ချင်းပြည်နယ်၊ ဖလမ်းမြို့သိမ်းတိုက်ပွဲကနေ စစ်ရှုံးပြီး ထွက်ပြေးလာတဲ့ အကြမ်းဖက် စစ်ကောင်စီ တပ်သား ၃ ယောက်နဲ့ စစ်မှုထမ်း တပ်သားသစ် ၁ ယောက်ကို အရှင်ဖမ်းဆီးနိုင်ခဲ့တယ်လို့ ကလေးမြို့နယ် ပြည်သူ့ကာကွယ်ရေး အဖွဲ့က ထုတ်ပြန်ထားပါတယ်။

ဖလမ်းမြို့သိမ်းတိုက်ပွဲတွေမှာ စစ်ရှုံးပြီး ထွက်ပြေးလာ အကြမ်းဖက် စစ်ကောင်စီတပ်က တပ်ကြပ် ၁ ယောက်၊ ဒုတပ်ကြပ် ၁ ယောက်၊ တပ်သား ၁ ယောက်နဲ့ စစ်မှုထမ်းဥပဒေနဲ့ စုဆောင်းခံရတဲ့ တပ်သားသစ် ၁ ယောက်ကို တော်လှန်ရေး တပ်ဖွဲ့တွေက အရှင်ဖမ်းဆီးနိုင်ခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီဖမ်းဆီးမှုကို ကလေးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ ကလေးခရိုင် တပ်ရင်း ၁၆ တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်သလို လက်ရှိမှာ ဒဏ်ရာရရှိထားသူတွေကိုလည်း ကောင်းမွန်စွာ ဆေးကုသမှုတွေ လုပ်ဆောင်ပေးနေပြီး ကျန်နေတဲ့ စစ်ကောင်စီတပ်သားတွေလည်း တော်လှန်ရေး တပ်ဖွဲ့တွေဆီ အမြန်ဆုံး လက်နက်ချ အလင်းဝင်ဖို့ ကလေးမြို့နယ် ပြည်သူ့ကာကွယ်ရေး အဖွဲ့က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ကြံ့ခိုင်ရေး မဲဆွယ်ဆိုင်းဘုတ် ဆုတ်ဖြဲသူအပါ ၇ ဦးကို စစ်ကော်မရှင် ထပ်မံဖမ်းဆီး၊ ရွေးကောက်ပွဲအတု နှောင့်ယှက်မှုဖြင့် ဖမ်းဆီးခံထားရသူ ၉၅ ဦး ရှိပြီ

အာဏာသိမ်းစစ်ကော်မရှင်က သူတို့ရဲ့ အတုအယောင် ရွေးကောက်ပွဲကို နှောင့်ယှက်ဖျက်ဆီးတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ပြည်သူ ၇ ယောက်ကို ထပ်မံ ဖမ်းဆီးတရားစွဲဆိုထားကြောင်း မနေ့ညက ထုတ်ပြန်လိုက်ပြီး အခုဆိုရင် ရွေးကောက်ပွဲအတုကို ဆန့်ကျင်မှုနဲ့ ဖမ်းဆီးခံထားရသူ ၉၅ ယောက် ရှိသွားပြီ ဖြစ်ပါတယ်။
Read More

ဟင်္သာတမြို့ အခြေစိုက် ခလရ ၁၈ အနီး ပစ်ထားတာ ကြာပြီဖြစ်တဲ့ လေယာဉ််ကွင်းကို စစ်ကောင်စီ အလျင်စလို ပြုပြင်နေ

ဧရာဝတီတိုင်း၊ ဟင်္သာတမြို့အခြေစိုက် စစ်ကောင်စီရဲ့ အမှတ် ၁၈ ခြေလျင်တပ်ရင်း (ခလရ ၁၈) အနီးက လေယာဉ်ကွင်းကို စစ်တပ်က အလျင်စလို ပြုပြင်နေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
Read More

မန္တလေးမြို့တွင် ရပ်ကွက်တိုင်းနီးပါး စစ်မှုထမ်းမဲပြန်နှိုက်ရန် စစ်ကောင်စီ အတင်းအကြပ် လုပ်ဆောင်နေ

မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်ရှိ ရပ်ကွက်တိုင်းလိုလိုမှာ အကြမ်းဖက်စစ်တပ်က ရပ်ကွက်နေပြည်သူတွေကို စစ်မှုထမ်းမဲနှိုက်တာတွေ ပြန်လည်လုပ်ဆောင်ခိုင်းနေပြီး မဲစာရင်းထဲမှာ သေဆုံးသူတွေနဲ့ စစ်သား၊ ရဲတွေပါ ပြန်နှိုက်​​နေရတယ်လို့ Voice Of Mandalay ဆီက သိရပါတယ်။
Read More

ကျိုက်ထိုမှာ စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေး(၁) ယောက်အပါ ဒေသခံ ၃ ယောက် ဒဏ်ရာရ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေး(၁) ယောက်နဲ့ ဒေသခံ အမျိုးသမီး ၂ ယောက် ဒဏ်ရာရသွားတယ်လို့ ကရင်အမျိုးသားအစည်အရုံး - KNU (ဗဟို) က ဒီနေ့ ထုတ်ပြန်ထားပါတယ်။
Read More

ကျောက်မဲမြို့နယ်၊ ပင်ပေါကျေးရွာတွင် အကြမ်းဖက်စစ်တပ်မှ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်၊ နေအိမ် (၂) လုံး ထိမှန်ပျက်စီး

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်၊ ပင်ပေါကျေးရွာမှာ အကြမ်းဖက်စစ်တပ်က တိုက်ပွဲမဖြစ်ပွားဘဲ လေကြောင်းကနေ ဗုံးကြဲချတိုက်ခိုက်မှုကြောင့် နေအိမ် (၂) လုံး ထိမှန်ပျက်စီးသွားခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

“လဲ့ဇင်ဘုန်းကြီးကျောင်းက ကားကိုယူပြီး သူတို့က ဆင်ပေါင်ဝဲမြို့​ပေါ်မှာ လချုပ်ချုပ်ဖို့သွားကြတာပါ။ အဲ့ဒါစခန်းကိုအပြန်မှာ ကျနော်တို့က ကြားထဲကဖြတ်တိုက်တာပေါ့။ စခန်းမှူးကတော့ ပစ္စတိုကအစ သိမ်းမိ​ပေမယ့် လူကတော့လွတ်မြောက်သွားပါတယ်”

မကွေးတိုင်း၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်မှာ ဘုန်းကြီးကားကို အသုံးပြု စီးနင်းပြီး ပြန်လာတဲ့ ရဲတွေ ကြားဖြတ်တိုက်ခိုက်ခံရကာ ၃ ယောက် သေဆုံး၊ ၂ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။