မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က အရပ်သားနေအိမ်တွေကို ပစ်မှတ်ထားပြီး ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၂ ယောက် သေဆုံးပြီး ၁၆ ယောက် ပြင်းထန်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဒီဇင်ဘာ ၂ ရက် မနေ့ ညပိုင်းမှာ စစ်ကောင်စီတပ်က တိုက်ပွဲမဖြစ်ပွားဘဲ အေးချမ်းစွာ လုပ်ကိုင်စားသောက်နေတဲ့ သပိတ်ကျင်းမြို့နယ် ၊ ချောင်းကြီးကျေးရွာအတွင်းက အရပ်သားနေအိမ်တွေ၊ ဈေးဆိုင်တွေ၊ ဘာသာရေးအဆောက်အအုံ၊ လူမှုကယ်ဆယ်ရေးရုံးနဲ့ ဈေးတို့ကို လေယာဉ်နဲ့ ဗုံးသီး(၂) လုံး ကြဲချတိုက်ခိုက်ခဲ့တာပါ။

စစ်ကောင်စီရဲ့ ဗုံးသီးကြဲချတိုက်ခိုက်မှုကြောင့် အရပ်သား (၂) ယောက်သေဆုံးပြီး (၁၆) ယောက် အပြင်းအထန် ထိခိုက် ဒဏ်ရာရကာ (၁၁) ယောက် မစိုးရိမ်ရတဲ့ ဒဏ်ရာရရှိခဲ့‌တယ်လို့ သိရပါတယ်။

ဒါ့အပြင် အရပ်သားနေအိမ်(၂၃)လုံး၊ မီးသတ်ရုံး၊ ဘာသာရေး အဆောက်အဦး (နတ်နန်း)၊ မေတ္တာစမ်းရေ လူမှုကယ်ဆယ်ရေးရုံးနဲ့ ကူညီကယ်ဆယ်ရေးကား(၅) စီး ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

သပိတ်ကျင်းမြို့နယ်ဟာ ၁၀၂၇ စစ်ဆင်ရေးဒုတိယပိုင်း ရှမ်းမန်းစစ်ဆင်ရေးအတွင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ပါဝင်တဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့တဲ့ မြို့နယ်တစ်ခု ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

မန္တလေး Sky Villa ကွန်ဒိုပြိုကျမှုအတွင်း သုခဒိုင်းမွန်း စိန်တိုက်ပိုင်ရှင် မိသားစုလိုက်သေဆုံး၊ ပျဉ်းမနားတွင်လည်း ဝင်းရွှေစင်ရွှေဆိုင် ပြိုကျမှု ၉ ဦး သေဆုံး

မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ လမ်း ၆၀၊ ၂၂လမ်းနဲ့ ၂၃ လမ်းကြားရှိ  ၁၁ ထပ်အမြင့်ရှိသည့် Sky Villa ကွန်ဒိုပြိုကျမှုအတွင်း သေဆုံးသူတွေထဲမှာ သုခဒိုင်းမွန်းစိန်တိုက်ပိုင်ရှင် ဒေါ်မိုးသီတာရွှေနဲ့ မိသားစုဝင်တွေ ပါဝင်တယ်လို့ သုခဒိုင်းမွန်းစိန်တိုက်က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ဆက်ကြေးကောက်ရန် ထွက်လာသည့် တောပုရွာ ပျူစောထီးများ မိုင်းဆွဲခံရ၊ ၁ ဦး သေပြီး ၆ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ တောပုရွာက ပျူစောထီးတွေ ဆက်ကြေးကောက်ဖို့ ထွက်လာချိန် တော်လှန်ရေးတပ်ဖွဲ့တွေ မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် ထိခိုက်သေဆုံးမှု ရှိခဲ့ကြောင်း Chindwin Fighter Group – CFG တပ်ဖွဲ့ထံက သိရပါတယ်။
Read More

ရန်ကုန်-မန္တလေးအမြန်လမ်းမှာ ခရီးသည်တင်ယာဥ် တိမ်းမှောက်လို့ ၂ ယောက်သေဆုံးပြီး ၁၂ ယောက် ဒဏ်ရာရ

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် (၁၅၄/၀) မှာ ခရီးသည်တင်ယာဉ်တစ်စီး တိမ်းမှောက်ပြီး ယာဥ်ပေါ်ပါ ခရီးသည် ၂ ယောက် သေဆုံးကာ ၁၂ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ စစ်ကောင်စီရဲ့ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

အမျိုးသမီး လစဉ်သုံးပစ္စည်းထဲ စစ်ကောင်စီကို ILO အရေးယူရေး သတင်းစကားထည့်ကာ အလုပ်သမားထုကို ဖြန့်ဝေ

ရန်ကုန်မြို့ စက်မှုဇုန်တွေမှာ အကြမ်းဖက်စစ်ကောင်စီကို “ILO မှ ပုဒ်မ ၃၃" နဲ့ ဘာကြောင့် အရေးယူဖို့ လိုအပ်သလဲဆိုတဲ့ အချက်တွေ ပါဝင်တဲ့သတင်းစကားတွေကို အမျိုးသမီး လစဥ်သုံးပစ္စည်းတွေမှာ ထည့်သွင်းပြီး အလုပ်သမားထုဆီ ဖြန့်ဝေတဲ့ လှုပ်ရှားမှု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

၂၀၂၄ အတွင်း စစ်ကောင်စီတပ်က ဒုဗိုလ်မှူးကြီး အဆင့်ကနေ ဒုရဲမှူးအဆင့်အထိ အပါအဝင် ၄၇၅ ယောက် အလင်းဝင်ခဲ့တယ်လို့ NUG ပြော

အကြမ်းဖက်စစ်တပ်က ဒုတိယဗိုလ်မှူးကြီး အဆင့်ကနေ ဒုရဲမှူးအဆင့်အထိအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၇၅ ယောက်ဟာ ၂၀၂၄ ခုနှစ်အတွင်း အလင်းဝင်လာခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြည်သူလူထုနှင့်နိုင်ငံတကာသို့ သတင်းစကားပြောကြားခြင်း (Press Briefing) အစီအစဉ်  ၄/၂၀၂၄ မှာ ပြောဆိုခဲ့ပါတယ်။
Read More

သံဖြူဇရပ်မှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တိုက်ခိုက်ရာ ၁ ယောက် သေပြီး ၂ ယောက် ဒဏ်ရာရ…

မွန်ပြည်နယ် ၊ သံဖြူဇရပ်မြို့နယ်က ကုန်းမြင့်သာယာ ရွာအနီး နယ်မြေရှင်းလင်းရေးလုပ်ဆောင်နေတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို တိုက်ခိုက်ရာ ၁ ယောက် သေပြီး ၂ ယောက် ဒဏ်ရာရခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် ၊ တောင်ပိုင်းစစ်ဒေသ ၊ တောင်ညိုစစ်ကြောင်းက ထုတ်ပြန်ထားပါတယ်။