မြန်မာပြည်ကနေ တရားမဝင် ဝင်ရောက်လာတဲ့ အထောက်အထားမဲ့ ရွှေ့ပြောင်းသူ ၁၉၆ ယောက်ကို မလေးအာဏာပိုင်တွေက ဇန်နဝါရီလ ၃ ရက် မနက်အစောပိုင်းမှာ ဖမ်းဆီးထိန်းသိမ်းခဲ့တယ်လို့ မလေးရှားသတင်းက ဖော်ပြထားပါတယ်။

လန်ကာဝီမြို့၊ ပန်တိုင်တလေယုမှာ သောကြာနေ့ မနက် ၃း၂၅ က အထောက်အထားမဲ့မြန်မာတွေကို ဖမ်းဆီးခဲ့တာဖြစ်ပြီး သူတို့ကို တင်ဆောင်လာတဲ့ လှေဟာ ကမ်းလွန်ပင်လယ်ပြင်မှာ တိမ်းမှောက်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် အထောက်အထားမဲ့ မြန်မာတွေကို တင်ဆောင်လာဖွယ်ရှိတဲ့ နောက်ထပ် လှေ ၂စင်းကိုလည်း မလေးရှား ရေကြောင်းထိန်းသိမ်းရေး အေဂျင်စီ (MMEA) က ရှာဖွေလျက်ရှိပါတယ်။

ယခုကဲ့သို့ အလားတူပင် ယခင်ကလည်း အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်းသူများ၏ လှေသင်္ဘောများသည် မလေးရှားနှင့် အင်ဒိုနီးရှားနိုင်ငံများသို့ ရောက်လာလေ့ရှိကြသည်။ (ဓာတ်ပုံ AP)

“မြန်မာကနေ လန်ကာဝီကို ထွက်ခွာသွားတဲ့ အထောက်အထားမဲ့ ရွှေ့ပြောင်းနေထိုင်သူတွေကို ခြေရာခံနိုင်ဖို့ MMEA အနေနဲ့ အစောင့်အကြပ်စစ်ဆင်ရေးကို စတင်ပြီး လှည့်ကင်းတွေကို နှစ်ဆတိုးမြှင့်ကြောင်း” MMEA ရဲ့ ညွှန်ကြားရေးမှူးချုပ် Rosli Abdullah က ပြောပါတယ်။

လန်ကာဝီရဲ့ မြောက်ဘက်ကမ်းရိုးတန်းနဲ့ မလေးနယ်စပ်တဝိုက်မှာ လှေတွေနဲ့ သင်္ဘောတွေ စုစည်းနေတတ်ကြောင်း သူကဆိုပါတယ်။

“အထောက်အထားမဲ့ ရွှေ့ပြောင်းနေထိုင်သူတွေကို ခြေရာခံဖို့ လေယာဉ်တွေကိုလည်း တပ်ဖြန့်ထားတယ်” လို့ သူက ပြောပါတယ်။

ဒါ့အပြင် MMEA အနေနဲ့ အဲဒီ လှေနှစ်စင်းရဲ့ ရွေ့လျားမှုကို ခြေရာခံခြင်း ရှိ၊ မရှိ အတိအကျ သိရှိနိုင်ဖို့ ထိုင်းအာဏာပိုင်တွေနဲ့ အနီးကပ် ဆက်သွယ်လျက်ရှိကြောင်း Rosli က ပြောပါတယ်။

မူရင်းသတင်း – MMEA on lookout for 2 boats carrying undocumented Myanmar migrants

0 Shares:
You May Also Like
Read More

စက်တင်ဘာ ၃၀ရက်မှ နိုဝင်ဘာ ၁၆ရက်အတွင်း စစ်ရေးလှုပ်ရှားမှုများကို Earthquake People’s Defense Force ထုတ်ပြန် 

Earthquake People’s Defense Force က ပြီးခဲ့တဲ့ စက်တင်ဘာ ၃၀ ရက်ကနေ နိုဝင်ဘာ ၁၆ ရက်အတွင်း စစ်ရေးလှုပ်ရှားမှု တိုက်ပွဲအခြေအနေတွေကို သတင်းထုတ်ပြန်လာပါတယ်။ 
Read More

ရှေ့တန်းစစ်မြေပြင်မှာ ကျဆုံးခဲ့သည့် BLDF ရဲဘော် အောင်ဖြိုးဝေ၏ စျာပန

အကြမ်းဖက်စစ်ကောင်စီတပ်ကို တော်လှန်တိုက်ခိုက်ရင်း ရှေ့တန်းစစ်မြေပြင်မှာ ကျဆုံးခဲ့တဲ့ ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး - BLDF  ရဲဘော်အောင်ဖြိုးဝေ (ခ) ဗလကြီး (ခ)နတ်ဆိုးရဲ့ စျာပနအခမ်းအနားကို ဧပြီ ၆ ရက် မနေ့က ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

စစ်ရာဇဝတ်မှုများ ကျူးလွန်နေသည့် မြန်မာစစ်အုပ်စုနှင့် ဆက်လက်ထိတွေ့ဆက်ဆံရန် အာဆီယံ စီစဉ်လုပ်ဆောင်နေမှုအား Defend Myanmar Democracy ရှုတ်ချ၊ “အာဆီယံရဲ့ သိက္ခာက သူတို့ရဲ့ အပြောတမျိုးအလုပ်တမျိုး ကြောင်သူတော်လုပ်ရပ်တွေ အောက်မှာပဲ တစစီပြိုလဲပျက်စီးနေပါပြီ”

မလေးရှားနိုင်ငံက ဥက္ကဌအဖြစ် ဦးဆောင်ကျင်းပမယ့် ၄၆ ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးအတွက် အာဆီယံက ပြင်ဆင်နေရာ မြန်မာစစ်အုပ်စုနဲ့ ဆက်လက်ထိတွေ့ဆက်ဆံဖို့ စီစဉ်လုပ်ဆောင်နေတဲ့အပေါ် ရှုတ်ချကြောင်း Defend Myanmar Democracy (DMD) က ထုတ်ပြန်ပါတယ်။
Read More

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် (၁၀၀၄) တပ်ရင်း၏ အခြေခံစစ်ရေးသင်တန်းဆင်းပွဲနှင့် တပ်ရင်းပြန်လည်ဖွဲ့စည်းတည်ဆောက်ခြင်း အခမ်းအနား

ရှမ်းတောင်ကယား (ကရင်နီ) တိုင်းစစ်ဌာန ၊ ရှမ်းတောင်စစ်ဒေသ စစ်နည်းဗျူဟာအမှတ် (၁၄) ကွပ်ကဲမှုအောက်မှာရှိတဲ့ ပြည်သူ့ကာကွယ်ရေးတပ် အမှတ် (၁၀၀၄) တပ်ရင်း ရဲ့ တပ်ရင်း အခြေခံစစ်ရေးသင်တန်းဆင်းပွဲ နဲ့ တပ်ရင်းပြန်လည်ဖွဲ့စည်းတည်ဆောက်ခြင်း အခမ်းအနား ပြုလုပ်ခဲ့တယ်လို့ မနေ့က ထုတ်ပြန်ပါတယ်။
Read More

၂၀၂၇ ခုနှစ်တွင် KNDO ဌာနချုပ်ကို ဌာနချုပ်ဟောင်းနေရာဖြစ်သည့် ရန်ကုန် (အင်းစိန်) တွင် ပြန်လည်တည်ဆောက်မည်ဟု KNDO စစ်ဦးစီးချုပ် ပြော

ကရင်အမျိုးသားအစည်းအရုံး(KNU) ရဲ့ လက်နက်ကိုင်တပ်ဖွဲ့ ၁ ခုဖြစ်တဲ့ ကရင့်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) ရဲ့ ဌာနချုပ်ကို တည်နေရာဟောင်းဖြစ်တဲ့ ရန်ကုန်တိုင်း၊ အင်းစိန်မြို့မှာ ပြန်လည်တည်ဆောက်မယ်လို့ KNDO စစ်ဦးစီးချုပ် ဗိုလ်ချုပ် စောရှီးလေ က ပြောဆိုခဲ့တယ်လို့ KNDO ဌာနချုပ်သတင်းတွေအရ သိရပါတယ်။
Read More

ဒီပဲယင်းမှာ စစ်ကောင်စီက ကျခတ်ရွာဘုန်းကြီးကျောင်းကို လေကြောင်းကနေ တိုက်ခိုက်၊ ကိုရင််ငယ် ၃ ပါးနှင့် အရပ်သား​ ၂ ဦးသေဆုံးပြီး ဥပုသ်စောင့်ဖို့လာသည့် သက်ကြီးပိုင်းများလည်း ထိခိုက်ဒဏ်ရာရ…

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ကျခတ်ကျေးရွာရှိ ဘုန်းကြီးကျောင်းက ကိုရင်ငယ် ၃ ပါးနဲ့ အမျိုးသား ၂ ယောက် သေဆုံးခဲ့တယ်လို့ ဒီပဲယင်းမြို့နယ်ညီနောင်များအဖွဲ့က မောင်းသတင်းဌာနကို ပြောပါတယ်။