ကို စစ်ကောင်စီ ချိတ်ပိတ်

မွန်ပြည်နယ်၊ မော်လမြိုင်၊ ထားဝယ်စုရပ်ကွက်မှာရှိတဲ့ သံလွင်တိုင်းမ်သတင်းဌာန အယ်ဒီတာချုပ်ဖြစ်သူရဲ့ နေအိမ်ကို စစ်ကောင်စီက လာရောက်ချိတ်ပိတ်သွားတယ်လို့ သိရပါတယ်။
Read More

တပ်ဖွဲ့တည်ထောင်တာ ၃ နှစ်ပြည့်ပြီဖြစ်တဲ့ အောင်ပန်းမြို့ပြပြောက်ကျားတပ်ဖွဲ့

KLT.PDF – ကလောမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ အောင်ပန်းဒေသက တော်လှန်ရေးရဲဘော်တွေ ပြန်လည်စုစည်းတည်ထောင်ထားတဲ့ တပ်ဖွဲ့ဖြစ်တဲ့ Urban Task Force Aung Ban – UTF (အောင်ပန်းမြို့ပြပြောက်ကျား) တပ်ဖွဲ့ဟာ ဖေဖော်ဝါရီ ၁၃ ရက် မနေ့က တပ်ဖွဲ့တည်ထောင်တာ ၃ နှစ်ပြည့်ပြီဖြစ်တယ်လို့ သိရပါတယ်။
Read More

ခရမ်းနဲ့ ကဝ နယ်ချင်းစပ်နေရာက ကျေးရွာတွေမှာ စစ်ကောင်စီက ဒေသခံတွေကို အလှည့်ကျ ကင်းစောင့်ခိုင်းနေ

ရန်ကုန်တိုင်း ခရမ်းမြို့နယ်နဲ့ ပဲခူးတိုင်း ကဝမြို့နယ် ထိစပ်နေတဲ့ နေရာတွေမှာ ကျေးရွာနေပြည်သူတွေကို အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ အုပ်ချုပ်ရေးမှူးတွေက အလှည့်ကျ ကင်းစောင့်ခိုင်းနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

မြိုင်တွင် စစ်တပ်က လေယာဥ်ဖြင့် ရိက္ခာဖြည့် စစ်ကြောင်းထိုးနေ၊ ကလေးတောင်ပိုင်းကိုလည်း ၂ ရက်ဆက် လေကြောင်းတိုက်ခိုက်

မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းမှာ စစ်အုပ်စုက လေယာဥ်နဲ့ ရိက္ခာဖြည့်ပြီး စစ်ကြောင်းထိုးဝင်ရောက်နေသလို စစ်ကိုင်းတိုင်း ကလေးမြို့နယ်တောင်ပိုင်းကိုလည်း လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်နေတယ်လို့ ဒေသတွင်းစစ်ရေးသတင်းရင်းမြစ်တွေက မောင်းကိုပြောပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလ ဒုတိယပတ်ကစလို့ မြိုင်မြို့နယ်အနောက်တောင်ပိုင်းကို စစ်ကြောင်းထိုးဝင်ရောက်နေတဲ စစ်အုပ်စုဟာ ဓားစာခံအရပ်သား၃ယောက်ကို ရက်ရက်စက်စက်သတ်ဖြတ်ခဲ့ပြီး လက်ရှိမှာ မြို့နဲ့ ၄မိုင်အကွာက စက်မှု (၂) ခေါ် မြိုင်အခြေစိုက် တကစ(၂) စက်ရုံထဲမှာ အင်အား ၂၀၀ နီးပါးနဲ့ တပ်စွဲနေတယ်လို့ သိရပါတယ်။
Read More

မတရား စုဆောင်းခြင်းခံထားရသူအများစုပါ၀င်တဲ့ စစ်မှုထမ်း အပတ်စဉ် (၉) ကို စစ်ကောင်စီက စတင်ဖွင့်လှစ်

အတင်းအကျပ်စစ်မှုထမ်းဖို့ စုဆောင်းခြင်းခံထားရသူအများဆုံး ပါ၀င်တဲ့ စစ်မှုထမ်း အပတ်စဉ် (၉) ကို စစ်ကောင်စီက စတင် သင်တန်းပေးနေပြီဖြစ်တယ်လို့ အာဏာသိမ်း စစ်တပ်ရဲ့ဝါဒဖြန့်မီဒီယာတွေမှာ ဖော်ပြလာပါတယ်။
Read More

ဆီမီးခုံမြို့ပေါ် ညကင်းလှည့်နေသည့် စစ်အုပ်စု အနီးကပ်ပစ်ခံရပြီး ဗိုလ်အပါ ၃ ဦး သေ

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ ဆီမီးခုံမြို့ပေါ်မှာ ညဘက်ကင်းလှည့်နေတဲ့ စစ်အုပ်စုတပ်ဖွဲ့ဝင်တွေကို သွားရောက်ပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီ ဗိုလ် ၁ယောက်နဲ့ အကြမ်းဖက် ပျူစောထီး ၂ယောက် သေဆုံးခဲ့တယ်လို့ Myingyan Black Tiger (MBT) ခေါင်းဆောင် ဗိုလ်မိုက်ခဲက မောင်းကို ပြောပါတယ်။